Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Sunday, February 26, 2017

Anti MLM ကိုဇင်ဇေ နဲ့ Double Crane Leader Pyit Tine Htaung ပစ်တိုင်းထောင် အမေးအဖြေ



Double Crane က Pyit Tine Htaung အမေး ၊ ကိုဇင်ဇေ အဖြေ
ကိုဇင်ဇေ အမေး ၊ Double Crane က Pyit Tine Htaung ??? :D :D :D
===================

Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၁။
အကို မေးထားတဲ့ထဲ က ဝင်ငွေ ကောင်းတယ်ဆိုတာ ဘယ်လောက်ကို ပြောတာပါလဲ။
ကိုဇင်ဇေ - ဖြေ ။
မြန်မာနိုင်ငံ ရန်ကုန်လို မြို့မှာနေရင် တစ်လကို
အနည်းဆုံး ဆယ်သိန်းကျော် မှ ဝင်ငွေ စကောင်းတဲ့ သဘောပါ ပဲ ။
ဆယ်သိန်းကနေ သိန်း ၃၀ ကြားလောက် က အတန်အသင့် ဝင်ငွေ ကောင်းတယ်ပေါ့ ။
သိန်း ၃၀ ကျော်ရင်တော့ အတော်လေး ဝင်ငွေကောင်းတယ်လို့ သတ်မှတ်ပါတယ် ။
ခင်ဗျား ဘယ်လောက် ရပါပြီလဲ ?
ခင်ဗျားအောက်လူတွေ စုစုပေါင်းထဲက ဘယ်နှယောက် / ဘယ်နှရာခိုင်နှုန်း က ဘယ်လောက်ရနေပါပြီလဲ ?
================

Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၂။
သူ့ ဘာသာ သူ့ မိသားစု အတွက် လုံလောက်လို့  ဆက်မလုပ်တော့တာကို
လက်လျှော့သွားတယ်လို့  ဆိုနိုင်ပါ့မလား။
ကိုဇင်ဇေ - ဖြေ ။
ဒါက ခင်ဗျား အပြောပါ ။ လူတိုင်းက ပိုရရင်တော့ လိုချင်တာချည်းပါပဲ ။
မရနိုင်မှန်းသိတော့လို့ ဈေးကွက် ကျပ်လာလို့ ၊ အရည်အချင်း တက်မလာတော့လို့ ၊
ဇွဲနဲ့ စိတ်ဓာတ်ခံနိုင်ရည် မရှိတော့လို့သာ ဆက် မလုပ်တော့တာပါ ။
မဟုတ်ရင်တော့ ကောင်းတယ် မှန်တယ် အကျိုးရှိတယ် ဆိုရင် ဆက်လုပ်မှာပါပဲ ။
ခင်ဗျားက ဘယ်လောက်များ ရလို့ လုံလောက်သွားတယ်လို့ ပြောချင်တာပါလဲ ?
ခင်ဗျားအောက်က လက်လျှော့သွားတဲ့လူတွေကရော ဘယ်လောက်များ ရသွားလို့ပါလဲ ?
