၃၀ တိုးပေးပြီးရှယ်ယာခေါ်သော Jude Jude ထွက်ပြေးပြီ
Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, January 14, 2018

ကချင် နှင့်ငွေကြေးပြသနာ


ကချင်တွေ ညံ့ဖျင်းမှု indicator တခုက ငွေကြေး အလိမ်ခံရခြင်းပါဘဲ။ ငွေယားလေး ရှိရင် ကိုယ့်ဟာကိုယ် တိုးပွားအောင် မလုပ်ကြဘဲ.... ကယ်တင်ရှင်တွေက ဆပွားပေးမှာ မြင်ယောင်ပြီး သူများကို အပ်ထားတတ်ကြလေတယ်လေ။ ပထမဦးဆုံး သတိထားမိတာက သက္ကရာဇ် ၂၀၀၀ ခုနှစ် ၀န်းကျင်မှာ မြစ်ကြီးနားမြို့ မှာ သစ်လုပ်ငန်းကြောင့် ငွေယားရွှင်နေချိန်မှာ အတိုး ၂၀%. ပေးမယ် 10% ပေးမယ် ဆိုပြီး လုပ်ငန်းရှယ်ယာ ခေါ်သလိုလိုပုံစံနဲ့ သိမ်းကြုံးယူသွားလိုက်တာ ဘ၀ပျက်တဲ့ မိသားစု ထောင်ချီ သောင်းချီ။ ၂၀၀၄ ခုနှစ်လောက်မှာ နောက်တခါ ဖြစ်ပြန်တော့ မြစ်ကြီးနားမြို့ ယုဇနနဲ့ မြေမြင့်၊ မြို့သစ်ရပ်ကွက်တွေမှာ တအိမ်ခြားစီလောက် အမှုဖြစ်ပြီး ငိုကြ ရီကြ နဲ့ နောက်ဆုံး KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ အထိ သွားရှင်းကြ။ အံ့သြစရာကောင်းတာက အဲဒီကဏ္ဍမှာ လုပ်စားသူကဘဲ လိုင်ဇာမှာ ဈေးကွက်ချဲ့ထွင်နိုင်ပြီး လိုင်ဇာက KIO/A ခေါင်းဆောင်မိသားစုတွေသာမက ကက်သလစ်က ကျောင်းထိုင်ဘုန်းကြီးတောင် ပါသွားသေး။ နောက်တခါ ဘလဲ ဆိုပြီး ထွက်လာပြန်တယ်။ သိန်းရာချီ အရင်းထဲ့မှ အမြတ်ထွက်မယ် ဆိုတော့ကာ ကချင်ကျောက်လောပန်း၊ ရွှေလောပန်းတွေ အောကြပြန်တယ်။ ကိုတော့ နဲနဲ လျှာရှည်လိုက်တယ်။ ဘလဲ ကို သေချာဖတ်ကြည့်ရင် Be - Lair လို့ အသံထွက်နေတယ်နော်.. လို့.. ပလုံ ပလုံပေါ့။ Product ကို သယ်လာပြီး MLM နည်းနဲ့ ပြသနာ ပရပွ ဖြစ်စေတဲ့အထဲမှာ ဆေးဝါးနဲ့ ဓါတ်စာ လို့ပြောတဲ့ လုပ်ငန်းအမျိုးအစားတွေက ထိတ်ဆုံးကပေါ့။ ငွေစုငွေချေး လုပ်ငန်းနဲ့ အကြီးအကျယ် အောင်မြင်ပါတယ်ဆိုတဲ့ အသင်းတော်များရဲ့ ကျော်မကောင်း ကြားမကောင်း ဇာတ်လမ်းတွေလည်း သင်ခန်းစာ ယူစရာတွေ။ အရေးထဲ သိန်း ၂၀၀ ကံစမ်းမဲပေါက်လို့ သိန်း ၂၀ အရင်လွှဲပါ ဆိုတဲ့ စကားကြောင့် ဘဏ်ကနေ သိန်း ၂၀ လွှဲပေးလိုက်တဲ့ အမှုတော်ဆောင် တယောက်ရဲ့ ဇာတ်လမ်းကလည်း နားထောင်ရပြန်တယ်။ အခုနောက်ပိုင်း ရုံးကြတာက IGlobe နဲ့ ကွိုင်တွေ.. နဲ့ ရှုံးကြတယ်။ ရှုံးတဲ့ကိစ္စတွေကို ပြန်ကြည့်ရင်..... ဒီလုပ်ငန်းကို သယ်လာသူတွေက လူအများ ယုံကြည်စိတ်ချရတဲ့ သင်းအုပ်ဆရာ၊ လူမှုရေးလုပ်ငန်းသမားတွေ၊ သီလရှင်၊ စီးပွားရေးသမား၊ KIO စစ်ဗိုလ်ကတော်၊ စစ်ဗိုလ် သားသမီး တွေကို အရင် သိမ်းသွင်းလိုက်ပြီး အဲဒီသူတွေကို အရင် ပေးစားလိုက်တာပါဘဲ။ သူတို့တတွေ စားရပြီ ဆိုတာနဲ့ အလုပ်လုပ်တော့တယ်။ ဒါနဲ့ အမျိုးတူသူ အုပ်စုလိုက် ပလုံ ပလုံပေါ့။ တချို့ အသင်းတော်တွေဆိုရင် မိမိ အသင်းတော်ထဲက ငွေယား လက်ထဲမှာ ရှိသူတွေထဲက အများစု ပါကုန်ရော။။ တချို့ ကျတော့လည်း ဒီလုပ်ငန်းမှာ တခါ ရှုံးပြီးပေမဲ့ နောက်ထပ် လုပ်ငန်းတွေမှာ ထပ်ခါ ထပ်ခါ ပစ်ထဲ့ရင်း ထပ်ခါ ထပ်ခါ ရှုံးနေခြင်းဖြင့် အရှုံးခံနေကြတယ်။ ထူးဆန်းတာက IDP Camp တွေမှာတောင် ငွေး တသိန်းစီ ၀ိုင်းစု ခိုင်းပြီး အုပ်စုပိုင် ရှယ်ယာ ဆွဲတယ် ဆိုတဲ့ ပုံစံနဲ့ သိမ်းကြုံး ယူသွားရတာပါဘဲ။ IDP တွေမှာလည်း လောဘ နဲ့ဘဲလေ။ မစား မသောက် စုဆောင်းပြီး ထဲ့ကြတာပေါ့။ ၂၀၁၇ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရှယ်ယာ ဖွင့်ပေးမယ် ဆိုပြီး ငုတ်တုတ်ထိုင်စောင့်နေတဲ့ လူသားတွေထဲမှာ.. မိမိရဲ့ အမှုတော်ဆောပင် ၂၅ နှစ်ပြည့် ငွေစင်ဂျူဗလီပွဲမှာ အသုံးပြုဖို့ ဆွေတော်မျိုးတော်များ စုဆောင်းလှူဒါန်းထားတဲ့ ငွေကို ဆုံးရှုံးသွားပါတယ် ဆိုတဲ့ ကက်သလစ် မယ်သီလ ပါပါတယ် ဆိုတာ သိရပြန်တော့လည်း .... ဘာဆက်ပြောရမှန်းမသိ။ ဆုံးရှုံးသူတွေထဲမှာ တခြားတိုင်းရင်းသားတွေက သိန်း ဆယ် ဂဏန်း လောက်သာ အောထာကြပြီး ကချင်တွေက ဘုရင့်နောင် ဖောင်ဖျက် အောထားသူတွေ များပြန်တယ်။ ခံရတဲ့ သူတွေက ကိုယ့်အရင်း ပြန်ရဖို့ သူများကိုပါ ကိုယ့် နွံထဲ ဆွဲသွင်းတာကို မြင်ရပြန်တော့ ... လောလောဆယ်တော့ ကချင်မနောပွဲက အိုးစည်ဗုံမောင်းတွေက "ထုံ၊ ထုံ၊ ထုံ" လို့များ အသံမြည်နေသလား လို့.... စဉ်းစားရင်း.. Good Morning Wunpawng Mungdan.!