Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

သူ​ဌေးဖြစ်​ဖို့ တသက်​မှာတကြိမ်​ဝယ်​ပါ


 Image result for qnet
"သူ​ဌေးဖြစ်​ဖို့ တသက်​မှာတကြိမ်​ဝယ်​ပါ''...ဆယ်​သိန်းနီးပါးရင်းပါဆိုတဲ့ စကားများလာ​ပြောခဲ့ရင်​ ​သေချာနားနဲ့ နား​ထောင်​လိုက်​ပါ..ပီးရင်​ ဒီစာ​လေးကို ဖတ်​ပြီးဦး​နှောက်​နဲ့ချင့်​ချိန်​နိုင်​ပါ​စေ.....သူတို့ရဲ့ဆွယ်​စကားကို တခြားမတူညီတဲ့ဘက်​က ​တွေးထားတာ​လေး​တွေပါ...
ကိုယ်​နဲ့သိတဲ့​ကောင်​​လေးတ​ယောက်​(အခုမှ ပထနှစ်​စတတ်​တာပါ) ပိုက်​ဆံလှမ်း​ချေးတယ်​..ဘာလို့လဲ​မေး​တော့ စီးပွား​ရေးလုပ်​ချင်​လို့တဲ့..ထင်​​တော့ထင်​လိုက်​တယ်​..mlmလားလို့ပဲ..​ဒါ ​ပေမယ့်​တိုက်​ရိုက်​​မေးလို့မ​ကောင်း​တော့ အခုDayတတ်​​နေတာ အချိန်​ပိုင်းအလုပ်​ရှာမလို့လား​ပေါ့..သူက မဟုတ်​ဘူး..ကျွန်​​တော့်​ကို သူငယ်​ချင်းတ​ယောက်​က ရှယ်​ယာ​ခေါ်တာတဲ့... ​(သေချာသွားပီ..၅၀ရာခိုင်​နှုန်း😂) မေးလိုက်​​တော့လဲ အဟုတ်​..q netကပါတဲ့.. အဲ့မှာစပီး တရား​ဟောရ​တော့တယ်​..
နင်​အလုပ်​လုပ်​ချင်​တာ ဘာလို့လဲဆို​တော့ ပိုက်​ဆံရှာချင်​လို့ပါတဲ့...​အေး..နင်​ကပိုက်​ဆံရမယ့်​အလုပ်​ကို လုပ်​မှာဆိုရင်​ နင့်​ဆီက အရင်​ဘာလို့​ငွေစိုက်​ရမှာလဲ​မေး​တော့ သူတို့က ခဏပဲ ပီးရင်​ပြန်​ရမယ်​လို့​ပြောတယ်​တဲ့... အလကားယူမှာလဲ မဟုတ်​ဘူး..အဲ့ဒါနဲ့ တန်​တဲ့ တန်​ရာတန်​​ကြေးပစ္စည်းတခုပြန်​ရမယ်​ဆိုပဲ...ရယ်​ချင်​သွားမိတယ်​..ဘယ်​ လိုများမသိတဲ့ က​လေးစိတ်​​တောင်​မ​ပျောက်​​သေးတဲ့လူ​တွေကို ​ပေါက်​ကရ​ပြောပီး ဆွယ်​နိုင်​ရပါလိမ့်​... အဲ့တာနဲ့ အဲ့ဒီကုမ္ပဏီနဲ့ပတ်​သတ်​တဲ့ အချက်​အလက်​အမှား​တွေကို​ပြောပီး သူ့ကိုတားလိုက်​ရတယ်​.. သူကလဲ နားလည်​လွယ်​တယ်​..မလုပ်​ဖြစ်​​တော့ဘူးတဲ့....
အဲ့​ကောင်​​လေးနဲ့​ပြောရင်းသိလာတာက သူတို့ရဲ့ ဓာတ်​ပြား​ဟောင်းဆွယ်​နည်း​တွေကိုပါ..ဘာလို့လဲဆို​တော့ သူတို့​တွေ ကိုယ့်​ကို လွန်​ခဲ့နှစ်​နှစ်​(sis second yearတုန်းက) ဆွယ်​ခဲ့ဖူးတယ်​...အခုနှစ်​နှစ်​ကြာသည်​ အထိဘာလို့များ နည်းလမ်း​တွေမ​ပြောင်းပဲ ဆွယ်​​နေတာပါလိမ့်​??