==========

Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၃။
ကိုဇင်ဇေက အင်္ဂလိပ်စာ သင်တန်းဖွင့်ထားသူ လို့ သိရပါတယ်။
အကို သင်ခဲ့တဲ့ သက်တန်းတစ်လျှောက် တက်ခဲ့တဲ့ တပည့်တွေထဲမှာ
အင်္ဂလိပ်စာ specialist နဲ့  ဥပမာ ဘာသာပြန်တို့ ။ writer တို့  tourist guide တို့ နဲ့  အသက်မွေးဝမ်းကျောင်းပြီး အောင်မြင်နေတဲ့သူ။
(အကို ကောင်းတယ်လို့  သတ်မှတ်ထားတဲ့ ဝင်ငွေ ရနေတဲ့သူ) ဘယ်နှယောက်ပါပါသလဲ။
အဲ့ဒီ အောင်မြင်သူနဲ့  သင်တန်းဦးရေ အချိုးချမယ် ဆိုရင် ဘယ်လောက် ရာနှုန်းလောက်ရှိပါသလဲ။
Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၄။
နောက်ပြီး အလယ်အလတ် မတောက်တခေါက်လောက်ကော ဘယ်လောက်ရှိမလဲ။
အောင်မြင်သူ နည်းလို့  သင်တန်းဆရာ မကောင်းဘူးလို့  ဆိုလို့ ရပါ့မလား။
အဲ့ဒီထဲမှာ သင်တန်းသာ တက်ပြီး အပြင်မှာ လုံးဝ ပြန်မသုံးဖြစ်တဲ့ သူတွေရော မရှိနိုင်ဘူးလား။
အဲ့လို မသုံးဖြစ်တော့ ဒီသင်တန်းကြေးက အလဟတ်သတ် ဖြစ်သွားခဲ့ရင်
သင်တန်းဆရာက သင်တန်းကြေး လိမ်ယူနေတယ်လို့  စွပ်စွဲလို့ ရပါ့မလား။
ကိုဇင်ဇေ - ၃/ ၄ အတွက် အဖြေ ။
ခင်ဗျားကြည့်ရတာ အင်္ဂလိပ်စာ သင်တန်းရဲ့ သဘောသဘာဝကို လုံးဝ နားမလည်မှန်းသိသာပါတယ် ။
( mice ဆိုတာ ဓာတ်ခွဲခန်းသုံး ကြွက်ဖြူလေးတွေကို ပြောတာလို့ ခင်ဗျားပြောကတည်းက
ခင်ဗျားရဲ့ တတ်ယောင်ကား စိတ်ဓာတ်ကိုလည်း ကျွန်တော် သတိထားမိပြီးသားပါ ...
financial freedom = pasive income > expensive ဆိုပြီး ဖြီးတာလည်း ရှိသေးတယ် ။
expensive မဟုတ်ပါဘူး ။ expenses လို့သုံးရမှာပါ ။
expensive က Adjective / expenses က Noun ပါ ။
pasive ကတော့ passive ပေါင်းတာ "s" ကျန်ခဲ့တယ်လို့ပဲ သဘောထားပေးလိုက်ပါတယ် ။
နောက်တစ်ခါ မြန်မာလိုပဲရေးပါ ။ ရပါတယ် ။ )
အင်္ဂလိပ်စာ သင်တန်း လာတက်တဲ့လူတွေက ခင်ဗျားပြောသလို
အင်္ဂလိပ်စာနဲ့ အသက်မွေးဝမ်းကြောင်းပြု / ဝင်ငွေရှာဖို့လာတဲ့လူ ၁% တောင် မရှိပါဘူး ။
အများစုက မိမိရဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှာ /
လုပ်ငန်းခွင်မှာ အထောက်အကူပြုအောင် အင်္ဂလိပ်စာကို လာလေ့လာကြတာပါ ။
ကွန်ပြူတာ သင်တန်း တက်သလိုပေါ့ ။ ကွန်ပြုတာ ပညာနဲ့ အဓိက အသက်မွေးမယ့် လူက အနည်းစုလေ ။
