Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae
Friday, December 1, 2017
ရေစက်ချပွဲ
 unicode
ရစေကျခပြှဲ
ငါတို့နိုင်ငံ ဂျင်းနိုင်ငံကြီး
ငိုသံရီသံတဟီးဟီးနဲ့
တုံးလွန်လို့ ပျဉ်းကတုံးထင်
မက်လုံးတွေပျော်ပိုက်ရှာကြ
ခေါ်လိုက်တဲ့ရှယ်ယာ 30%
ပေးတော့သောက်တလွဲတွေဖြစ်
ငိုသူငို ရူးသူရူး
သူခိုးကြီးတွေ လက်ခမောင်းခတ်ပါလို့
ခွေးလိုဟောင်မြူ း
Mlm နဲ့ Pyramid လောင်းကစားရယ်ဖုံဖုံ
ရှယ်ယာလိမ် လူဘတ်ပြေးတွေနဲ့
ရှုပ်ထွေးကာပွေလီ
သပွတ်အူထက်ဆိုး
ညဏ် နီ ညဏ်နက်တွေ နဲ့ လိမ်ပွဲဆင်နွဲ
အိုမြန်ပြည်သား
ငတုံးတွေရယ် မျက်ရည်နဲ့ ရေစက်ချစမ်း
အားပါးတရ ဆင်နွဲကြမယ်
ရေစက်ချပွဲ
Anti Mlm
Aye Chan Aung
zawgyi
ရေစက်ချပွဲ
ငိုသံရီသံတဟီးဟီးနဲ့
ငိုသူငို ရူးသူရူး
ခွေးလိုဟောင်မြူး
ရှုပ်ထွေးကာပွေလီ
သပွတ်အူထက်ဆိုး
အိုမြန်ပြည်သား
အားပါးတရ ဆင်နွဲကြမယ်
ရေစက်ချပွဲ
 Unicode
ယခုနှစ်အတွက်
သတင်းစာတွင် အကြေငြာခံရဆုံး ဆု ကို
ရရှိသွားသူက
Jude Jude ( ခေါ် ) ဒေါ်သက်သက်မြိုင်
ဖြစ်ပါတယ် ။
🤔🤔🤔
အစုစပ် လုပ်ငန်းအနေနဲ့
တစ်လ ၂၀-၃၀% အတိုးပေးမယ်လို့
မက်လုံးပေး စည်းရုံးပြီး
သိန်းသောင်းချီ လက်ခံထားပြီး မှ
အတိုး မမှန်
အရင်း ပြန်ထုတ်ဖို့ ခက်နေလို့
ငွေရှင်တွေ တစ်ယောက်ပြီး တစ်ယောက်
သတင်းစာကနေ ကြေငြာပြီး တောင်းနေရတဲ့
အနေအထားပါ 🤔
#JudeJudeCase
Zawgyi
ယခုနှစ်အတွက်
ရရှိသွားသူက
ဖြစ်ပါတယ် ။
🤔🤔🤔
အတိုး မမှန်
အနေအထားပါ 🤔
#JudeJudeCase
#PonziScheme
 UNICODE
420 နဲ့စွဲပြီး အာမခံရသွားလို့ ဇဝေဇဝါဖြစ်နေသူများကိုပြောချင်ပါတယ်...
အသိရှေ့နေကြီးတစ်ယောက်ကိုမေးထားတာလေးပါ...
420 သည် ပုံမှန်အားဖြင့် အာမခံ လုံးဝ မရပါ...
သို့ပေမယ့် ဥပဒေ မှာက ချွင်းချက်တွေရှိပါတယ်...
အမျိုးသမီး၊ ကလေး စသည်ဖြင့် အာမခံပေးလိုက်လို့ရတာတွေရှိပါတယ်...
အကျယ်ကို SS ပုံထဲမှာ သူနဲ့ပြောထားပါတယ်...
အဓိကက တရားသူကြီးက အာမခံကိစ္စ ဆုံးဖြတ်တာပါတဲ့..