>>>>အခု​ပြောမှာ​တွေက ညီမရဲ့အတွေးပါ..ညီမရဲ့အသက်​ နှစ်​ဆယ်​မပြည့်​​သေးပါ...​ကျောင်းလဲမပီး​သေးပါ..ဒါ​ပေမဲ့ တတ်​သိသ​လောက်​ ဆင်​ခြင်​မိသ​လောက်​​ပြောတာပါ..အချက်​အလက်​​တွေ သီအိုရီ​တွေထက်​ အရှင်းဆုံး​တွေးနည်း​တွေပါ....သက်​ဆိုင်​သူ​တွေက​တော့ အမှန်​တရား​လေး​တွေပါလို့နည်း​နည်းစပ်​ပါမယ်​..😊😊
သူတို့​တွေက သူတို့ရဲ့ကုမ္ပဏီပိုင်​ရှင်​နဲ့ ​ဒေါ်အောင်​ဆန်းစုကြည်​တို့ ပွဲတခုမှာ​တွေတဲ့ပုံကို ဗန်းပြပီး ​ပြောပါတယ်​..သူတို့ကုမ္ပဏီကို ​ထောက်​ခံသလိုလို​တွေ​ပေါ့..ပြန်​​မေးကြည့်​ပါ​သေချာရဲ့လားလို့..ပြီး​တော့ ကိုယ့်​ဟာကိုယ်​စဉ်းစားကြည့်​ပါ..ဒီလို နာမည်​ကြီးပုဂ္ဂိုလ်​မျိုးနဲ့​တွေခဲ့ရင်​ ကိုယ်​​ရော ဓာတ်​ပုံကို အခွင့်​အ​ရေးရရင်​ မရိုက်​ပဲ​နေမလား?? ဒါ​ပေမဲ့ အဲ့လိုကြုံတုန်းကြိုက်​တုန်း အမှတ်​တရရိုက်​ထားတဲ့ ဓာတ်​ပုံကိုပြပီး အဲ့ဒီပုဂ္ဂိုလ်​နဲ့ အရမ်းခင်​တယ်​ သူကကိုယ့်​ကိုဘာလုပ်​လုပ်​​ထောက်​ခံတယ်​လို့ ​ပြောတဲ့လူရှိလာရင်​ယုံကြည်​မလား...စဉ်းစားကြည့်​ပါ..
ဘာစပွန်​ဆာညာစပွန်​ဆာ​ပေးတယ်​​ပြောတယ်​..​ငွေရှိရင်​ အားလုံးကို စပွန်​ဆာ​ပေးလို့ရတယ်​..အဲ့ဒီ​ငွေ​တွေကလည်း ကိုယ်​ပဲရှာ​ပေးရမယ်​ဆိုတာ မ​မေ့ကြပါနဲ့..
နောင်​အများဆုံးတနှစ်​ အနည်းဆုံး လပိုင်း​လောက်​ဆိုတာနဲ့ ပိုက်​ဆံပြန်​ရမယ်​​လို့ သူတို့ကတွက်​ကိန်းနဲ့ပြောကြတယ်​...ညီမ အဲ့ကုမ္ပဏီထဲဝင်​တဲ့လူ​တွေထဲမှာအရင်း​ကြေတာ မ​တွေ့ဖူးပါဘူး..ကိုယ့်​ဟာကိုယ်​အရင်းကြေ​တော့မယ်​ ​ဆိုတဲ့မျှော်​လင့်​ချက်​နဲ့ အဖက်​ဖက်​က​နေ လုံးပါးပါးလာတဲ့လူ​တွေကိုပဲ ​တွေ့​နေရပါတယ်​... လက်​​တွေ့ပါ....နှစ်​​ယောက်​မက သုံး​ယောက်​မက ​တွေ့​နေတာပါ...