ဒီတော့ သူတို့ရဲ့ ရည်ရွယ်ချက် မျှော်မှန်းချက် ဖြစ်တဲ့ မိမိရဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှာ /
လုပ်ငန်းခွင်မှာ အထောက်အကူပြုတဲ့ အဆင့်အထိရောက်ရင်
ဒါဟာ သူတို့ လိုချင်တဲ့ အောင်မြင်မှုကို ရပြီလို့ ပြောလို့ရပါတယ် ။
အဲ့တော့ အဲ့လို စိတ်ကျေနပ်မှုရတဲ့ ကျောင်းသားမျိုးကို
အနည်းဆုံး ၇၀% ကျွန်တော်တို့ မွေးထုတ်ပေးနိုင်ပါတယ်ဗျာ ။
ကျွန်တော့် သင်တန်းက ၃လ လောက်တက်ပြီး ဘာဖြစ်ရမယ် ညာဖြစ်ရမယ်နဲ့
အတင်း ကြေငြာတဲ့ အမျိုးအစားလည်း မဟုတ်ဘူးလေ ။
သူတို့ကို သင်တန်း တက်တဲ့ ပထမဆုံး ရက်မှာကတည်းက
ဘယ်လောက် အချိန်ပေး လေ့လာရင် ဘယ်အဆင့်ထိရောက်မယ် ။
အဲ့ဒါဆိုရင် လက်တွေ့မှာ ဘယ်လိုမျိုး အသုံးချနိုင်မယ် ။
ဒီ သင်တန်းက ဒီ သင်တန်းကာလ တစ်ခုအတွင်းမှာ ရောက်အောင်ပို့ပေးနိုင်တာက ဘယ်နေရာအထိ ။
ပြီးရင် ဘာတွေ ဆက်လုပ်သွားရမယ် ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်တာဗျ ။
သင်တန်း တက်ပြီး စိတ်တိုင်းကျကျေနပ်မှုမရှိရင် ၁၀၀% ငွေပြန်အမ်းပေးမယ်စပြီး
အတိအလင်းကြေငြာပြီး ဖွင့်ထားတဲ့ သင်တန်းဗျ ။
ဘာသာစကားဆိုတာ ကျယ်ပြန့်ပါတယ် ။
ပြီးတော့ အချိန်ပေးလေ့လာရင် လေ့လာသလောက် ၊
အသုံးချနိုင်စွမ်းမြင့်လာပြီး အကျိုးကျေးဇူး တွေ ပိုပိုပြီး ရလာတာပါ ။
ခင်ဗျားတို့ MLM တွေလို ထိပ်ပိုင်းရောက်မှ
( ကိုယ့်အောက်မှာ လူအင်အားတွေရှိမှ ) အောင်မြင်တာ မဟုတ်ဘူး ။
အောက်ကလူတွေ နစ်နာမှု ရှိနေတာကို ထိုင်ကြည့်နေပြီး ရလာတဲ့
အောင်မြင်မှုမျိုး မဟုတ်ဘူး ။
ဘာသာစကားကျွမ်းကျင်လို့ အောင်မြင်လာတဲ့ လူတစ်ယောက် အောက်မှာ
ခင်ဗျားတို့ MLM တွေလို အရင်းမကျေသူ ၊ နစ်နာသူ ရာချီ ထောင်ချီ မရှိဘူးဗျ ။
မတူတာကြီးကို အတင်း လာမနှိုင်းစမ်းပါနဲ့ဗျာ ။

ခင်ဗျားတို့ MLM လုပ်သလို လူတွေ ရဲ့ အထင်သေးခံရတာ ၊
လူတွေကို မလှိမ့်တပတ် လုပ်ရတာ ၊
လူတွေကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ အလွန်အကျွံပေးရတာ
ကိုယ့် Company က ၊ ကိုယ့် အထက်လူ အောက်လူ ဘေးလူတွေက
လက်တစ်လုံးခြား လုပ်တာတွေကို လိုက်ပြီး ကာကွယ်ပေးရတာ တွေ
ဘာသာစကားလေ့လာမှု ၊ သင်ကြားပေးမှု ဖြစ်စဉ်မှာ မရှိပါဘူးဗျာ ။

