Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae
Friday, December 1, 2017
Potential Scams
 UNICODE
Potential Scams
( လိမ်နိုင်ချေ ရှိတဲ့ လုပ်ငန်းတွေကို စုံစမ်း စစ်ဆေးဖော်ထုတ်တဲ့ )
အစိုးရ အဖွဲ့အစည်း တစ်ခုလောက် အမြန်ဖွဲ့ပြီး
မလွန်ခင် ၊ အဆုံးအရှုံးမများခင် ထိမ်းသိမ်းတည့်မတ်နိုင်အောင် ၊
အရေးယူနိုင်အောင် ၊
အများပြည်သူကိုလည်း အသိပညာပေးနိုင်အောင် လုပ်ကြပါတော့ဗျာ ။
မနေသာတဲ့ သာမန်ပြည်သူ အရပ်သားတွေက
စိတ်ရှုပ်ခံ ၊ ခေါင်းပူခံ ၊ အဆဲဆို အတိုက်ခိုက်ခံ ၊
အချိန်ကုန် အလုပ်ပျက်ခံပြီး လုပ်နေရတာ ပင်ပန်းလွန်းလှပါပြီ ။
Silicon Technology
Onocoro
MMM Global
Saxon Capital ( SCL )
J-Coin ( Myanmar Junwell ) စတာတွေ ကနေ
အခု Jude Jude လုပ်ငန်း ကိစ္စ အထိ မဖြစ်ခင် ၊
မလွန်ခင်မှာ ဝိုင်းသတိပေးနေခဲ့တဲ့ လူတွေ အများကြီးပါ ။
အစိုးရ အဖွဲ့အစည်း တစ်ခုခုကသာ မားမားမတ်မတ်ရပ်ပြီး
ရှေ့ကသွားပေးရင်
သာမန် ပြည်သူတွေက အများကြီး ဝိုင်းကူပေးနိုင်မှာပါဗျာ ။
နိုင်ငံရေးသမား တစ်ယောက်ယောက်
အချိန်ပေး အာရုံစိုက်ပြီး ဦးဆောင်ပေးပါ ။
လိမ်နိုင်ချေ ( ဝင်လုပ်တဲ့လူတွေက ရိုးသားရင်တောင်
လုပ်ငန်း စနစ်အရကို လိမ်ဆင် ဖြစ်သွားနိုင်ချေ ) ၊
လူများစု ဆုံးရှုံးနိုင်ချေ အလားအလာများနေတဲ့ လုပ်ငန်းတွေ
လက်ရှိမှာကို ၄-၅ ခု လောက် ရှိနေပါသေးတယ် ။
နာမည် တပ်ပြောရင် ၆၆-ဃ ကလည်း ကြောက်နေရသေးတယ် ။
မတတ်နိုင်ဘူး ။ Risk ယူပြီး ပြောရမှာပဲ ။
ဒီ လုပ်ငန်းတွေ ဟာ အထူး သတိထားသင့်တဲ့ အနေအထားမှာရှိပါတယ် ။
မလုပ်ရသေးရင် ဝေးဝေးက ရှောင်ပါ ။
လုပ်နေရင် ရပ်ပါ ။ ငွေပြန်ထုတ်နိုင်အောင် ကြိုးစားပါ ။
>>>
1. S-coin ( CoinSpace )
2. Questra World
3. IGA ( iGloabalAds )
4. First Coin
5. Add-on-Rich
စေတနာဖြင့်
#ကိုဇင်ဇေ
Admin @ AntiMLM
MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
#PonziScheme
#PyramidScheme
#MLM #Antimlm #CryptocurrencyScams
ZAWGYI
Potential Scams
အရေးယူနိုင်အောင် ၊
Silicon Technology
Onocoro
MMM Global
Saxon Capital ( SCL )
ရှေ့ကသွားပေးရင်
>>>
1. S-coin ( CoinSpace )
2. Questra World
3. IGA ( iGloabalAds )
4. First Coin
5. Add-on-Rich
စေတနာဖြင့်
#ကိုဇင်ဇေ
Admin @ AntiMLM
#PonziScheme
#PyramidScheme
https://www.facebook.com/groups/myanmarmlmtruth/permalink/756685367857951/