Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, November 1, 2017

Tiens MLM Company က ဦးဇင္းေတြကို စီးပြားေရး ဝင္လုပ္ခြင့္ေပးထားတာ 😪😪😪



Unicode
Tiens MLM Company က ဦးဇင်းတွေကို
စီးပွားရေး ဝင်လုပ်ခွင့်ပေးထားတာ 😪😪😪

👉👉👉
မဖြေရှင်းခင်မှာ စပြောချင်တာက တပည့်တော်က ဦးဇင်း ကို ထက်
ဦးဇင်းကို ဆွယ်တဲ့ Upline ကို ၊
ဦးဇင်းကို လက်ခံ တဲ့ Tiens Company ကို နဲ့
ဦးဇင်းကို ဒီလိုမျိုး လောဘ ဒေါသ အရောင်ဆိုးပေးနေတဲ့ MLM စနစ် ကိုပဲ
အပြစ်တင် မိပါတယ် ဘုရား ။

ဦးဇင်း ပြောသလို တပည့်တော်က လူသိမခံရဲစရာ မရှိပါဘူး ဘုရား ။
တပည့်တော် ပုံ အစစ်တင်ပေးထားပါတယ် ။
Profile picture ကတော့ Anti-MLM Campaign အတွက် ဒါပဲ သုံးနေပါတယ် ဘုရား ။

လေလည်း မကျယ်ပါဘူး ။ ပုံမှန် ပဲ အချက်အလက်နဲ့ ပြောပါတယ်ဘုရား ။

Tiens ကို ၂၀၁၂ ဝန်းကျင်တုန်းက မြန်မာနိုင်ငံမှာ အဖမ်း ခံရတာကို
ဦးဇင်း ဟုတ်မဟုတ် သေချာသိချင်ရင်
Tiens က ခေါင်းဆောင်ဟောင်းတွေ ( 7Star အဆင့်ကနေ ခြသေ့င်္အဆင့် အထိ ) ကို တိုက်ရိုက်မေးခွင့်ပေးပါမယ် ။
ဟုတ်နေရင် ဦးဇင်း လုပ်နေတာတွေ ရပ်ပေးရပါမယ် ဘုရား ။

ပါကစ္စတန် မှာ Tiens ကို အဖမ်းခံရတာရယ် ။
US / Canada မှာ Tiens ရုံးတွေ ပိတ်လိုက်ရတာရယ် တွေကလည်း  အချက်အလက်တွေပါ ဘုရား ။
( တပည့်တော် ပြောတာ မှားနေရင် Company ကို တရားစွဲခိုင်းလိုက်လို့လည်း ရပါတယ် ဘုရား  )

ဒီ အဖွဲ့မှာ တပည့်တော် တပည့်တစ်ယောက်မှ မရှိပါဘူး ဘုရား ။
တပည့်တော် နဲ့ တန်းတူ ၊ တပည့်တော်ထက် ပိုတော်သူတွေ
များပါတယ် ဘုရား ။
ရည်ရွယ်ချက် စေတနာတူလို့ လာစုမိတဲ့လူတွေ ပဲ ရှိတာပါ ။

အရှင်ဘုရား တို့ MLM လောကမှာ  ဖြစ်နေသလို လောဘ အမှောင်ဖုံးပြီး
အပေါ်ကလူ ပြောသမျှ အောက်ကလူက ယုံနေတာမျိုး
ဒီအဖွဲ့မှာ မရှိပါဘူး ဘုရား ။

အရှင်ဘုရားကို Uplines တွေ သင်ပေးနေတဲ့
UN တို့ NASA တို့က Tiens ထုတ်ကုန်တွေကို သုံးနေတယ် ဆိုတာ တွေကို
လက်တွေ့ သက်သေ မပြနိုင်ပါဘူး ဘုရား ။
ရောင်းကောင်းအောင် လျှောက်ပြောနေကြတာပါ ။

လွန်ခဲ့တဲ့ ၄/၅ နှစ် တပည့်တော်
Tiens မှာ ရှိခဲ့စဉ် ကတည်းက လည်း အဲ့လို ဖြီးတာပါပဲ ဘုရား ။
တပည့်တော်တို့လည်း ယုံခဲ့မိတာပါပဲ ဘုရား ။
ဒါပေမယ့် အခုလို အင်တာနက်မှာ သတင်းအချက်အလက်တွေကို
လွယ်လွယ်ကူကူ ရှာဖွေ စစ်ဆေးလို့ရတဲ့ ခေတ်မှာတော့ တပည့်တော်တို့က
သူတို့ပြောလာတာတွေကို အင်တာနက်မှာ တိုက်စစ်လိုက်ရင် ဖြီးထားတာတွေ ပေါ်လာတာပါပဲ ဘုရား ။

