Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

စိတ်ကုန်တယ် စိတ်တိုတိုနဲ့ဘဲပြောရဦးမှာဘဲ


 Image result for qnet
စိတ်ကုန်တယ် စိတ်တိုတိုနဲ့ဘဲပြောရဦးမှာဘဲ
အလုပ်လိုအပ်နေတဲ့အချိန်မှာ အချိန်ပိုင်း
အလုပ်ရှိသည် အချိန်ညှိလုပ်လို့ရတယ်
ဆိုလို့ ဖုန်းဆက်မေးမိပါတယ် အလုပ်
အကြောင်းလာမှဆွေးနွေးရအောင်ဆိုလို့
သူတို့ချိန်းတဲ့နေရာသွားတွေ့ မိပါတယ်
Moon Backery အပေါ်မှာ8လွာမှာပါ
သွားတော့မှရှင်းပြလေရဲ့ ပထမသတိထားမိတာက ရှင်းပြသူရဲ့
မျက်လုံးတွေပါ ရိုးသားမှု့ လုံးဝမရှိပါ
ပြောနေရင်း မျက်လုံးကတောင်ကြည့်မျောက်ကြည့်နဲ့
ဒါပေမယ့်သူရှင်းပြတော့လဲအဟုတ်ဘဲ
ပညာတော့ရခဲ့ပါတယ် ဟုတ်သလိုလိုဘဲ
အာ့ပေမယ့်သိနေတယ် ရှင်းရှင်းဘဲမေးလိုက်တယ် ကျမအချိန်ပိုင်းအလုပ်လိုချင်တာပါ
ဒီမှာငွေမရင်းနှီးရင်အလုပ်မရဘူးလားမေး
တော့ ဟုတ်ကဲ့မရပါဘူးတဲ့ ယဉ်ယဉ်ကျေးကျေးပါဘဲ အာ့နဲ့ကိုယ်လဲ
အချိန်ပေးရှင်းပြပေးတာကျေးဇူးပါလို့
ပြောပြီးပြန်လာခဲ့တယ်လေ
သေချာတာက အချိန်ပိုင်းအလုပ်(သို့)အချိန်
ပြည့်ဘဲဖြစ်ဖြစ် အလုပ်ရမယ်ဆိုတဲ့မျှော်လင့်
ချက်နဲ့ မဖျားယောင်းစေချင်ပါဘူး တကယ်အလုပ်လုပ်ချင်သူတွေကို လမ်းလွဲစေခဲ့တာပါ ပိုက်ဆံလိုချင်လို့အလုပ်လိုပါတယ်ဆိုမှ
သူတို့ကြောင့်မျော်လင့်ချက်ပျက်ခဲ့တယ်
မှတ်ချက်=ကျမကိုယ်တိုင်အင်တာဗျူးအမြန်လာပါဆိုလို့ Taxiနဲ့ အသွာ3း000ကုန်ခဲ့ပါတယ်အပြန်ကုန်ကျစရိတ်နဲ့မိုးချူပ်လို့အောက်ဆိုဒ်ကားစီးခဲ့ပါမပါပါ
ကျမလို လာအလိမ်ခံတဲ့လူတွေစားပွဲဝိုင်းတိုင်းမှာလဲအများကြီးတွေ့ ခဲ့ပါတယ် Q net ရယ်
https://www.facebook.com/groups/myanmarmlmtruth/permalink/560934550766368/
မေဖြိုး