ဆွယ်​တဲ့လူက​ပြောပါမယ်​.. သူဆို တပတ်​ကို ​ဒေါ်လာနှစ်​ရာသုံးရာ ရ​နေပီ​ပြောပါတယ်​...အဲ့ဒီအချက်​က​တော့ရှင်းပါတယ်​..အဲ့လိုရ​နေတဲ့လူရဲ့ အဝတ်​အစားကိုသာရှိုးလိုက်​ပါ..😂 အ​နောက်​တိုင်းဝတ်​စုံပြည့်​ဝတ်​တိုင်း ​ဈေးကြီးမယ်​မထင်​နဲ့​နော်​...ရင်​ဘက်​ကတံဆိပ်​ကိုသာကြည့်​လိုက်​ပါ.. တပတ်​ကို သုံးသိန်း​လောက်​ဝင်​​နေတဲ့လူက အနည်းဆုံး​လူ​မွေးသူ​မွေး​ပြောင်​​အောင်​ဝတ်​နိုင်​ရပါမယ်​..တခါတ​လေ သူ့အထက်​လိုင်းက လူကရ​နေတာ​ပြောချင်​​ပြောပါတယ်​..ကိုယ့်​မျက်​စိနဲ့မြင်​ရတာမဟုတ်​တဲ့အတွက်​ ပို​တောင်​မယုံသင့်​ဘူး​လေ..အ​ကောင်းဆုံးက သူတို့incomeကိုသာ​တောင်းကြည့်​ပါ..eg..ဘဏ်​စာအုပ်​​ပေါ့..ပိး​တော့လုပ်​ တာဘယ်​​လောက်​ကြာပြီလဲ တပတ်​ကိုရတယ်​ဆိုတဲ့ ပိုက်​ဆံကဘယ်​မှာလဲ ​တွေဘာ​တွေ​မေးပါ..​ခေါင်းပဲမငြိမ့်​ပါနဲ့..​ကိုယ်​ဦး​နှောက်​က မေးခွန်းမထုတ်​လေ လက်​ခံတဲ့ဘက်​ကိုသွား​လေဆိုတာမမ​ပေါ့နဲ့...
သူတို့ရဲ့တူညီမှုတခုက ဘာလဲဆို​တော့ပိုက်​ဆံမ​စိုက်​​ပေးတာပါ..ပိုက်​ဆံမ​ချေးပါနဲ့..စိုက်​ခိုင်းပါ..​ချေးတယ်​ဆို ​နေ့တိုး​တွေဆီက ဆွဲပီး​တော့ ​ချေး​ပေးလိမ့်​မယ်​..အရင်းမ​ကျေရင်​ ကိုယ်​ကပဲ ပြန်​ဆပ်​ရပါမယ်​..အဲ့​တော့ စိုက်​ခိုင်းပါ...(အဲ့လိုအကျင့်​က​​လေးတော့ ယုတ်​တတ်​ရမှာ​ပေါ့😁😁) အစထဲက​ပြောပါ..ငါ့ကိုစိုက်​​ပေးပါ..နင်​​ပြောသလို ခဏ​လေးနဲ့ပြန်​ရမယ်​ဆိုတာ ​သေချာရင်​ အခုခဏစိုက်​ထား..နင်​​ပြောသလို​အောင်​မြင်​လာမယ်​ဆိုတာရင်​ ပြန်​​ပေးမယ်​​ပြောပါ...​သေချာပါတယ်​..သူတို့အဲ့လိုအလုပ်​ လုံးဝမလုပ်​ပါဘူး..​ပြောပါလိမ့်​မယ်​..ငါတို့က ပိုက်​ဆံမ​စိုက်​ချင်​လို့ ​ငြင်းတာမဟုတ်​ဘူး..ကိုယ့်​ပိုက်​ဆံနဲ့ကိုယ်​လုပ်​မှ ပိုပီးကြိုးကြိုးစားစားနဲ့လုပ်​မှာမို့ ပိုပီး​အောင်​မြင်​မယ်​​ပြောမှာပါ..အဲ့လိုသာဆို Bull shitလို့သာပြန်​​ပြောလိုက်​ပါ​တော့..😁