ဒီတော့ 420 နဲ့ ထပ်ခါထပ်ခါစွဲ ရင် သူလဲ နောက်တိုးအမှုတွေ အတွက် အာမခံ ရဖို့မသေချာတော့ပါဘူး...
ရသလောက်ကို 420 နဲ့ ထပ်ခါထပ်ခါစွဲကြပါ...
ဒီအချိန်တွေဝေ နေရင် နောင်အချိန်ရမှာက နောင်တ တွေပါပဲလို့...
ဖြည့်စွက်ချက်...
420 က အာမခံ ပေးကိုပေးရတယ့် ပုဒ်မလို့ မန့်တွေမှာပြောနေလို့ပါ...
ကျနော်လဲ ဥပဒေ ပိုင်းသိပ်နားမလည်ပါ...
ဒီတော့ အာမခံ မရတဲ့ ပုဒ်မနဲ့ စွဲကြပါ...
အဓိကက တရားစွဲဖို့သာလုပ်ကြပါလို့...
Image may contain: text
Like
Comment
Share
ZAWGYI
ဖြည့်စွက်ချက်...
Comment
Jude Jude လုပ်ငန်းစု ကြောင့် နစ်နာသူများ အတွက်
Jude Jude လုပ်ငန်းစု ကြောင့် နစ်နာသူများ အတွက်
လူတွေ အလိမ်ထပ်မမိအောင် လို့ အများသိအောင် ၊
မီဒီယာများသိအောင် ၊ သက်ဆိုင်ရာက လူကြီးတွေထိသိအောင်
ဝိုင်းရှယ်ပေးကြပါ ...
( အွန်လိုင်း သတင်း မီဒီယာများ ၊ Facebook Pages များ ၊
Followers များသော Celebrities များ လည်း
ဝိုင်းဝန်းကူညီဖြန့်ဝေပေးကြဖို့ အထူး မေတ္တာရပ်ခံပါရစေဗျာ )
>>>
( အစုစပ် လုပ်ငန်း မှာ ငွေထည့်ဝင်ရင်
တစ်လကို ၂၀-၃၀% အတိုးပေးမယ် ဆိုတဲ့
မက်လုံးပေး လူခေါ်ခဲ့တဲ့ Jude Jude လုပ်ငန်းစု ဟာ
လူ ပေါင်း ၁,၅၀၀ ခန့်ဆီက
သိန်းပေါင်း သောင်းချီ လက်ခံ ထားခဲ့ပါတယ် ။
တကယ်တမ်းမှာတော့ Jude Jude လုပ်ငန်းစုဟာ
ဒီလောက် ခံစားခွင့်ပေးနေရအောင်
အောင်မြင် ဖြစ်ထွန်းနေတဲ့ လုပ်ငန်းတွေ မဟုတ်ပဲ
ငွေ ထည့်ဝင်ထားသူတွေရဲ့ ထည့်ဝင်ငွေတွေကိုသာ
အတိုး အဖြစ် လှည့်ပတ်ပေးနေတယ်လို့
ယူဆရတဲ့ လုပ်ငန်း တစ်ခုဖြစ်နေပါတယ် ။
လစဉ် အမြတ် ၂၀-၃၀% ခွဲဝေပေးတာအပြင်
Project လို့ အမည်တပ်ပြီး
၂ ပတ်အတွင်း အတိုး များများရမယ်ဆိုပြီး
ငွေ ထပ်မံ ထည့်ဝင်ခိုင်းတာတွေလည်း လုပ်ခဲ့ပါတယ် ။
( ဒီမှာ သက်သေခံ Screenshots တွေ ရှိပါတယ်
>>> https://www.facebook.com/groups/judejudecase/permalink/132267717460914/ <<< )