ကျွန်တော့် #ActiveEnglishသင်တန်း မှာ ဘာသာစကားလေ့လာမှုကြောင့်
ဘဝပျက်သွားတဲ့လူ မရှိဘူး ။
စီးပွါး ကျသွားတဲ့လူ မရှိဘူး ။ လူတောမတိုးရဲတော့တဲ့လူ မရှိဘူး ။
မိတ်ပျက်သွားတဲ့လူ မရှိဘူး ။ မထင်မှတ်တဲ့ ကျန်းမာရေး ဆိုးကျိုးနောက်ဆက်တွဲတွေ ရလာတဲ့လူမရှိဘူး ။
အနှိမ်ခံရ ။ ပညာရှင်တွေ အပြစ်တင်တာကို လှိမ့်ခံနေရတဲ့လူတွေ မရှိဘူးဗျ ။
ဒီတော့ မတူတာကို မနှိုင်းနဲ့ပေါ့ဗျာ ။
( လူလည်း ခြေ ၂ ချောင်း ၊ ကျီးကန်းလည်း ခြေ ၂ ချောင်း ရှိလို့
လူဟာ ကျီးကန်းနဲ့ တူတူပဲ လို့ ကောက်ချက်ဆွဲတဲ့ )
ကျီးကန်းလော့ဂျစ်လေးထဲက ဖောက်ထွက်လိုက်စမ်းပါ ။
==========
Double Crane - Pyit Tine Htaung - မေးခွန်းအမှတ် ၅။
အကို့ သင်တန်း အောင်မြင်ဖို့ အတွက် လူသိများအောင် ကြော်ငြာ ရတာမျိုး
ဖိတ်ခေါ်ရတာမျိုးရော လုံးဝ မရှိဘူးလား။
လူတွေလာမှ အကို ဝင်ငွေရမှာလေ။ အကို့ သင်တန်းကို ဘယ်လို နည်းနဲ့  marketing လုပ်ပါသလဲ။
MLM လို လူတစ်ဦးချင်းတွေ့ ပြီး မဆွယ်ရင်သာ ရှိမယ် လူလာအောင် တစ်နည်းနည်းတော့ လုပ်ရတာပဲ မဟုတ်ဘူးလား။
ကိုဇင်ဇေ - ဖြေ ။ Marketing ကတော့ စီးပွါးရေး လုပ်ငန်းတိုင်း လုပ်တာပါပဲ ။
ခင်ဗျားတို့ MLM သမားတွေလို ကျင့်ဝတ်မရှိတဲ့ ပုံစံနဲ့ Marketing or Advertising လုပ်တာမျိုး ကိုတော့ တကယ့်စီးပွါးရေး လုပ်ငန်းကောင်းတွေက ရှောင်ပါတယ် ။
False hope , False promise ဆန်ဆန်
အလွန်အကျွံ မက်လုံးပေးတာမျိုး ၊
ဈေးကွက်အနေအထားအရ လူတိုင်း မအောင်မြင်နိုင်တာကို သိလျက်နဲ့
လူတိုင်း အောင်မြင်နိုင်ပါတယ်လို့ လိမ်ညာ စည်းရုံးတာမျိုး တွေ
ကျွန်တော်တို့ က လုပ်စရာ မလိုပါဘူး ။
ကျွန်တော့် သင်တန်းကို Online Marketing နဲ့ အဓိက ရပ်တည်တာပါ ။
ကျန်တာက ကျောင်းသားအချင်းချင်း စိတ်ကျေနပ်လို့လမ်းညွှန်ကြတာပါပဲ ။
==========
Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၆။
အကို့ သင်တန်းသား အားလုံးရဲ့  သင်တန်းမတက်ခင် ဝင်ငွေနဲ့ 
တက်ပြီး ဝင်ငွေ ဘယ်လောက် ကွာခြားမှု ရှိပါသလဲ။
သင်တန်းဆင်းသွားတဲ့ အတွက် ဝင်ငွေ တိုးတက်မှု ရှိမရှိ စစ်တမ်းကောက်ကြည့်ဖူးပါသလား။
ကိုဇင်ဇေ - ဖြေ ။
မေးခွန်း ညံ့ချက်က ချာတူးကို လန်နေတာပဲ ။
