ပေါင်လှန်ထောင်းခြင်း
ပေါင်လှန်ထောင်းခြင်း
~~~~~~~~~~~~
အတိတ်ကအရိပ်ပောာင်းကို ပြန်မဖေါ်ချင်ပေမယ့်...ကိုယ်ခံခဲ့ရတာ..ကိုယ်အခဲ့တာတွေကို ပြန်မပြောပြချင်ပေမယ့်လည်း....နောက်နောင်တစ်ခြားလူတွေ ကိုယ့်လိုမကြုံတွေ့ရအောင်လို့ ကိုယ့်ပေါင်ကိုယ်ပဲလှန်ထောင်းပြီးမျှဝေလိုက်ပါမယ်။
ခုတစ်လော MLM နဲ့ပတ်သက်ပြီးတော့ ဖိုက်နေကြတာတွေ့ရတယ်...
MLM ဘာလည်း...MLM ဘယ်လည်း....?
၂၀၀၆ မှာကျွန်တော်ပတ်သက်ခဲ့ဘူးတဲ့ MLM ကတော့ Bel' air လို့ခေါ်တဲ့ aroma therapy ပါပဲ။ ပြင်သစ်ကလာတဲ့ပစ္စည်းလို့ပြောတာပဲဗျ...Singapore အုပ်စုကနေတစ်ဆင့် ရန်ကုန်ကိုရောက်လာတာ။
သူ့ရဲ့လူစုဆောင်းခြင်းပုံစံကတော့ စိတ်ပညာနည်းနည်းပါတယ်ဗျ...
အရင်ဆုံး သူတို့လုပ်နေတဲ့စီးပွားရေးအကြောင်းကို ချက်ချင်းချမပြဘူးဗျ။
အဲဒီအဖွင့်ဝင်ထားတဲ့ သူငယ်ချင်းက အခွင့်အလမ်းတစ်ခုအတွက် မိတ်ဆက်ပေးချင်ပါတယ်ဆိုပြီး Summit Park-view ပာိုတယ်ကိုဖိတ်ခေါ်ပါတယ်။ ပာိုတယ်ကိုရောက်တော့ အချိန်စောနေတာနဲ့(သေချာစောချိန်းလိုက်တာပါ) သူငယ်ချင်းနဲ့ကော်ဖီဆိုင်မှာ ထိုင်ပြီးကော်ဖီသောက်ပါတယ်..သောက်နေရင်းနဲ့ သယ်ရင်းက သူ့ leader အကြောင်းကို ချီးမွန်းခန်းဖွင့်ပြီး Roll တွေတင်ပေးထားပါတယ်...ကျွန်တော်နဲ့မတွေ့ရသေးခင် သူ့ကိုအထင်ကြီးတဲ့ စိတ်ကလေးထည့်ပေးလိုက်တာပေါ့...၊ အဲဒီအချိန်မှာ သူ့ leader (up line) က မုန့်လာဝယ်ချင်ယောင်ဆောင်ပြီး ၀င်လာပါမယ်...ထိုင်နေတဲ့သယ်ရင်းက ချက်ချင်းထပြီးဖိတ်ခေါ်လိုက်တယ်...ပြီးတော့ ကျွန်တော်နဲ့မိတ်ဆက်ပေးတာပေါ့။ တစ်ကယ်တော့ အဲဒါတွေပာာ ကြိုတင်ဇာတ်တိုက်ပြီးသားပါ။ leader ဆိုတဲ့သူကလည်း စကားပြောကောင်းတယ်ဗျ...
သူဘ၀အကြောင်းတွေပြောပြသွားတာ တော်တော်များများကျွန်တော်ဖြစ်ခဲ့တဲ့အကြောင်း ကျွန်တော့်အကျင့်တွေနဲ့သွားတူနေတော့ ကြိတ်ပြီးလေးစားရပြန်ရော...၊တကယ်တော့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော်နဲ့ပတ်သက်တဲ့ အကြောင်းတွေ ၊ အမှု အကျင့်တွေ၊ ကျွန်တော့်မိသားစုအကြောင်း...လောလောဆယ်လုပ်နေတဲ့အလုပ် စတဲ့ information အားလုံးကို ဖိုင်တစ်ဖိုင်လုပ်ပြီး သူ့ leader ကို ပေးထားပြီးသားပါ...အဲဒီအချက်တွေကိုကြည့်ပြီးတော့ အညှာကိုကိုင် စကားလုံးတွေပစ်သွင်းပလိုက်တာပဲ....... အဆိုးဆုံးအချက်ကတော့ ကျွန်တော့်အဖေဆုံးတာ တစ်လမပြည့်သေးတဲ့အချက်ကို ခုတုံးလုပ်တာပါ။ အဖေ့ကိုလုပ်ကျွေးခွင့်မရလိုက်လို့ ဖီးလ်ဖြစ်နေတဲ့အချိန်ဆိုတော့ သူပြောတဲ့စကားလုံးက heart ကိုထိသွားစေခဲ့တယ်... ကျန်ခဲ့တဲ့ အမေနဲ့ညီမ ကိုပိုကောင်းတဲ့ပတ်ဝန်းကျင် ပိုပြည့်စုံတဲ့အနာဂတ်ပေးဖို့အတွက် ဒီအလုပ်ပာာအသင့်တော်ဆုံးပဲဆိုပြီး ရိုက်သွင်းလိုက်တယ်လေ...။ ပြီးမှ သူတို့ရဲ့ပောာပြောပွဲကိုတက်ခိုင်းတယ်....ကုန်ပစ္စည်းကိုမိတ်ဆက်တယ်...ဒီအလုပ်ကိုလုပ်ပြီးအောင်မြင်နေတဲ့သူတွေက သူတို့ရဲ့အတွေ့အကြုံကိုမျှဝေတယ်...။ အဲဒီအချိန်အထိက စိတ်ဝင်စားတဲ့အဆင့်ပဲရှိသေးတယ်ဗျ...
