Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

မကောင်းတာတွေကိုတော့လူတိုင်းပြောတတ်ကြတယ် ဝေဖန်တတ်ကြတယ်


>>> မကောင်းတာတွေကိုတော့လူတိုင်းပြောတတ်ကြတယ် ဝေဖန်တတ်ကြတယ်
ကောင်းတာဘာလုပ်ရမလဲဟေ့ <<<
ရိသလိုလို ရွဲ့သလိုလို လာမေးနေတဲ့
MLM က ပွန်းလေးတွေ လာ လာမေးလေ့ရှိတဲ့ မေးခွန်း တစ်ခုပါ ။
MLM ခေါင်းဆောင်တွေကတော့
MLM မလုပ်တော့ရင် ဘာလုပ်မလဲဆိုတဲ့ Plan ရော ၊
MLM လုပ်နေရင်းနဲ့ ဘာတွေ တွဲလုပ်ထားရမလဲဆိုတဲ့ Plan ရော
ကောင်းကောင်း ရှိတတ်ကြပါတယ် ။
တကယ်က ဒီမေးခွန်းကို Anti-MLM တွေကို လာမေးရမှာ မဟုတ်ပဲ
ခင်ဗျားတို့ MLM ခေါင်းဆောင်တွေကို ခင်ဗျားတို့မေးရမှာပါ ။
ဒါပေမယ့် လိုတိုရှင်း ဖြေပေးလိုက်ပါတယ် ။
ဘာလုပ်ရမလဲ ဆိုတာ လူတစ်ဦးချင်းရဲ့ အသိပညာ ၊ အတတ်ပညာ ၊
အတွေ့အကြုံ ၊ အရည်အချင်း တွေနဲ့ ဆိုင်တယ်ဗျ ။
သူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် အနေအထား ၊
အချိန်အခါနဲ့လည်း ဆိုင်တယ် ။
" လူတိုင်း ဒီ အလုပ် လုပ်လို့ရတယ် ။
လူတိုင်း ဒီ အလုပ် လုပ်ကြပါ " <<< ဆိုတာမျိုးကို
ခပ်ညံ့ညံ့ MLM သမားတွေပဲ ပြောလေ့ရှိကြတယ် ။
ဘယ် Professional မှ ဒီစကားမျိုး လွယ်လွယ် မပြောဘူး ။
ဟုတ်ပြီလား ?
ဒီစာလေးလည်း အစအဆုံး သေချာသွားဖတ်ကြည့် !!!
>>> MLM နွံ ထဲက တကယ် ရုန်းထွက်ချင်ပြီလား ?
MLM / Network Marketing အစား
တခြား လုပ်ငန်း ပြောင်းလုပ်ချင်ရင် ရနိုင်တဲ့ နီးစပ်တဲ့
အသက်မွေး ဝမ်းကြောင်း လုပ်ငန်း ( ၁၀ ) မျိုး
https://www.facebook.com/zin.zae/posts/1437473169615229
 Zin Zae