Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 23, 2017

ငပျင်း၊ငဖျင်း၊ငနုံ၊ငအ၊ငထူ၊ငပိန်း


 Zin Zae Lwin's Profile Photo, No automatic alt text available.
ငပျင်း၊ငဖျင်း၊ငနုံ၊ငအ၊ငထူ၊ငပိန်း
မြန်မာနိုင်ငံရဲ့ စီးပွါးရေးအခြေအနေက
ပို့ကုန်နဲနေတယ်၊ သွင်းကုန်ကပိုများနေတယ်၊ လူပိန်းနားလည်အောင်ပြောမယ်၊
ပို့ကုန်နဲလို့ နိုင်ငံခြားငွေဝင်တာနဲတယ်၊ သွင်းကုန်အတော်များနေလို့ နိုင်ငံခြားငွေ
ထွက်တာအရမ်းများနေတယ်။ ဒီတော့ ဒေါ်လာဈေးတက်တယ်၊ဒီကြားထဲ
နိုင်ငံရေးမတည်ငြိမ်ချင်ဘူး၊ဒီတော့မြန်မာငွေတန်ဖိုးကျအုံးမှာပဲ၊ ၂၀၁၈ ထိကျပ်ငွေတန်ဖိုးပြန်မတက်နိုင်ဘူး။ ထားပါတော့။ တိုင်းပြည်စီးပွါးရေးကျနေပြီ၊
ဒီကြားထဲ မြန်မာတစ်ပြည်လုံး ချမ်းသာစေချင်သူတွေကျေးဇူးကြောင့် မြန်မာငွေ
သန်းပေါင်းများစွာနိုင်ငံခြားတိုင်းပြည်ကို ထွက်သွားပြီ၊ မြန်မာပြည်သူတွေရဲ့ငွေတွေ၊ ဒါတောင်သူတို့က တိုင်းပြည်ကို ကယ်တင်ချင်တုန်း။ ဖွံ့ဖြိုးဆဲ တိုင်းပြည်ဆိုတာ အပျိုပေါက်လေးနဲ့တူတယ်၊ တိုင်းပြည်ကဆင်းရဲတော့ ဆင်းရဲတဲ့အပျိုလေးပေါ့၊အလကားရမလားဆိုပြီး လက်တဲ့စမ်းချင်တဲ့ဟာတွေလဲရှိတယ်၊ တကယ်ချစ်လို့မြေတောင်မြှောက်ပေးချင်သူတွေလဲရှိတယ်၊မုဒိန်းကျင့်ဖို့ချောင်းနေတဲ့ဟာတွေလဲရှိတယ်၊ရရင်အမြတ်၊မရရင်အရင်းဆိုပြီးတွက်နေတဲ့ဟာတွေလဲရှိတယ်၊စပွန်ဆာပေးပြီးဆော်ချင်တဲ့ဟာတွေလဲရှိတယ်။
ဒီတော့ ကျွန်တော်တို့က စောက်မြင်ကပ်လို့ အားအားယားယား အော်နေတာမဟုတ်ဘူး၊တိုင်းပြည်စီးပွါးရေး လမ်းသစ်တွေပေါ်လာချိန် အတုအယောင်တွေ၊ လူနည်းစုကောင်းစားရေးတွေ၊အလိမ်အညာတွေ ပေါ်လာမှာပဲ 18 ရာစုလောက်ကလိမ်နည်းတွေခုထိအသုံးဝင်တုန်း၊ 19 ရာစုလောက်က ကမ္ဘာ့စီးပွါးရေးကျအောင်လိမ်ခဲ့တဲ့လိမ်နည်းတွေခုထိခေတ်မှီနေတုန်း၊ ဘာလို့လဲမမေးနဲ့ လူက ၂၁ ရာစုရောက်နေပြီ.. ဦးဏှောက်အသိဥာဏ်နဲ့ဗဟုသုတက ၁၉ ရာစုလောက်မှာပဲရှိသေးလို့။တရားဥပဒေအရထိထိရောက်ရောက်မလုပ်နိုင်သေးဘူး၊ဘာလို့လဲ? အစိုးရကိုယ်တိုင်ဒီလိုလိမ်လည်မှုတွေ၊အလိမ်အညာစီးပွါးရေးတွေမှာအတွေ့အကြုံမရှိသေးဘူး၊ဘယ်လိုရှင်းရမလဲရှိသေးဘူး၊တိုင်းပြည်ကိုခုမှပြန်ပြုပြင်နေတုန်း။
ဝင်ငွေကောင်းလို့၊စီးပွါးရေးပြေလည်လို့ အလိမ်ခံရစမ်း၊ ခံသာပါတယ်ဗျာ၊
လုပ်ခလစာကနည်း၊ကုန်ဈေးနှုန်းကမကျ၊ အလုပ်အကိုင်ကရှားပါး၊ နေ့စဉ်ဝင်ငွေကနဲလာ၊လက်လုပ်လက်စားတွေ၊သာမာန်ပြည်သူတွေ ငွေလေး ၅၀၀၀ အောက်ဝန်းကျင်ရဖို့ရုန်းကန်နေရတယ်၊ ဟင်းရွက်သွားသွင်းတာ တစ်ဗန်းလုံးမှ ၂၀၀၀ ပဲပေးမယ်ဆိုလို့လှည့်ပြန်သွားရတဲ့ ဈေးသည်လဲမနေ့တစ်နေ့က မြင်တယ်။တစ်နေ့လုံး လုပ်မှ ငွေလေး ၂၀၀၀၊ ၃၀၀၀ လောက်ရတဲ့လူတွေလဲမြင်တယ်။
ဒါပေမယ့် အဲဒီပိုက်ဆံလေးတွေနဲ့တစ်နေ့တစ်နေ့ စားသောက်ရင်း စီးပွါးရေးလေးပြေလည်ဖို့ (မချမ်းသာရင်နေ၊ပုံမှန်ဝင်ငွေလေးရှိရင်တော်ပြီဆိုသူတွေအများကြီးပါ) စားဝတ်နေရေးပြေလည်လိုသူ ပြည်သူများကို လုပ်အားခေါင်းပုံဖြတ်ဖို့၊ လူမှုရေးအမြတ်ထုတ်ဖို့ (လူရှာခိုင်းတာလေ)၊ ပိုက်ဆံရှာချိန်တွေကို ဂုပ်သွေးစုပ်ပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ အချီကြီးချမ်းသာချင်တာဟာ သူခိုး၊ဓါးပြ ထက်တောင် ယုတ်မာပါတယ်၊ ဒီတော့ #Anti တွေပြောတာဘာဖြစ်လဲ??? ခုချိန်မှာတော့ စောလူးမင်းကို လာကယ်တဲ့ ကျန်စစ်သားက မကောင်းဘူးပေါ့လေ၊ အချိန်တန်လို့နွားပိန်ကန်ရင်တော့နားလည်လာမှာပါ၊အကြွေးတွေပိ၊လူမှုရေးပျက်ပြီးပေါ့လေ။ အချိန်တန်လို့နားမလည်လဲဘာမှမဖြစ်ပါဘူး...ငရဲပြည်တို့၊ပြိတ္တာဘဝတို့ရောက်ရင်သူ့အလိုလိုနားလည်သွားမှာပါ။
Thanks.
#Bryan
Robert K Sain