သူတို့​တွေဆွယ်​တဲ့အခါ ကိုယ့်​ရဲ့အားနည်းချက်​ကို မူတည်​ပီးဆွယ်​ကြပါတယ်​...ကိုယ်​​တွေတုန်းကဆို coupleလိုက်​စွယ်​တာပါ..​နောင်​နှစ်​နှစ်​ကြာရင်​ ခမ်းခမ်းနားနားမင်္ဂလာမ​ဆောင်​ချင်​ဘူးလားလို့ မိန်းက​လေးဆိုရင်​ မိဘကို​ပျော်​ရွင်​​အောင်​မထားနိုင်​ဘူးလား ​ယောက်​ကျား​လေးကို ​ငွေကို ​ရေလိုမသုံးချင်​ဘူးလား...လွယ်​လွယ်​နဲ့ဘာမှမလုပ်​ပဲပိုက်​ဆံမရချင်​ဘူးလား​ တွေ​ပေါ့..သတိထားပါ..အဲ့အလုပ်​လုပ်​တိုင်းသာ ​အောင်​မြင်​မယ်​ဆို သူတို့ရဲ့ တ​ဆွေတမျိုးလုံးကို အဲ့ကုမ္ပဏီထဲမှာ ထည့်​ထားမှာ​ပေါ့... သူတို့​ပြောတဲ့​နောင်​နှစ်​နှစ်​ဆိုတာကြီးကို sisအခုဆို​ကျော်​ဖြတ်​ပီးသွားပါပီ... အဲ့ဒီတုန်းက ​နှောင်​နှစ်​နှစ်​​လောက်​​စောင့်​ရင်​ ငါတို့ကြီးပွားတိုးတတ်​​တော့မှာ ဆိုတဲ့လူ​တွေ ကားဆိုရင်​ လန်​​ဘော်​ဂနီမှ စီးချင်​ပါတယ ဆိုပီး ကြုံးဝါး​နေတဲ့လူ​တွေ အခုထိ taxi​တောင်​မှန်​​အောင်​မစီးနိုင်​​သေးသလို ပိုက်​ဆံငါး​ထောင်​​လောက်​​ချေးပီး ပြန်​မဆပ်​နိုင်​လို့ပတ်​​ပြေး​နေတဲ့လူ​တွေဖြစ်​​နေတုန်းပါ... ​နောက်​ထပ်​နှစ်​နှစ်​ ကြာလဲ အဲ့တိုင်းဖြစ်​​နေဦးမယ်​ဆိုတာလဲ​သေချာပါတယ်​...အ​သေးစိတ်​မ​ရေးတာက PA ​တွေမပါချင်​လို့ပါ..😁
နောက်​တခုက sis အရမ်း​ဒေါသထွက်​တဲ့ကိစ္စတခုပါ... အဲ့လို ခမ်းနားကြီးကျယ်​လွန်းလှတဲ့ စီးပွား​ရေးကြီးကိုအရမ်း​စိတ်​ဝင်​စားလွန်းလို့ သူတို့​​တောင်​ ကျောင်းထွက်​ပီးဒီလုပ်​ငန်းမှာ စိတ်​​ရောကိုယ်​ပါနှစ်​ပီး အချိန်​ပြည့်​လုပ်​​နေရတယ်​ လို့​ပြော​နေတဲ့ပါးစပ်​​တွေကို အပ်​နဲ့ အထပ်​တရာ​လောက်​ချုပ်​ပစ်​ချင်​ပါတယ်​... အဲ့လိုအ​ပြော​တွေ​အောက်​မှာ ​ကျောင်းသား​တွေအများကြီး လမ်း​ပျောက်​ကုန်​တယ် အချိန်​​တွေကုန်​သွားပီဆိုတာ သူတို့မသိကြတာလား..တမင်​ ယုတ်​မာ​နေကြတာလား.. အဲ့ဒီလို ​ကျောင်းထွက်​ခဲ့တဲ့လူ​တွေ(တစ်​​ယောက်​ထဲမဟုတ်​ဘူး​နော်​ ...အများကြီးပဲ..မျက်​စိ​ရှေ့တင်​​တွေ့​နေရတာ) အခုထိဘာမှမဖြစ်​ကြ​သေးဘူး..အပြင်​​ရောက်​ပီး စိတ်​​တွေ​လေ ဘာမှဖြစ်​မလာတာကြီးကို ​မျှော်​မှန်းပီး ဆင်​ဟိုဟာ​ခွေး​မျှော်​သလို ဖြစ်​​နေတာ...​မျှော်​​နေတာ အ​ရေးမကြီးဘူး..အဲ့ဆင်​က ချီးပါချရင်​ ချီးပိ​သေမှာမြင်​​ယောင်​​သေးတယ်​😒😒..