လုပ်ဖို့လည်းမဖြစ်နိုင်ဘူးလေ အဖွဲ့ဝင်ဖြစ်ဖို့က သိန်း ၁၂၀ သွင်းရမှာ...ငွေပိုဆိုလို့ စုစုပေါင်းတစ်သိန်းတောင်မပြည့်တဲ့အချိန်ဆိုတော့ ဒီတိုင်းပြန်ခဲ့တာပေါ့။
နောက်ရက်သူငယ်ချင်းက ဖုန်းဆက်မေးတယ်... လုပ်ဖို့ပိုက်ဆံမရှိဘူးပြောလိုက်တယ်...ပိုက်ဆံကအဓိကမပာုတ်ဘူး...စိတ်ဝင်စားရင်ဖြစ်တယ် နောက်တစ်ခါထပ်တွေ့ဖို့ခေါ်တယ်...။ စိတ်ကလည်းပါ အားကလည်းနာဆိုတော့ သွားတွေ့လိုက်တယ်ဗျ....ဒီတစ်ခါတော့ ကျွန်တော့် အကြိုက်ဆုံးစာရေးဆရာထဲကတစ်ယောက်အပါအ၀င်ဖြစ်တဲ့ Rich Dad Poor Dad စာရေးဆရာ Robert.T.Kiyosaki ရဲ့ ESBI အကြောင်းကိုရှင်းပြပြီး Passive income နဲ့ Franchise ဆိုတဲ့စကားလုံးတွေကိုရိုက်သွင်းပြန်တယ်... ကြွေပြီပေါ့ဗျား... ။ လုပ်မယ်ဒါပေမယ့်ပိုက်ဆံမရှိဘူးလို့ပြောလိုက်တယ်....။
နောက်ရက်ထပ်ခေါ်တွေ့တယ်..သွားတာပေါ့..ပာိုတယ်မှာထမင်းကျွေးတာဆိုတော့..... တကယ်တော့ထမင်းစားတာမပာုတ်ပဲ ငါးစာသွားစားနေမိတယ်ဆိုတာ ကိုယ်ကိုတိုင်လည်းသတိမထားမိဘူးဗျ။ ပိုက်ဆံမရှိဘူးပြောတော့ သူငယ်ချင်းက အုပ်စု (၃)စုခွဲခိုင်းတယ်... ဆွေမျိုးအုပ်စု၊ သူငယ်ချင်းအုပ်စု၊ ရင်းနှီးသူအုပ်စုဆိုပြီးတော့၊ သက်ဆိုင်ရာ အုပ်စုတွေအောက်မှာ နာမည်စာရင်းတွေတွကိုချရေးခိုင်းတယ်.... အနည်းဆုံးတော့လူအယောက်တစ်ရာ စာရင်းထွက်လာတာပေါ့။ ထပ်ပြောပါတယ်...တစ်ယောက်ကို ၅ သိန်းရအောင်ချေးအုံး ၁၂၀ မကရမှာတဲ့...။ ဒါပေမယ့်လည်း ဘယ်လိုပြောပြော သူများစီမှာငွေချေးဖို့ ကိစ္စကတော့ကျွန်တော့်အတွက် မဖြစ်နိုင်ဘူးလေ....၊ နောက်ပြီးတော့ အဖွဲ့ဝင်ဖြစ်သွားပြီးရင်လည်း
နောက်ထပ်လူငါးယောက်ရှာဖို့ဆိုတာ မလွယ်ပါဘူးလို့ပြောလိုက်တော့ စိတ်မပူနဲ့သယ်ရင်း...ငါတို့စီမှာ training ကောင်းကောင်းရှိတယ်... မင်းရဲ့ personality ကိုမြင့်ပေးမယ်...how to dealing with stranger ကိုလည်းကောင်းကောင်းသင်ပေးတဲ့ education system ရှိတယ်ဆိုပြီး ရှင်းပြပါတယ်...။ ကံဆိုးချင်တော့ အဲဒီအချိန်မှာ ကျွန်တော်တို့စုပြီးဖွင့်တဲ့ အင်တာနက်ဆိုင်လေးကို ရှယ်ယာခွဲပြီးနှတ်ထွက်လိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး ငွေတစ်ချို့ရခဲ့တယ်...