အခုအခါ မှာတော့ အတိုးလည်း မှန်မှန်မပေးနိုင်
အရင်းလည်း ပြန်ထုတ်မပေးတာ
အချိန် အတော်ကြာပြီ ဖြစ်နေလို့
ငွေရှင်များက သတင်းစာကနေ ရှေ့နေနဲ့
ကြေငြာ သတိပေးစာများ ထုတ်နေခဲ့ရပါတယ် ။
( ဒီမှာ သတင်းစာ ကြော်ငြာတွေပါ
>>> https://www.facebook.com/groups/judejudecase/permalink/132428924111460/ <<< )
======
30.11.2017 နေ့လည်ကနေ ည အထိ မှာတော့
ငွေထည့်ဝင်ထားသူ တစ်ချို့ဟာ
သူ ရုံးခန်းငှားခဲ့တဲ့ Sedona ကို
သွားရောက်ပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြပေမယ့်
ကာယကံရှင် Jude Jude ( ဒေါ်သက်သက်မြိုင် ) ကို
တွေ့ခွင့်မရပဲ သူ့ ကိုယ်စားလှယ်လို့
အရင်က ပြောခဲ့တဲ့ ရွေမိုးစက် ဆိုသူကိုသာ
တွေ့ရပါတယ် ။
( ဒီ ဗီဒီယိုတွေက Sedona မှာ ဖြေရှင်းဖို့ ကြိုးစားနေပုံပါ >>> https://www.facebook.com/myatnoewai93/posts/1771161046517748 <<< )
Sedona မှာ ဖြစ်တဲ့ ဖြစ်စဉ်အကျဉ်းကို ဒီမှာ ဖတ်နိုင်ပါတယ်
>>>
https://www.facebook.com/groups/judejudecase/permalink/132771137410572/ . <<<
ကာယကံရှင် Jude Jude ( ဒေါ် သက်သက်မြိုင် ) ကိုတော့ ခုချိန်ထိ
သေချာ ဆက်သွယ်လို့ မရ ဖြစ်နေဆဲပဲ လို့ သိရပါတယ် ..
ဒီ Live Video အရတော့
ရန်ကင်း ရဲစခန်းမှာ ၄၂၀ နဲ့ အမှုဖွင့်ဖို့ ကြိုးစားနေပေမယ့်
ဖွင့်လို့ မရသေးဘူးလို့ သိရပါတယ်
>>> https://www.facebook.com/groups/judejudecase/permalink/132812187406467/ <<<
#JudeJudeCase
30.11.2017 ( 11:39 PM )
ဒီ ( https://www.facebook.com/groups/judejudecase/ ) မှာ
လုပ်ငန်းနဲ့ ပတ်သက်တွေ သတင်းတွေ ၊ ဆွေးနွေး အကြံပေးချက်တွေ ၊
နစ်နာသူတွေရဲ့ ရင်ဖွင့်သံတွေ အများကြီး ရှိနေပါတယ် ။
လာရောက် လေ့လာ ပြီး အကြံပေး အားပေး ပေးကြပါ ။
>>>
ဒီ Post ကို
လူတွေ အလိမ်ထပ်မမိအောင် လို့ အများသိအောင် ၊
မီဒီယာများသိအောင် ၊ သက်ဆိုင်ရာက လူကြီးတွေထိသိအောင်
ဝိုင်းရှယ်ပေးကြပါ ...