ငယ် ​ငယ်​ထဲက​နေ တက္ကသိုလ်​​ရောက်​တဲ့ထိ သင်​​ပေးခဲ့တဲ့လူ​တွေမှ အားမနာပဲ စဉ်းစားဥာဏ်​မရှိ​ကျောင်းထွက်​ အဲ့ကုမ္ပဏီက တ​နေ့ကျရင်​ ထွက်​​ပြေးမှ ​မျောက်​သစ်​ကိုင်းလွတ်​ကြကုန်​မှာ.. လူဆွယ်​ယုံသက်​သက်​မဆွယ်​ပဲ ငါလဲ​ကျောင်းထွက်​ပီး ဒီစီးပွား​ရေးပို​စောက်​ချ​လုပ်​​နေတယ်​..မင်းလဲ​အောင်​မြင်​ချင်​ ငါ့လိုလုပ်​ဆိုပီး မင်းလဲချီးစား ငါလဲစားမယ်​ဆိုမယ့်​ စကား​တွေမ​ပြောသင့်​​တော့ဘူး.. လွန်​ခဲ့တဲ့ နှစ်​နှစ်​က sisလည်း​ပြောခံခဲ့ရသလို အခုလဲ အ​ပေါ်က​ကောင်​​လေးကို ရှင်းပြတဲ့လူက အဲ့စကား​ပြောတယ်​..တကယ်​ကို အကုသိုလ်​များမိပါတယ်​...😡😡
သူတို့က​ပြောပါလိမ့်​မယ်​...ပိုက်​ဆံရှိရင်​ ဘာမှ မလို​တော့ဘူး.. အခုသင်​​နေရတဲ့ ဘွဲ့​တွေ သင်​တန်း​တွေပညာ​ရေး​တွေက သူတို့ စီးပွား​ရေးနဲ့မလိုပါဘူးလို့​ပေါ့... ဟုပါပီ... လမ်း​ဘေးမှာ ​ဈေး​ရောင်းမယ့်​​ဈေးသည်​က ပညာတတ်​ဘွဲ့ရတ​ယောက်​ဖြစ်​ရမယ်​လို့ ကန့့်သတ်​ချက်​မရှိပါဘူး.. ဒါ​ပေမဲ့ ရုံးဒါမှမဟုတ်​ ကုမ္ပဏီတခုခုမှာ အဆင့်​အတန်းရှိမယ့်​ လူ​တောတိုးမယ့်​​ရာထူးတခုအတွက်​က​တော့ ဘွဲ့​တွေ ဒီပလိုမာ​တွေ လက်​မှတ်​​တွေလိုအပ်​ပါတယ်​...အဲ့ဒါကို သူတို့ရဲ့ နွား​ခြေရာခွက်​နဲ့တိုင်းပီးများယှဉ်​ချင်​​နေတာပါလိမ့်​....
ကျောင်းထွက်​​ခိုင်းတယ်​ဆို တခုခုစဉ်းစားပါ... ဒီလုပ်​ငန်းမှာ ငါ​အောင်​မြင်​မှာ​သေချာရဲ့လား...ငါလုပ်​​နေတာမှန်​ရဲ့လားဆိုတာကိုပါ​ တွေးကြည့်​ပါ... တ​နေ့​နေ့တချိန်​ချိန်​ ကိုယ်​က အ​လေးထားရမယ့်​လူတ​ယောက်​​ယောက်​က ကိုယ့်​ကိုဘာအလုပ်​များလုပ်​​နေလဲ​မေးခဲ့ရင်​ အရမ်းကျိကျိတတ်​ချမ်းသာ​နေရင်​ ကိစ္စမရှိ​ပေမယ့်​ သာမန်​အ​ခြေအ​နေမျိုးမှာ ''ဟုတ်​ကဲ့...ကျွန်​​တော်​/ကျွန်​မ က​တော့ mlmလုပ်​​နေပါတယ်​...ဘာဘွဲ့မှလဲမရ​သေးပါဘူး'' လို့​ခေါင်းငုတ်​ပီးတိုးတိုး​လေး​ ပြောလိုက်​တဲ့အခါမှာ ခံစားရမယ့်​သိမ်​ငယ်​မှုကို ခံနိုင်​ရည်​ရှိရဲ့လားဆိုတာ​တွေး​ပေးပါ.. mlmဆိုတာ ​မေတ္တာထားချင်​စရာမ​ကောင်းတဲ့ အလုပ်​တခုဆိုတာ ​တော်​​တော်​များများသိ​နေပါပီ..အခုထိ သူတို့ရဲ့ အ​ပေါ်ဆုံးက သူ​ဌေး​တွေကလွဲရင်​normal memberထဲမှာ ချမ်းသာ​နေတာမ​တွေ့ဘူး​သေးပါဘူး...
