Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

ဒီနေရာမှာ ဇူလီယံရဲ့ အဆိုးတကာ့ အဆိုးဆုံးကိုကျနော့်ကိုပြောခွင့်ပြုပါ


 Image result for zhulian
ဒီနေရာမှာ ဇူလီယံရဲ့ အဆိုးတကာ့ အဆိုးဆုံးကိုကျနော့်ကိုပြောခွင့်ပြုပါ။ အဲ့ဒါကတော့ သံလိုက်ခါးပတ်၊ သံလိုက် လက်ပတ်ဆိုတဲ့ လိမ်လည်ရောင်းချတဲ့ ပစ္စည်းတွေပဲဖြစ်ပါတယ်။ တင်ပြထားတဲ့ ပုံထဲမှာကြည့်နိုင်ပါတယ်။ မြန်မာလိုရေးသားထားတဲ့အခါ သွေးလည်ပတ်မှု ကောင်းမွန်စေတယ်၊ ကိုက်ခဲ နာကျင်ပြောက်စေတယ်၊ အနာကျက်မြန်တယ်၊ အရိုးနဲ့ပတ်သတ်သော ရောဂါ တွေပျောက်ပါတယ်။ ဒီလိုတွေ လိမ်လည်ကြော်ငြာထားပါတယ်။ တကယ် ထိုင်းနိုင်ငံမှာဖြန့်ချီတဲ့ အင်္ဂလိပ်လိုမှာ ဒီလို လိမ်လည်ကြော်ငြာမှုတွေ မပါဝင်ပါဘူး။ ဘာသာပြန် -M ခါးပတ်၊ သက်တောင့်သက်သာ ဖြစ်ပြီး အကြမ်းခံပါတယ်။ ထူးခြားဆန်းသစ်လို့ ချစ်မြတ်နိုးသူတွေအတွက် လက်ဆောင်ကောင်းဖြစ်ပါတယ်။ ဒီလက်ဆောင်ဟာ တကယ်ပဲ ထူးခြားပြီး သူ့အပေါ်မှာ ဘယ်လောက် အရေးထားတယ်ဆိုတာ ဖော်ပြတာပါပဲ။ မွေးနေ့ပွဲ၊ နှစ်ပတ်လည်၊ မင်္ဂလာဆောင် တွေမှာ လက်ဆောင် ပေးနိုင်ပါတယ်။ ဒီခါးပတ်ရဲ့ တခြား အားသာချက်က အကျဉ်းအကျယ် ညှိပေးလို့ရပါတယ်။ M ခါးပတ်ဟာ စတိုင်နဲ့ ဒီဇိုင်းကို စတီး ရောင် တင်ထားပြီးသားရည်အစစ်ပြုလုပ်တဲ့အပြင် ဇီဝ သံလိုက် ပါဝင်ပါတယ်။ ဒီခါးပတ် ဟာဖြင့် ဘယ်ပွဲတိုင်း မဆို အသင့်တော်ဆုံးဖြစ်ပြီး၊ ပေါ့ပါးတဲ့ စတိုင်၊ ခန့်ထည်တဲ့ စတိုင် ဘယ်ပုံစံနဲ့ မဆို သင့်တော်ပါတယ်။- သူတို့ပြောတဲ့ ၀င်ရိုးစွန်း သံလိုက် ဆိုတာ သဘာဝအရရော၊ သိပ္ပံပညာ အရပါ မရှိပါ။ သဘာဝ သံလိုက်ကို lodestone လို့ခေါ်ပြီး သံလိုက်မှုံပါဝင်တဲ့ ကျောက်တုံးတွေဖြစ်ပါတယ်။ ၂ လက်မပတ်လည် တစ်တုံးကို ၁၀ ဒေါ်လာခန့် ရှိပါတယ်။
ဒါဟာ ဘာကို ပြတာလဲဆိုတော့ မြန်မာနိုင်ငံမှာ စားသုံးသူကာကွယ်ရေး ဥပဒေ အားမကောင်းတဲ့အချက်ကို ပျော့ကွက်နင်းတာပါ။ စားသုံးသူကာကွယ်ရေးအဖွဲ့တွေ မရှိသေးတာကို အခွင့်အရေးယူတာပါ။ ဒါမျိုးတွေကို ကျေးလက်တွေအထိ ထိုးဖောက်တာဟာ ထိုင်းနိုင်ငံက ယုတ်မာတဲ့ စီးပွားရေးသမားတွေဟာ ပြောင်းလဲစ မြန်မာပြည်ကို စီးပွားရေး အဓမ္မကျင့်တာပါခင်ဗျာ။ မြန်မာပြည်ရဲ့ တိုးတက်လိုတဲ့ လူငယ်တွေကို နေ့ချင်းညချင်း သူဌေးဖြစ်တော့ မယောင် အမှန်တစ်ဝက် အမှားတစ်ဝက် အယူအဆတွေ ဦးဏှောက်ထဲရိုက်သွင်းပြိး မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်သစ်အားအင်တွေကို ဖျက်စီးပစ်တာပါခင်ဗျာ။ ဒါတွေကို ကျနော်တို့ မြန်မာနိုင်ငံသား အချင်းချင်း ရိုင်းပင်းပြီး ဆန့်ကျင်ကြရအောင်လားခင်ဗျာ။
ပုံများကို၊ ၊ ဇူလီယံ website, Singapore shopping site၊ ဇူလီယံ မန်ဘာတစ်ယောက်မှ Share ထားသောဆီမှလည်းရယူပါတယ်။ကျေးဇူးပါ။
https://www.facebook.com/groups/zhulian.victims/permalink/212062942560281/
zinzae