ခင်ဗျားမေးပုံက ဘုရားသွားဖူးတာ ပိုက်ဆံဘယ်လောက် ရလာသလဲ ဆိုတာမျိုး ဖြစ်နေတယ် ။ :D
သင်တန်းသားတွေက ပညာ လာရှာတာဗျ ။ ပညာလာရှာတာ ။
ပညာ တိုးသွားတာ က အဓိက ရရမှာပေါ့ ။
ကျွန်တော့် သင်တန်း မတက်ခင်နဲ့ တက်ပြီး Vocabulary Range ဘယ်လောက်တိုးသွားတယ် ။
Grammar Rules / Sentence Structures ဘယ်လောက် များများပိုင်သွားတယ် ။
Listening Skill ဘယ်လောက် တက်လာတယ် ။
Pronunciation ဘယ်လောက် ကောင်းလာလဲ ဆိုတာကို တိုင်းရမှာ ။
ဘယ့်နဲ့ ဝင်ငွေကို တိုင်းရတာတုန်း ။ စဉ်းစားပုံက ညံ့ပါ့ဗျာ ။ :D
သူတိုးလာတဲ့ ပညာနဲ့ သူ့ လုပ်ငန်းခွင်ကျွမ်းကျင်မှုနဲ့ပေါင်းစပ်ပြီး
ဝင်ငွေ တိုးအောင် သူ့ဘာသူ လုပ်တာပေါ့ ။
အဲ့ဒီ အချိန်မှာ သူက ကျွန်တော့် လုပ်ငန်းခွင်ထဲမှာမှ မဟုတ်တာ ။
ကျွန်တော်က ဘယ်လိုလို့ သိမှာလဲ ?
( ခင်ဗျားတို့ MLM မှာက Database/Software ကနေ ကြည့်လိုက်ရင်
ကိုယ့်အောက်က ဘယ်လူတွေ အမှတ်ဘယ်လောက် ရထားပြီ ဆိုတာ သိရတယ်လေဗျာ ။
အဲ့ဒီ အပေါ်မှာ မူတည်ပြီး သူ ဘယ်လောက် ဆုကြေးရထားတယ်ဆိုတာ
ပြန်တွက်လို့ ရတယ်လေ ။
ဒါကြောင့် ခင်ဗျားကို မေးနေတာ ။ ခင်ဗျားက အူကြောင်ကြောင်နဲ့ ကျွန်တော် မေးတိုင်း လိုက်မေးနေတယ် ။ ခက်ပါ့ )
==========
Double Crane - Pyit Tine Htaung - မေးခွန်း အမှတ် ၇။
အကို ဒီအလုပ်ကို ဝါသနာအရလုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။
ပညာ ဒါန လို့  ခံယူပြီး လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။
စားဝတ်နေရေး အရ လုပ်တာလဲ ဖြစ်ချင်ဖြစ်မယ်။
ကိုယ်ယုံကြည်လို့  ကိုယ့်အသက်မွေးဝမ်းကျောင်းအဖြစ် တည်ထောင်ထားတဲ့ လုပ်ငန်း တစ်ခုကို
ကျွန်မ အခုလို ပြောနေတဲ့အခါ ဘယ်လို ခံစားရပါသလဲ။ ကျွန်မ ပြောတဲ့ထဲမှာ စွပ်စွဲတာ တစ်ခုမှ မပါသေးဘူးနော်။
ကိုယ် မုန်းတဲ့ အလုပ်နဲ့  ယှဉ်ခံ ရတာနဲ့ တင် တော်တော် ဆွေ့ ဆွေ့ ခုန်နေပြီ မို့ လား။
ကဲ အားလုံးကို အတိအကျ ဖြေပါ။
ကိုဇင်ဇေ - ဖြေ ။
ကျွန်တော် လုပ်တာက ဝင်ငွေ + ဝါသနာ + စေတနာ တွေပေါင်းပြီး လုပ်တာပဲဗျ ။
ကျွန်တော်တို့လို English စာသင်တန်းတွေကြောင့် နစ်နာနေရပါတယ် ဆိုတဲ့ လူအုပ်ကြီး ခင်ဗျား ဘယ်နှယောက် တွေ့ဖူးလဲဗျ ?