ဆင်ခြင်တော် မူပါဦး ဘုရား ။
ဘုရား သားတော် တစ်ပါးက ငွေရှာတဲ့ အလုပ် ၊ လူခေါ် စည်းရုံးရတဲ့အလုပ် ၊
ပစ္စည်း ရောင်းချရတဲ့ အလုပ် လုပ်နေတာ မသင့်တော်လှပါဘူး ဘုရား ။
တရား ဓမ္မ အကြောင်း မစဉ်းစား ၊ မဆွေးနွေး ၊ မအားထုတ်ပဲ
Tiens ( MLM Company ) မှာ ရာထူးတက်ဖို့ ၊ အမှတ်တက်ဖို့ ၊
အောက်လူ များများမွေးဖို့စဉ်းစားအားထုတ် နေရတာ
မသင့်တော်လှပါဘူး ဘုရား ။
ဆင်ခြင်တော် မူပါဦး ။

ဘုရား သားတော် တစ်ပါးက
တပည့်တော်တို့လို သာမန် လူတွေရှိတဲ့ Group မှာ
ရန်လာဖြစ်နေတာလည်း မသင့်တော်လှပါဘူး ဘုရား ။
ဆင်ခြင်တော် မူပါဦး ။

MLM လုပ်တယ်လို့ မခံယူဘူးလို့ ပြောပြီးတော့
PV အတွက် ၊ ရွှေဖြုကဒ် အတွက် စိတ်ပူနေရတယ် ဆိုပြီး
ဦးဇင်း စကားတွေ ရှေ့နောက် မညီတာလည်း မသင့်တော်လှပါဘူးဘုရား ။

နောက်ဆုံး ပြောချင်တာက
တပည့်တော်အနေနဲ့  ဦးဇင်း ကို ထက်
ဦးဇင်းကို MLM ဝင်လုပ်ဖြစ်အောင် ဆွယ်တဲ့ Upline ကို ၊
ဦးဇင်းကို လက်ခံ တဲ့ Tiens Company ကို နဲ့
ဦးဇင်းကို ဒီလိုမျိုး လောဘ ဒေါသ အရောင်ဆိုးပေးနေတဲ့ MLM စနစ် ကိုပဲ
အပြစ်တင် မိပါတယ် ဘုရား ။

ဆင်ခြင်တော် မူပါဦး ဘုရား ။
ဆင်ခြင်တော် မူပါဦး  ။

ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ

Zawgyi
Tiens MLM Company က ဦးဇင္းေတြကို
စီးပြားေရး ဝင္လုပ္ခြင့္ေပးထားတာ 😪😪😪

👉👉👉
မေျဖရွင္းခင္မွာ စေျပာခ်င္တာက တပည့္ေတာ္က ဦးဇင္း ကို ထက္
ဦးဇင္းကို ဆြယ္တဲ့ Upline ကို ၊
ဦးဇင္းကို လက္ခံ တဲ့ Tiens Company ကို နဲ႕
ဦးဇင္းကို ဒီလိုမ်ိဳး ေလာဘ ေဒါသ အေရာင္ဆိုးေပးေနတဲ့ MLM စနစ္ ကိုပဲ
အျပစ္တင္ မိပါတယ္ ဘုရား ။

ဦးဇင္း ေျပာသလို တပည့္ေတာ္က လူသိမခံရဲစရာ မရွိပါဘူး ဘုရား ။
တပည့္ေတာ္ ပုံ အစစ္တင္ေပးထားပါတယ္ ။
Profile picture ကေတာ့ Anti-MLM Campaign အတြက္ ဒါပဲ သုံးေနပါတယ္ ဘုရား ။

ေလလည္း မက်ယ္ပါဘူး ။ ပုံမွန္ ပဲ အခ်က္အလက္နဲ႕ ေျပာပါတယ္ဘုရား ။

Tiens ကို ၂၀၁၂ ဝန္းက်င္တုန္းက ျမန္မာႏိုင္ငံမွာ အဖမ္း ခံရတာကို
ဦးဇင္း ဟုတ္မဟုတ္ ေသခ်ာသိခ်င္ရင္
Tiens က ေခါင္းေဆာင္ေဟာင္းေတြ ( 7Star အဆင့္ကေန ျခေသ့ၤအဆင့္ အထိ ) ကို တိုက္႐ိုက္ေမးခြင့္ေပးပါမယ္ ။
ဟုတ္ေနရင္ ဦးဇင္း လုပ္ေနတာေတြ ရပ္ေပးရပါမယ္ ဘုရား ။

ပါကစၥတန္ မွာ Tiens ကို အဖမ္းခံရတာရယ္ ။
US / Canada မွာ Tiens ရုံးေတြ ပိတ္လိုက္ရတာရယ္ ေတြကလည္း အခ်က္အလက္ေတြပါ ဘုရား ။
( တပည့္ေတာ္ ေျပာတာ မွားေနရင္ Company ကို တရားစြဲခိုင္းလိုက္လို႕လည္း ရပါတယ္ ဘုရား )

ဒီ အဖြဲ႕မွာ တပည့္ေတာ္ တပည့္တစ္ေယာက္မွ မရွိပါဘူး ဘုရား ။
တပည့္ေတာ္ နဲ႕ တန္းတူ ၊ တပည့္ေတာ္ထက္ ပိုေတာ္သူေတြ
မ်ားပါတယ္ ဘုရား ။
ရည္ရြယ္ခ်က္ ေစတနာတူလို႕ လာစုမိတဲ့လူေတြ ပဲ ရွိတာပါ ။