ဝန်​ထမ်းအလုပ်​ကို အထင်​​သေးပါတယ်​ဆိုတဲ့ mlm​တွေအတွက်​​ပြောချင်​ပါတယ်​..သူတို့က သူတို့ပညာကို​ရောင်းစားပီးတန်​ရာတန်​​ကြေးကို လိပ်​ပြာသန့်​သန့်​နဲ့ယူ​နေတာပါ...လူတ​ယောက်​ဝင်​လာတိုင်း ကိုယ့်​ရဲ့ဂျင်းမိသွားတိုင်း ​ပျော်​ရွှင်​​နေတဲ့လူတန်းစားမဟုတ်​ပါဘူး...ကိုယ်​မှာ bonus ဆိုတဲ့မဖြစ်​စ​လောက်​​ငွေ​လေးကို ထုတ်​ယူလိုက်​တဲ့အချိန်​မှာ ကိုယ်​ရှာ​ပေးတဲ့ သိန်းဆယ်​ဂဏန်း​ပေါင်းများစွာ ဘယ်​​လောက်​များသူတို့ဆီဝင်​သွားပီလဲ စဉ်းစားပါ..ကိုယ်​က အရိုးပဲရတာပဲ.. အရိုး​တောင်​မှ သူ​ဌေးကအသား​တွေအားလုံးစားပီးလို့ ကျန်​တဲ့အရိုးကို upline​တွေအဆင့်​ဆင့်​ကိုက်​ပီးမှ ကိုယ့်​ဆီ​ရောက်​လာမှာပါ..
ကိုယ့်​ရဲ့အချိန်​​တွေ ​ငွေ​တွေ သိက္ခာ​တွေအားလုံးရင်းပီးမှ သူများကျန်​တဲ့ အရိုးရဲ့အရိုးကို စား​တော့မှာလား..ဆယ်​သိန်းဆိုတဲ့ ပမာဏက ကိုယ့်​ဟာကိုယ်​စွန့်​စားတီထွင်​လို့ရပါတယ်​.. အဲ့ဆယ်​သိန်းကို များ​သောအားဖြင့်​ ​ကျောင်းတတ်​​နေတုန်းလူ​တွေက ​ချေးငှါးပီးလုပ်​ရမှာပါ...အဲ့ဒီနှစ်​ရှည်​လများအ​ကြွေးဒါဏ်​ကို ခံနိုင်​ရဲ့လား... အိမ်​မသိ​အောင်​လုပ်​မယ့်​လူ​တွေကလည်း အိမ်​ကအ​ကြောင်းတခုခု​ကြောင့်​သိခဲ့ရင်​ ကိုယ့်​ကိုယုံကြည်​မှုပျက်​​တာမျိုးကို ရင်​ဆိုင်​နိုင်​ပီလား..သူတို့က​တော့​ပြောမှာ​ပေါ့..အချိန်​တန်​​ကြေမယ်​ လို့...ထပ်​​ပြောပါမယ်​..sisအဲ့လူ​တွေကို နှစ်​နဲ့ချီ​စောင့်​ကြည့်​ပီးပါပီ...ဘာမှဖြစ်​မလာ​သေးပါဘူး..သူတို့တွက်​ ကိန်းသာမှန်​ရင်​ ဒီကုမ္ပဏီကလူ​တွေဟာ အရမ်းချမ်းသာတဲ့လူ​တွေဖြစ်​​ပီ​ပေါ့..အခု​တော့ ​လေထဲပဲတိုက်​အိမ်​​ဆောက်​ပီး ​ပျော်​​မွေ့​နေကြတယ်​..