ခင်ဗျားတို့ MLM တွေကို ထောက်ပြနေသလိုမျိုး
English စာသင်တန်းတွေကြောင့် နစ်နာနေရပါတယ် ဆိုပြီး မီဒီယာတွေကနေ သတိပေး ထောက်ပြနေရတာမျိုးရော ရှိလား ?
( ပြည်တွင်း တင် မကဘူးနော် ။ နိုင်ငံတကာမှာပါ MLM တွေကို မီဒီယာတွေ က ဝိုင်းထောက်ပြထားကြတာပုံလို့ )
ခင်ဗျား လုပ်နေတဲ့ လုပ်ငန်း ကြောင့်နစ်နာတဲ့ လူ ပေါင်း ၄ သောင်းကျော် ပါတဲ့ Facebook Group တစ်ခု ရှိနေပြီ ။
အဲ့ဒီ Group က Public နော် ။ အကုန် ဖွင့်ပေးထားတာ ။ )
လွှတ်တော်အထိ ဆွေးနွေးရလောက်အောင် ...
ပြည်ထဲရေးကနေ တစ်ခုချင်း ခေါ်ယူ စစ်ဆေးခံရလောက်အောင် ...
လူထုကို နစ်နာစေတဲ့ ခင်ဗျားတို့ လုပ်ငန်း ကို
ကျွန်တော်တို့လို ပညာရေး ဝန်ဆောင်မှု နဲ့ နှိုင်းစရာလား ? ဦးနှောက်မှ ကောင်းရဲ့လား ?

ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ၊ ဆရာ ခင်မောင်ညို ( ဘောဂဗေဒ ) ၊
ဆရာ ဦးအေးကျော် ( MHR ) ၊ ဆရာ ဦးငွေသိန်း ( Company Guide )
၊ ဥပဒေပညာရှင် ဆရာ မင်းတေဇ
တို့လို လူကြီးတန်း စီးပွါးရေး နဲ့ စီမံခန့်ခွဲမှု ပညာရှင်တွေသာမက
ကိုအောင်ချစ်ခင် ( Strategy First ) ၊ ကို မျိုးမင်း ( PS Business School )
၊ ကို မျိုးမြဆွေထွန်း တို့လို လူလတ်တန်း ပညာရှင်တွေ ကပါ
အများအကျိုးအတွက် ထောက်ပြသတိပေးနေရတဲ့ ခင်ဗျားရဲ့ MLM လုပ်ငန်း လို
ကျွန်တော်တို့ ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေက ဖြစ်နေပါသလား ?

ခင်ဗျားတို့ Double Crane ( MLM Company ) က အကျင့်သိက္ခာ မဲ့ ပြီး
ဆပ်ပြာကို စိုက်ပျိုးရေးသုံး ပစ္စည်းအနေနဲ့ ရောင်းလိုက်လို့
ငွေကြေး နစ်နာသွား ရတဲ့ တောင်သူ လယ်သမားတွေလိုမျိုး
ကျုပ် #ActiveEnglish သင်တန်းကြောင့် နစ်နာသွားတဲ့လူ ရှိသလား ?