အဲဒါနဲ့ဆို တစ်ဝက်လောက်တော့ အဆင်ပြေသွားတာပေါ့..ကျန်တာကိုတော့ ထုံးစံအတိုင်း အမေ့စီအပူကပ်ပြီးတော့ မီးပင်လယ်ထဲကိုတိုးဝင်ခဲ့တယ်...။ ကျွန်တော့်သူငယ်ချင်းကို အပြစ်တင်တာမပာုတ်ဘူးနော်...သူလည်း brain wash လုပ်ခံထားရပြီးတော့ သူ့ညီမကိုပါ down line အဖြစ်ထည့်ထားတာပါ..မိအေးနှစ်ခါနာပေါ့။
ကဲ..အဖွဲ့ဝင်ဖြစ်သွားပြီဆိုတော့ စလှူပ်ရှားရတော့မယ်ပေါ့....။ မလုပ်ခိုင်းသေးပါဘူး သူတို့ product အကြောင်းကိုစပြီး အလွတ်ကျက်ခိုင်းပါတယ်....ဘယ်လိုကောင်းကြောင်း စက်ရုံကပြင်သစ်မှာရှိကြောင်း ကမ္ဘာကြီးကိုဘယ်လိုကယ်တင်ကြောင်းစတာတွေကို နှုတ်တိုက်အာဂုံဆောင်ခိုင်းတယ်..ပြီးတော့ ကိုယ့်အပေါ်မှာရှိတဲ့ leader တွေကို ကျေးဇူးတင်ခိုင်းတယ်...နေ့တိုင်းကျေးဇူးတင်ရတယ်...အဲဒါတွေက ဦးနှောက်ဆေးနေတာပါ...၊ သူငယ်ချင်းကလည်း တောက်လျောက်အနားကပ်ပြီးတော့ ကူညီပေးတယ်...ဒါကတော့ သူ့leader ညွန်ကြားတဲ့အတိုင်း အနီးကပ်စိတ်ဓါတ်မြှင့်တင်ရေးတွေလုပ်ပေးတာပါပဲ...။ တစ်ပတ်လောက်အကြာမှာတော့ အဖွဲ့ထဲမှာပျော်ဝင်သွားပြီ တစ်သားတည်းဖြစ်သွားပြီဆိုရင် သူတို့ရဲ့ training စပေးပါပြီ....၊ အစောပိုင်းတုန်းက ရေးထားတဲ့လူအယောက် ၁၀၀ စာရင်းကိုဆွဲထုတ်ပြီးတော့...ဖြစ်နိုင်ခြေရှိတဲ့ potential target ကိုရှာခိုင်းပါတယ်...ပြီးတော့ သူတို့တစ်ဦးချင်းစီရဲ့ information တွေ မိသားစုရဲ့စီးပွားရေအခြေအနေတွေ သူတို့ရဲ့ဝါသနာတွေ အားနည်းချက်တွေကိုချရေးခိုင်းပါတယ်...။ ပြီးတော့ ဘယ်လိုမိတ်ဆက်ပြီးဘယ်လိုပြောရမလည်းဆိုတာသင်ပေးတယ် သူတို့ရှေ့မှာပဲဖုန်းဆက်ခိုင်းတယ်....ဖြစ်နိုင်ခြေရှိတဲ့သူဆိုရင် ပာိုတယ်ကိုချိန်းပြီးတော့ တွေ့ခိုင်းတယ်....နောက်ပိုင်းကိစ္စကတော့ ကျွန်တော်အပေါ်မှာရေးထားတဲ့အတိုင်းပါပဲဗျ...။ သူတို့ပြောတဲ့ education system ဆိုတာ တကယ်တော့ လိမ်ပုံလိမ်နည်းပါပဲ....။ စိတ်ဓါတ်ကျလာပြီဆိုရင် Dream board လို့ခေါ်တဲ့ ကိုယ်ဖြစ်ချင်တာ..ကိုယ်လိုချင်တဲ့ပစ္စည်း..ကိုယ်စီးချင်တဲ့ကားတွေကို ချရေးခိုင်းတယ်...ပြီးတော့ ဒါတွေကိုဘယ်နှစ်လအတွင်းမှာ ရအောင်လုပ်နိုင်တယ်ဆိုပြီး motivation လုပ်ပေးတော့တယ်...