( အွန်လိုင်း သတင်း မီဒီယာများ ၊ Facebook Pages များ ၊
Followers များသော Celebrities များ လည်း
ဝိုင်းဝန်းကူညီဖြန့်ဝေပေးကြဖို့ အထူး မေတ္တာရပ်ခံပါရစေဗျာ )
Potential Scams
 UNICODE
Potential Scams
( လိမ်နိုင်ချေ ရှိတဲ့ လုပ်ငန်းတွေကို စုံစမ်း စစ်ဆေးဖော်ထုတ်တဲ့ )
အစိုးရ အဖွဲ့အစည်း တစ်ခုလောက် အမြန်ဖွဲ့ပြီး
မလွန်ခင် ၊ အဆုံးအရှုံးမများခင် ထိမ်းသိမ်းတည့်မတ်နိုင်အောင် ၊
အရေးယူနိုင်အောင် ၊
အများပြည်သူကိုလည်း အသိပညာပေးနိုင်အောင် လုပ်ကြပါတော့ဗျာ ။
မနေသာတဲ့ သာမန်ပြည်သူ အရပ်သားတွေက
စိတ်ရှုပ်ခံ ၊ ခေါင်းပူခံ ၊ အဆဲဆို အတိုက်ခိုက်ခံ ၊
အချိန်ကုန် အလုပ်ပျက်ခံပြီး လုပ်နေရတာ ပင်ပန်းလွန်းလှပါပြီ ။
Silicon Technology
Onocoro
MMM Global
Saxon Capital ( SCL )
J-Coin ( Myanmar Junwell ) စတာတွေ ကနေ
အခု Jude Jude လုပ်ငန်း ကိစ္စ အထိ မဖြစ်ခင် ၊
မလွန်ခင်မှာ ဝိုင်းသတိပေးနေခဲ့တဲ့ လူတွေ အများကြီးပါ ။
အစိုးရ အဖွဲ့အစည်း တစ်ခုခုကသာ မားမားမတ်မတ်ရပ်ပြီး
ရှေ့ကသွားပေးရင်
သာမန် ပြည်သူတွေက အများကြီး ဝိုင်းကူပေးနိုင်မှာပါဗျာ ။
နိုင်ငံရေးသမား တစ်ယောက်ယောက်
အချိန်ပေး အာရုံစိုက်ပြီး ဦးဆောင်ပေးပါ ။
လိမ်နိုင်ချေ ( ဝင်လုပ်တဲ့လူတွေက ရိုးသားရင်တောင်
လုပ်ငန်း စနစ်အရကို လိမ်ဆင် ဖြစ်သွားနိုင်ချေ ) ၊
လူများစု ဆုံးရှုံးနိုင်ချေ အလားအလာများနေတဲ့ လုပ်ငန်းတွေ
လက်ရှိမှာကို ၄-၅ ခု လောက် ရှိနေပါသေးတယ် ။
နာမည် တပ်ပြောရင် ၆၆-ဃ ကလည်း ကြောက်နေရသေးတယ် ။
မတတ်နိုင်ဘူး ။ Risk ယူပြီး ပြောရမှာပဲ ။
ဒီ လုပ်ငန်းတွေ ဟာ အထူး သတိထားသင့်တဲ့ အနေအထားမှာရှိပါတယ် ။
မလုပ်ရသေးရင် ဝေးဝေးက ရှောင်ပါ ။
လုပ်နေရင် ရပ်ပါ ။ ငွေပြန်ထုတ်နိုင်အောင် ကြိုးစားပါ ။
>>>
1. S-coin ( CoinSpace )
2. Questra World
3. IGA ( iGloabalAds )
4. First Coin
5. Add-on-Rich
စေတနာဖြင့်
#ကိုဇင်ဇေ
Admin @ AntiMLM
MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
#PonziScheme
#PyramidScheme
#MLM #Antimlm #CryptocurrencyScams
ZAWGYI
Potential Scams
အရေးယူနိုင်အောင် ၊
Silicon Technology
Onocoro
MMM Global
Saxon Capital ( SCL )
ရှေ့ကသွားပေးရင်
>>>
1. S-coin ( CoinSpace )
2. Questra World
3. IGA ( iGloabalAds )
4. First Coin