( ကျွန်တော် သင်တာ မကြိုက်ရင် အဆင်မပြေဘူးဆိုရင်
စတက်ကတည်းက စောစောစီးစီး ၁၀၀% ငွေပြန်အမ်းပေးပြီး
ကျွန်တော့် သင်တန်းကို ရပ်တည်လာတာ ၄ နှစ်ဝန်းကျင်ရှိပြီဗျ ။
ပြီးတော့ ကျွန်တော့် သင်တန်းက ခင်ဗျားတို့ Company တွေ Upline တွေလို
အောက်လူလုပ်တာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး ။
ဖြစ်လာရင် ကိုယ့်ကိစ္စ ကိုယ် ရှင်းပါဆိုပြီး ခေါင်းရှောင်မထွက်ဘူးနော် ။
ကျွန်တော် သင်တာမဟုတ်ပေမယ့် ကျွန်တော့် သင်တန်းက တခြား ဆရာ တစ်ယောက်သင်တာ အဆင်မပြေလို့ဆိုပြီး
မကျေနပ်လို့ လာပြောရင်လည်း အတန်းပြောင်းပေးလို့ ရရင်ရ ၊
မပြောင်းပေးနိုင်ဘူးဆိုရင် ၁၀၀% ငွေ ပြန်အမ်းပေးတယ် ။
ဒီတော့ မတူရင် မတုနဲ့ ။ )
==========
ကဲ ဟုတ်ပြီ ။ ကျွန်တော် မေးတာတွေကို ခင်ဗျား မဖြေရဲပဲ ကျွန်တော့်ကို ပြန်မေးနေတာကို
ကျွန်တော် ဖြေပေးပြီးပြီ ။ ခင်ဗျားလည်း ကျွန်တော် မေးတာကို သေချာ ဖြေတော့ ။
ဂျာအေး သူ့ အမေရိုက်သလို လုပ်မနေနဲ့ ။
>>>>>
ခင်ဗျား အောက်မှာ
၁။ စုစုပေါင်း လူ ဘယ်နှယောက်ရှိလဲ
၂။ အဲ့ထဲက ဘယ်နှယောက်လောက် ခင်ဗျားလို ဝင်ငွေ ကောင်းတဲ့ အဆင့်
ရောက်လာသလဲ
၃။ ဘယ်နှယောက်က
အရင်း မကျေ့တကျေလောက်နဲ့
ဝဲလည်လည် ဖြစ်နေလဲ ?
လက်လျှော့သွားလဲ
( အရင်းဆိုတာ = ထုတ်ကုန် ဝယ်ရင်းစရိတ် + ဆက်သွယ်သွားလာပြောဆို စရိတ် + သင်တန်း စရိတ် + ကုန်သွားတဲ့ အချိန်စရိတ် ) တွေ ထည့်တွက်လို့ ရပါတယ် ။
၎။ ဘယ်နှယောက်ကတော့ သိသိသာသာ အရင်း မကျေပဲ စိတ်ပျက် လက်လျှော့လိုက်ရသလဲ
၅။ အပေါ်က အချက်တွေကို
သက်သေအထောက်အထားတိတိကျကျ ( ဥပမာ အဲ့ဒီ လူတွေရဲ့ နောက်ဆုံး ၃ လစာ ပျမ်းမျှဆုကြေး တွေကို Database ထဲကနေ ဒါမှမဟုတ် သူတို့ရဲ့ ဆုကြေးစာအုပ်တွေကနေ ) ပြနိုင်ပါသလား ?
< အထူးသဖြင့် အမ Network ရဲ့ အောက်ဆုံး ၃-၄-၅ လွှာက လူတွေ ရဲ့ ဆုကြေးရရှိမှု အနေအထားတွေပေါ့ >
ဒါဆိုရင် အမရဲ့ လုပ်ရပ်ကြောင့်
ဒီ MLM စနစ်ကြောင့်
ဝင်ငွေ ကောင်းကောင်းရတဲ့လူ နဲ့
ဝင်ငွေ ကောင်းကောင်းမရလိုက်သူ /
ငွေကြေး ဆုံးရှုံးမှု ဖြစ်သွားသူ အချိုးအစား ကို အတိအကျ သိရတာပေါ့ဗျာ ။
ဒါဆို ကျန်တဲ့သူတွေ က ဒီ အလုပ်ကို
ဝင်လုပ်သင့် မလုပ်သင့်
ပို ဆုံးဖြတ်နိုင်တာပေါ့ ။
#ကိုဇင်ဇေ
#AntiMLM
#AntiPyramidScheme