အရွင္ဘုရား တို႕ MLM ေလာကမွာ ျဖစ္ေနသလို ေလာဘ အေမွာင္ဖုံးျပီး
အေပၚကလူ ေျပာသမွ် ေအာက္ကလူက ယုံေနတာမ်ိဳး
ဒီအဖြဲ႕မွာ မရွိပါဘူး ဘုရား ။

အရွင္ဘုရားကို Uplines ေတြ သင္ေပးေနတဲ့
UN တို႕ NASA တို႕က Tiens ထုတ္ကုန္ေတြကို သုံးေနတယ္ ဆိုတာ ေတြကို
လက္ေတြ႕ သက္ေသ မျပႏိုင္ပါဘူး ဘုရား ။
ေရာင္းေကာင္းေအာင္ ေလွ်ာက္ေျပာေနၾကတာပါ ။

လြန္ခဲ့တဲ့ ၄/၅ ႏွစ္ တပည့္ေတာ္
Tiens မွာ ရွိခဲ့စဥ္ ကတည္းက လည္း အဲ့လို ျဖီးတာပါပဲ ဘုရား ။
တပည့္ေတာ္တို႕လည္း ယုံခဲ့မိတာပါပဲ ဘုရား ။
ဒါေပမယ့္ အခုလို အင္တာနက္မွာ သတင္းအခ်က္အလက္ေတြကို
လြယ္လြယ္ကူကူ ရွာေဖြ စစ္ေဆးလို႕ရတဲ့ ေခတ္မွာေတာ့ တပည့္ေတာ္တို႕က
သူတို႕ေျပာလာတာေတြကို အင္တာနက္မွာ တိုက္စစ္လိုက္ရင္ ျဖီးထားတာေတြ ေပၚလာတာပါပဲ ဘုရား ။

ဆင္ျခင္ေတာ္ မူပါဦး ဘုရား ။
ဘုရား သားေတာ္ တစ္ပါးက ေငြရွာတဲ့ အလုပ္ ၊ လူေခၚ စည္းရုံးရတဲ့အလုပ္ ၊
ပစၥည္း ေရာင္းခ်ရတဲ့ အလုပ္ လုပ္ေနတာ မသင့္ေတာ္လွပါဘူး ဘုရား ။
တရား ဓမၼ အေၾကာင္း မစဥ္းစား ၊ မေဆြးေႏြး ၊ မအားထုတ္ပဲ
Tiens ( MLM Company ) မွာ ရာထူးတက္ဖို႕ ၊ အမွတ္တက္ဖို႕ ၊
ေအာက္လူ မ်ားမ်ားေမြးဖို႕စဥ္းစားအားထုတ္ ေနရတာ
မသင့္ေတာ္လွပါဘူး ဘုရား ။
ဆင္ျခင္ေတာ္ မူပါဦး ။

ဘုရား သားေတာ္ တစ္ပါးက
တပည့္ေတာ္တို႕လို သာမန္ လူေတြရွိတဲ့ Group မွာ
ရန္လာျဖစ္ေနတာလည္း မသင့္ေတာ္လွပါဘူး ဘုရား ။
ဆင္ျခင္ေတာ္ မူပါဦး ။

MLM လုပ္တယ္လို႕ မခံယူဘူးလို႕ ေျပာျပီးေတာ့
PV အတြက္ ၊ ေရႊျဖဳကဒ္ အတြက္ စိတ္ပူေနရတယ္ ဆိုျပီး
ဦးဇင္း စကားေတြ ေရွ႕ေနာက္ မညီတာလည္း မသင့္ေတာ္လွပါဘူးဘုရား ။

ေနာက္ဆုံး ေျပာခ်င္တာက
တပည့္ေတာ္အေနနဲ႕ ဦးဇင္း ကို ထက္
ဦးဇင္းကို MLM ဝင္လုပ္ျဖစ္ေအာင္ ဆြယ္တဲ့ Upline ကို ၊
ဦးဇင္းကို လက္ခံ တဲ့ Tiens Company ကို နဲ႕
ဦးဇင္းကို ဒီလိုမ်ိဳး ေလာဘ ေဒါသ အေရာင္ဆိုးေပးေနတဲ့ MLM စနစ္ ကိုပဲ
အျပစ္တင္ မိပါတယ္ ဘုရား ။

ဆင္ျခင္ေတာ္ မူပါဦး ဘုရား ။
ဆင္ျခင္ေတာ္ မူပါဦး ။

ကိုဇင္ေဇ
Admin @ MLM Companies မ်ားေၾကာင့္ နစ္နာခဲ့သူမ်ား ႏွင့္ MLM စနစ္ကို ဆန္႕က်င္သူမ်ား
https://m.facebook.com/groups/521691951357295?view=permalink&id=741217149404773