နောက်​တခုက ကိုယ်​ရဲ့မိတ်​​ဆွေအ​ပေါင်းအသင်း​တွေကို လက်​လွတ်​နိုင်​ပီလားလို့...ဒီလိုလူလိုက်​ဆွယ်​ရမယ်​ဆိုထဲက ​တွေ့သမျှလူတကာကို​အောက်​ကျ​နောက်​ကျခံပီး​ပြောရ​တော့မှာ​လေ...ကိုယ့်​ကို ခင်​တဲ့လူ​တွေကကိုယ့်​ကို ပထမတားမယ်​..ငြင်းမယ်​..​နောက်​ပိုင်း​ရှောင်​ပီး အဆက်​အသွယ်​ပါဖြတ်​ကြပါလိမ့်​မယ်​... ''လိုသုံး'' ​တွေကြားထဲမှာ​ပျော်​နိုင်​ရင်​​တော့ ဝင်​ကြ​ပေါ့.. ဝန်​ထမ်းလုပ်​ခဲ့ရင်​​တောင်​ ကိုယ့်​ရုံးကအကြီးအကဲ​တွေကိုပဲအောက်​ကျို့ခံရမှာ..သူတို့ရဲ့​ကောင်းမွန်​ လှပါတယ်​ ​ကြွေး​ကြော်​ထားတဲ့စနစ်​ကြီးက လူမြင်​တာနဲ့ ခင်​ခင်​မခင်​ခင်​ သိသိမသိသိ သွားဖြဲပြုံးပြပီး စွယ်​တရားကို ​ဟော​နေရမှာ​လေ...ဘယ်​ဟာသာလဲစဉ်းစား​ပေါ့..
ပီး​တော့ အဲ့ကုမ္ပဏီမျိုးကိုဝင်​တာနဲ့ ကိုယ့်​ပါးစပ်​က​နေ ​ပေါက်​တတ်​ကရလူမြင်​ကပ်​စရာစကား​တွေထွက်​​တော့မှာ...''ငါက လန်​​ဘော်​ဂနီမှစီးချင်​တာ ကျန်​တဲ့ကား​တွေက ​ပျော့တယ်​ဟာ စိတ်​မဝင်​စားဘူး'' (ကြည့်​​တော့ လိုင်းကား​ပေါ်မှာ)
''နင်​က ငါ့နဲ့တူတူရှယ်​ယာမဝင်​ဘူး​ပေါ့..​အေးပါ..ရတယ်​..ငါနင့်​ကိုအရမ်းချစ်​လွန်းလွန်းလို့ ငါနဲ့အတူနတ်​ပြည်​ကိုဆွဲတင်​တာ..ငါ့ညာလက်​ရုံးထားမှာ'' (အဲ့လိုအရမ်းချစ်​တယ်​လို့​အော်​​နေတဲ့လူက အရင်​ကဆို လမ်း​တွေ့ပြုံးပြ မေးထူး​ခေါ်​ပြောအဆင့်​ပဲရှိတာပါ..အခုမှ ချက်​ချင်းကြီး​ကောက်​ပီးချစ်​ပစ်​လိုက်​ကြတာ..Crushရင်​​တောင်​အဲ့​လောက်​ မြန်​​အောင်​ချစ်​နိုင်​မယ်​မထင်​ဘူး..😂😂)
"နောင်​ တနှစ်​​လောက်​ကြာငါအရမ်းချမ်းသာလာမှ နင့်​ကိုရ​အောင်​မ​ခေါ်​လေခြင်းဆိုပီး စိတ်​လာမဆိုးပြနဲ့'' (သူတို့ကပဲ ​ပြောရတယ်​ရှိ​သေး...ခုကြည့်​ပီးသွားပီ..ဘာမှဖြစ်​မလာဘူး..မဝင်​တဲ့အတွက်​ ကိုယ့်​ကိုယ့်​​တောင့်​ချီးကျူး​နေရတယ်​)
''ဖိုက်​တင်း ကြိုးစားထား....မင်း​ရှေ့မှာ တလှမ်းထဲလို​တော့တယ်​'' (သူတို့အချင်းချင်း ​အော်​ကြတဲ့စကား...တလှမ်းပဲလိုမှာ​ပေါ့ ​ချောက်​ထဲကျဖို့​လေ😂😂)
အဲ့လိုစသည်​ဖြင့်​ Normalလူတ​ယောက်​ စမြင်​ကပ်​​လောက်​​အောင်​ အရူးစကား​တွေ​ပြောတတ်​မှဝင်​ပါ... ​နောက်​ကွယ်​မှာ ကိုယ့်​ကို နှာ​ခေါင်းရှုံးပီးရယ်​​နေမယ့်​လူ​တွေကိုလဲ အခုထဲကမြင်​​ယောင်​ထားပါ...
