၃၀ တိုးပေးပြီးရှယ်ယာခေါ်သော Jude Jude ထွက်ပြေးပြီ
Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, December 1, 2017

Jude Jude လုပ်ငန်းစု ကြောင့် နစ်နာသူများ အတွက်


Jude Jude လုပ်ငန်းစု ကြောင့် နစ်နာသူများ အတွက်
လူတွေ အလိမ်ထပ်မမိအောင် လို့ အများသိအောင် ၊
မီဒီယာများသိအောင် ၊ သက်ဆိုင်ရာက လူကြီးတွေထိသိအောင်
ဝိုင်းရှယ်ပေးကြပါ ...
( အွန်လိုင်း သတင်း မီဒီယာများ ၊ Facebook Pages များ ၊
Followers များသော Celebrities များ လည်း
ဝိုင်းဝန်းကူညီဖြန့်ဝေပေးကြဖို့ အထူး မေတ္တာရပ်ခံပါရစေဗျာ )

>>>
( အစုစပ် လုပ်ငန်း မှာ ငွေထည့်ဝင်ရင်
တစ်လကို ၂၀-၃၀% အတိုးပေးမယ် ဆိုတဲ့
မက်လုံးပေး လူခေါ်ခဲ့တဲ့ Jude Jude လုပ်ငန်းစု ဟာ
လူ ပေါင်း ၁,၅၀၀ ခန့်ဆီက
သိန်းပေါင်း သောင်းချီ လက်ခံ ထားခဲ့ပါတယ် ။
တကယ်တမ်းမှာတော့ Jude Jude လုပ်ငန်းစုဟာ
ဒီလောက် ခံစားခွင့်ပေးနေရအောင်
အောင်မြင် ဖြစ်ထွန်းနေတဲ့ လုပ်ငန်းတွေ မဟုတ်ပဲ
ငွေ ထည့်ဝင်ထားသူတွေရဲ့ ထည့်ဝင်ငွေတွေကိုသာ
အတိုး အဖြစ် လှည့်ပတ်ပေးနေတယ်လို့
ယူဆရတဲ့ လုပ်ငန်း တစ်ခုဖြစ်နေပါတယ် ။
လစဉ် အမြတ် ၂၀-၃၀% ခွဲဝေပေးတာအပြင်
Project လို့ အမည်တပ်ပြီး
၂ ပတ်အတွင်း အတိုး များများရမယ်ဆိုပြီး
ငွေ ထပ်မံ ထည့်ဝင်ခိုင်းတာတွေလည်း လုပ်ခဲ့ပါတယ် ။
( ဒီမှာ သက်သေခံ Screenshots တွေ ရှိပါတယ်
>>> https://www.facebook.com/groups/judejudecase/permalink/132267717460914/ <<< )
အခုအခါ မှာတော့ အတိုးလည်း မှန်မှန်မပေးနိုင်
အရင်းလည်း ပြန်ထုတ်မပေးတာ
အချိန် အတော်ကြာပြီ ဖြစ်နေလို့
ငွေရှင်များက သတင်းစာကနေ ရှေ့နေနဲ့
ကြေငြာ သတိပေးစာများ ထုတ်နေခဲ့ရပါတယ် ။
( ဒီမှာ သတင်းစာ ကြော်ငြာတွေပါ
>>> https://www.facebook.com/groups/judejudecase/permalink/132428924111460/ <<< )
======
30.11.2017 နေ့လည်ကနေ ည အထိ မှာတော့
ငွေထည့်ဝင်ထားသူ တစ်ချို့ဟာ
သူ ရုံးခန်းငှားခဲ့တဲ့ Sedona ကို
သွားရောက်ပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားကြပေမယ့်
ကာယကံရှင် Jude Jude ( ဒေါ်သက်သက်မြိုင် ) ကို
တွေ့ခွင့်မရပဲ သူ့ ကိုယ်စားလှယ်လို့
အရင်က ပြောခဲ့တဲ့ ရွေမိုးစက် ဆိုသူကိုသာ
တွေ့ရပါတယ် ။
( ဒီ ဗီဒီယိုတွေက Sedona မှာ ဖြေရှင်းဖို့ ကြိုးစားနေပုံပါ >>> https://www.facebook.com/myatnoewai93/posts/1771161046517748 <<< )
Sedona မှာ ဖြစ်တဲ့ ဖြစ်စဉ်အကျဉ်းကို ဒီမှာ ဖတ်နိုင်ပါတယ်
>>>
https://www.facebook.com/groups/judejudecase/permalink/132771137410572/ . <<<
ကာယကံရှင် Jude Jude ( ဒေါ် သက်သက်မြိုင် ) ကိုတော့ ခုချိန်ထိ
သေချာ ဆက်သွယ်လို့ မရ ဖြစ်နေဆဲပဲ လို့ သိရပါတယ် ..
ဒီ Live Video အရတော့
ရန်ကင်း ရဲစခန်းမှာ ၄၂၀ နဲ့ အမှုဖွင့်ဖို့ ကြိုးစားနေပေမယ့်
ဖွင့်လို့ မရသေးဘူးလို့ သိရပါတယ်
>>> https://www.facebook.com/groups/judejudecase/permalink/132812187406467/ <<<
#JudeJudeCase
30.11.2017 ( 11:39 PM )
ဒီ ( https://www.facebook.com/groups/judejudecase/ ) မှာ
လုပ်ငန်းနဲ့ ပတ်သက်တွေ သတင်းတွေ ၊ ဆွေးနွေး အကြံပေးချက်တွေ ၊
နစ်နာသူတွေရဲ့ ရင်ဖွင့်သံတွေ အများကြီး ရှိနေပါတယ် ။
လာရောက် လေ့လာ ပြီး အကြံပေး အားပေး ပေးကြပါ ။
>>>
ဒီ Post ကို
လူတွေ အလိမ်ထပ်မမိအောင် လို့ အများသိအောင် ၊
မီဒီယာများသိအောင် ၊ သက်ဆိုင်ရာက လူကြီးတွေထိသိအောင်
ဝိုင်းရှယ်ပေးကြပါ ...
( အွန်လိုင်း သတင်း မီဒီယာများ ၊ Facebook Pages များ ၊
Followers များသော Celebrities များ လည်း
ဝိုင်းဝန်းကူညီဖြန့်ဝေပေးကြဖို့ အထူး မေတ္တာရပ်ခံပါရစေဗျာ )