5. Add-on-Rich
စေတနာဖြင့်
#ကိုဇင်ဇေ
Admin @ AntiMLM
#PonziScheme
#PyramidScheme
https://www.facebook.com/groups/myanmarmlmtruth/permalink/756685367857951/
 UNICODE
မိတ်ဆွေတစ်ယောက် အကြံပေးတာပါ ။
Jude Jude ကို ရန်ကင်းမှာ အမှုဖွင့်လို့မရလို့ စိတ်မပျက်ပါနဲ့ ။
ကိုယ် နေထိုင်တဲ့ မြို့နယ်ကနေ ပြန်ပြီး အမှုဖွင့်လည်း ရနိုင်ပါတယ် ။
၄ ယောက် တစ်ဖွဲ့စီလောက် မြို့နယ် အလိုက်
လူစုပြီး အမှုဖွင့်နိုင်တာ ပို ထိရောက်နိုင်ပါတယ် ။
( အမှုတွေ ခွဲပြီး များများ တက်သွားရင်
သက်ဆိုင်ရာက ပိုပြီးလည်း သတိထားမိအောင်ပါတဲ့ )
ဒီတော့ ဒီနေ့ Sedona မှာ တွေ့ခဲ့တဲ့ ငွေရှင်တွေ အချင်းချင်း
နာမည်နဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်တွေမှတ်ပြီး
သေချာ ချိတ်ဆက်ထားကြပါ ။
ဒါမှ ပြန်စုလို့ရမှာပါ ။
ကျွန်တော့် အသိ တစ်ယောက်က သူ့ ရှေ့နေအဖွဲ့နဲ့ ကူညီမယ် ။
ငွေကုန်ကြေးကျ မများအောင် ကူညီပေးမယ်လို့ ပြောထားတာရှိပါတယ် ။
ဒီတော့ တကယ်ထိထိရောက်ရောက်ဖြစ်အောင်
လူစုပြီး တိုင်ချင်တဲ့လူတွေ
ကျွန်တော့်ဆီကို
၁။ နာမည်ရင်း
၂။ နေထိုင်ရာမြို့နယ်
၃။ ဖုန်းနံပါတ်
၃။ ထည့်ဝင်ငွေ
စတာတွေ ပို့ထားပေးပါ ။
ကျွန်တော် ရသလောက်ကို ပြန်ချိတ်ပေးပါ့မယ် ။
ဖြစ်နိုင်ရင် ဒီ အောက်မှာ ပေါ်တင် ကွန်းမန့် ပေးပေးပါ ။
ကျွန်တော်တို့လို ကြားလူတွေက
အညှိုးခံပြီး ပေါ်တင် တိုက်ပေးနေရတာ ။
ခင်ဗျားတို့လည်း ပေါ်တင်တိုက်မှ လူစုလို့ လွယ်မှာပါ ။
မဟုတ်ရင် ပြန့်ကျဲနေလိမ့်မယ်ဗျ ။
ကျွန်တော် ဒီည ၂ နာရီထိ စောင့်ပြီး လူစုပေးမယ် ။
မနက်ဖြန် နေ့လည်ကျော်လောက်ကျရင် လည်း
တစ်ခုခု ပြန်ပြောပေးပါမယ် ။
စေတနာဖြင့်
#ကိုဇင်ဇေ
#JudeJudeCase
#JudeJude_Judgement
ZAWGYI
၎ ယောက် တစ်ဖွဲ့စီလောက် မြို့နယ် အလိုက်
ကျွန်တော့်ဆီကို
၁။ နာမည်ရင်း
၂။ နေထိုင်ရာမြို့နယ်
၃။ ဖုန်းနံပါတ်
၃။ ထည့်ဝင်ငွေ
စတာတွေ ပို့ထားပေးပါ ။
စေတနာဖြင့်
#ကိုဇင်ဇေ
#JudeJudeCase
#JudeJude_Judgement
https://www.facebook.com/groups/myanmarmlmtruth/permalink/756831544510000/ 
 UNICODE
ပညာသားပါတဲ့ MLM မပြောနဲ့ ဒီလိုဗြောင်ကြီး လိမ်သွားတဲ့ဟာတွေတောင် ဘာမှမလုပ်နိုင်တဲ့နိုင်ငံ…
ဒီတော့ MLM တွေ နိုင်ငံတော်ခန်းမမှာလုပ် အလှူရှင်နေရာထိုင် ဂုဏ်ပြုလက်မှတ်တွေရနေတာဆန်းသလား?