တကယ်တော့လောဘကိုနှိုးဆွပေးတာပါပဲ...။
ကိုယ့်ငွေကလည်းပြန်ထုတ်လို့မရတော့ဘူးဆိုတော့ လူဆွယ်ဖို့ကိုယ်တိုင်စတင်ကြိုးစားရတာပေါ့....အားနာတတ်တာရယ် မလိမ်တတ်ရယ် ..ပာန်မဆောင်တတ်တာရယ်ဆိုတဲ့ ကျွန်တော့်အားနည်းချက်တွေက ကျွန်တော့်ကိုကံကောင်းစေခဲ့တယ်ဗျ....။ ကျွန်တော့်အောက်မှာ နောက်ထပ်လူထပ်ဆွဲမသွင်းနိုင်ခဲ့ဘူးလေ..down line မရှိခဲ့ဘူးပေါ့.... နို့မပာုတ်ရင် သူတို့ဘ၀တွေပါ ပျက်စီးသွားနိုင်တယ်...။
နောက်ပိုင်းအဖွဲ့ဝင်တဲ့သူတွေ အများအားဖြင့်က တိုင်းရင်းသားတွေများတယ်ဗျ...။ တစ်ချို့ဆို အိမ်ပေါင်ပြီးလုပ်တယ်... တစ်ချို့ဆိုရှိတာတွေရောင်းစားပြီလုပ်တယ်...တစ်ချို့ကျတော့ပုံမှန်ဝင်ငွေရှိတဲ့အလုပ်တွေကို စွန့်လွတ်ပြီးတော့လုပ်တယ်...။ နောက်ဆုံးတော့ ဘယ်လိုဖြစ်သွားကြလည်းမသိတော့ဘူးဗျ....ကျွန်တော်ကတော့ ထပ်မလုပ်နိုင်တော့လို့ အကုန်စွန့်လွတ်ပြီး အကြွေးတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ မန်းလေးကိုပြန်ခဲ့တာပဲဗျ....။ ရှိတဲ့အိမ်ကိုရောင်းပြီး ၀ိတ်လျော့လိုက်တယ်..ပြီးတော့ ပုံမှန်ဝင်ငွေရအောင် အင်တာနက်ဆိုင်ကိုပြန်ဖွင့်နိုင်အောင်ကြိုးစားလိုက်တယ်...။
ဘယ်လိုပဲကြိုးးစားစား အမဲစက်ကတော့ဖျောက်မရခဲ့ဘူး...။ အမေဆိုရင် ကျွန်တော့်အပေါ်စိတ်ဆိုးစရာတစ်ခုတွေ့တိုင်း နင့်ကြောင့် ဒုက္ခရောက်ခဲ့တာ...နင့်ကြောင့်ငါတို့အိမ်ရောင်းတဲ့တာဆိုပြီး ဆဲလိုက်ရင်...ကျွန်တော့်ရင်ထဲအပ်နဲ့ထိုးသလို နာကျင်ငိုကြွေးခဲ့ရပါတယ်...။ တစ်ကယ်ဆိုကျွန်တော်က သူတို့အတွက်ကောင်းစေချင်လို့မှားခဲ့မိတာ လုပ်ခဲ့မိတာပါ...ဒါပေမယ့်ပြောမထွက်နိုင်အောင် အာစေးကပ်နေခဲ့တယ်.....ကိုယ်လုပ်ကိုယ်ခံပေါ့...။ အဲဒီအတွက်ကြောင့် MLM ဆိုရင် ဘယ်MLM မှမကောင်းပါဘူး...။ ကျွန်တော့်ကိုအဖွဲ့ထဲဆွဲသွင်းခဲ့တဲ့ သူငယ်ချင်းနဲ့လည်း အခင်အမြင်မပျက်ခဲ့ဘူး...ခုထိအဆက်အသွယ်ရှိတုန်းပဲ သူ့ကိုလည်းအပြစ်မတင်ဘူး...။ နောက်လူတွေသာ ကျွန်တော်တို့လိုမဖြစ်ကြပါနဲ့လို့ မျှဝေပေးလိုက်ပါတယ်....
MLM ပာာ zombies လိုပါပဲ
တွေ့တဲ့လူုတိုင်းကိုလိုက်ကိုက်ပြီး ဖုတ်ကောင်ဇာတ်သွင်းတယ် အကိုက်ခံရတဲ့သူကလည်း ဖုတ်ကောင်ဖြစ်ပြီး နောက်လူတွေကိုလိုက်ကိုက်တယ် ...ကူးစက်နှန်းမြန်ပါတယ် သတိထားကြပါ....!
https://www.facebook.com/thetcho/posts/1173312766025226
Thar Cho