ဒီ​ရေးထားတာ​တွေက ညီမကို​ရေးဖို့တိုက်​တွန်း​ပေးတဲ့ adminအကို​ကြောင့်​ရယ်​ ​ကျောင်းသား​တွေကို မ​ပြောင်းလဲတဲ့နည်းနဲ့ဆွယ်​​နေတုန်းဖြစ်​တဲ့ မစင်​လိုလူ​တွေ​ကြောင့်​ပါ..ညီမအဆွယ်​ခံရတုန်းက ဒုတိယနှစ်​ စစတတ်​တတ်​ချင်းပဲရှိပါ​သေးတယ်​...ကိုယ့်​ဦး​နှောက်​နဲ့ကိုယ်​ဆုံးဖြတ်​ ခဲ့ရတာပါ..အခုလို pg​တွေ anti​တွေ​ပေါလာတဲ့အချိန်​မှာ တခြားလူ​တွေနဲ့တိုင်​ပင်​ကြည့်​ပါ....သူများ​ပြောတာ ​သေချာနား​ထောင်​ပီး စဉ်းစားခြင့်​ချိန်​ကြည့်​ပါ..mlm ကလူ​တွေက ​လောဘတတ်​​နေတာပါ...ကိုယ့်​​ခေါင်းကိုတတ်​နင်းပီး သူတို့ကအ​ပေါ်ကိုတတ်​​နေကြတာ...င​တေမာဖို့အတွက်​ သူများတကာကို စကားအလှ​တွေနဲ့စ​တေးမှာပါ..
sisလွန်​ခဲ့တဲ့နှစ်​နှစ်​က မဝင်​ခဲ့လို့အခုအချိန်​မှာ ဘာအ​ကြွေးပြဿ နာမှ ကိုယ့်​ဆီမှာမရှိ​သေးပါဘူး...အဲ့ဒီနှစ်​နှစ်​ကို​ကြွေးမှီကင်းကင်းနဲ့​ နေနိုင်​ပါတယ်​....​ကျောင်းတတ်​​နေရင်းနဲ့လဲအလုပ်​လုပ်​တယ်​.. သူတို့လူ​ခြောက်​​ယောက်​​လောက်​ကို ​ခေါင်းမီး​တောက်​​အောင်​ရှာပီး စားခွက်​ လု​နေရတဲ့ ပမာဏကို ပုံမှန်​ရ​နေပါတယ်​..ဘာအလုပ်​လုပ်​လဲ​မေးတဲ့လူ​တွေကိုလဲ ယုံကြည်​မှုရှိရှိနဲ့​ဖြေနိုင်​ပါတယ်​...သူတို့​တွေ အခုချိန်​ဘာဖြစ်​​နေကြပီလဲ ဆိုတာကိုယ်​​တွေအသိဆုံးပါ...သူတို့​ထောင်​​နေကြ လက်​မ​တွေက ​ပြောင်းပြန်​ဖြစ်​​နေပီး ဆိုတာ ​ဘေးကလူ​တွေက မြင်​​နေပါပီ....ဒီpg ထဲမှာ q netက ရင်​နှီးဖူးခဲ့တဲ့လူ​တွေရှိတယ်​ဆိုတာသိတယ်​...မြင်​မယ်​ဆိုတာလဲသိတယ်​ ....သိရက်​နဲ့လည်း​ရေးတာပါ...မကြို​က်​ရင်​ Unfriလုပ်​သွားလို့ရပါတယ်​.... ​ဆွေး​နွေးချင်​ရင်​လဲ​ဆွေး​နွေးပါ... ရပါတယ်​...​နောက်​ကွယ်​လဲ အတင်းချနိုင်​ပါတယ်​😂😂....အဆုံးထိဖတ်​​ပေးလို့​ကျေးဇူးတင်​ပါ....Antiများလဲ လိုတာရှိရင်​​ထောက်​​ပေးကြပါ....😊😊

\
https://www.facebook.com/groups/qnet.victims/permalink/376710649360351/
Chaw Ei Ei Phyu