ဒီကြားထဲ သောက်ရူးတွေက အလိမ်ခံရသူကို အပြစ်တင်ရတာနဲ့…
သတိပေးထောက်ပြနေသူတွေကို အစိုးရအကူအညီနဲ့မလုပ်လို့ဆိုပြီး သောက်ပြစ်တင်ကြတာနဲ့…
shit!
လိမ်နေပါတယ်လို့ နာမည်တပ်ပြီး သေချာပြောကြည့်ပါလား? ဟိုက တရားစွဲလို့ အစိုးရကထောင်ထဲပို့လိမ်မယ်…
သက်ဆိုင်ရာ အစိုးရအရာရှိတွေကို…
အဲ့ဒါတွေတရားဝင်လုပ်ကိုင်နေတာလား လုပ်ကိုင်ခွင့်ပြုထားလား လုပ်ကိုင်ခွင့်ရှိသလား သွားမေးကြည့်…
No လို့ပဲ အဖြေရမယ်
အရေးယူလား တားလားဆိုတော့လည်း No ပဲ…
ဒီကြားထဲ ကိုယ်တွေက ၆၆-ဃ ကြောက်တာနဲ့ သတိထားပြောနေရတယ်…
SCL တုန်းကဆို ကုမ္မဏီလိုင်စင်ပြပြပြီး တနိုင်ငံလုံးပတ်လိမ်နေတာ သိလည်းသိတယ် သတိလည်းပေးတယ်… ကုမ္မဏီလိုင်စင်ကြီး ဘာကြောင့်ထုတ်ပေးရသလဲ? ငွေကြေးကိစ္စတွေ လုပ်ခွင့်ရှိလို့လား?
ဘယ်လောက်အော်အော်… လာလျှောက်လို့ စည်းကမ်းချက်နဲ့ကိုက်ညီရင်ထုတ်ပေးတယ်။ ငွေကြေးကိစ္စလုပ်ကိုင်ဆောင်ရွက်ခွင့်မရှိဘူူ ခွင့်ပြုမထားဘူး။ ဒါပဲ…
လိမ်ပြေးကုန်…
ZAWGYI
shit!
No လို့ပဲ အဖြေရမယ်
လိမ်ပြေးကုန်…
https://www.facebook.com/groups/myanmarmlmtruth/permalink/756934801166341/
 Unicode
ဒေါ်သက်သက်မြိုင်(ခ)ဂျူဂျူးပြေးသွားပြီလို့ယူဆရပါတယ်
အိမ်အဝင်အထွက်ကို တစ်လကျော်လောက်စောင့်ကြည့်ခဲ့ပြီး ပြဿနာတွေတက်တဲ့ဒီနေ့မှာတော့ ထူးထူးခြားပဲ
သူတို့မိသားစုရဲ့ Alphad,Wish,Harrier2014,Hummer စတဲ့ကားတွေအကုန်လုံးပျောက်ခြင်းမလှပျောက်နေပါတယ်
B.O.D များရဲ့အချက်လက်တွေတင်ပေးထားပါတယ်
ဒေါ်သက်သက်မြိုင်ပြေးသွားရင် ကျန်B.O.Dတွေကတာဝန်အရှိဆုံးသူတွေဖြစ်ပါတယ်
အခုတောင်သူတို့ပြေးပြီလားမသေချာပါဘူး
သက်ဆိုင်ရာမြို့နယ်ရုံး ရဲစခန်းတွေကနေတစ်ဆင့်ချက်ချင်းတိုင်ချက်ဖွင့်ကြပါ
ငွေလက်ခံတဲ့အချိန်မှာရှိခဲ့ကြတဲ့ VolunteerများAdminများကိုပါအခုချက်ချင်းရှာဖွေတိုင်ချက်ဖွင့်ကြပါ 🤨🤨🤨
JUDE JUDE နာမည်နှင့်ဖွင့်ထားတဲ့ဆိုင်တွေအားလုံးကိုလဲဒီနေ့ပိတ်ထားလိုက်ပါပြီ 
 Zawgyi
https://www.facebook.com/groups/myanmarmlmtruth/permalink/756645254528629/