Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Double Crane နှင့် လင်ဇီး


Double Crane နှင့် လင်ဇီး
ကျနော့်ကို မိတ်ဆွေများက Double Crane နဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ဝေဖန်ခိုင်းပါတယ်။
သူတို့ ရဲ့ အရေးအပါဆုံး ထုတ်ကုန်တစ်ခုဖြစ်တဲ့ Jia Hor Nutri-Health Tablets ကို လေ့လာကြည့်ပါမယ်။ ဒီဆေးထဲမှာ လင်ဇီး ၅၀ % နဲ့ ပျားပန်းဝတ်မှုံ ၅၀% ပါဝင်တယ်ဆိုပါတယ်။ ဒီလိုပါဝင်တွေနဲ့ ပတ်သတ်ပြီး ထုတ်ကုန်ပစ္စည်းတွေကို ရှင်းပြထားတဲ့ ဗီဒီယိုလေးကို ကြည့်လိုက်ရပါတယ်။
ပထမဆုံး စပြောမှာက U.S National Library of national medicine: National institute of health ဆိုတာနဲ့ သက်သေပြပါတယ်။ သူတို့ ဗီဒီယိုထဲမှာ စာလုံးပေါင်း ကျန်သွားပါတယ်။ health မှာ th ကျန်သွားတာပါ။ သူပြောသွားတာက လင်ဇီးနဲ့ ပတ်သတ်ပြီး သုတေသနပေါင်း ထောင်ကျော် လုပ်ထားပါတယ်တဲ့။ မဟုတ်ပါဘူး။ အဲ့ဒီစာကြည့်တိုက်မှာ လင်ဇီးနဲ့ ပတ်သတ်ပြီးရေးထားတာ မှတ်တမ်း ၂၀ ပဲ ရှိပါတယ်။ မှတ်တမ်းတွေ ရှိတယ်သာ ပြောတာ။ အဲ့ဒီမှတ်တမ်းထဲက အကြောင်းတွေကျတော့ ဘာမှ ပြောပြမသွားပါဘူး။ အဲ့ဒါကြောင့် Double Crane ကပဲ ညွှန်းထားတဲ့ U.S National Library of medicine ထဲက စာတမ်း တစ်ခုကိုပဲ ကျနော် ဘာသာပြန်ပြပါမယ်။
လင်ဇီးဟာ ဒီဝေဒနာတွေ အတွက် ထိရောက်မှု မရှိပါဘူး။ သေချာ ဖတ်ပါ ထိရောက်မှု မရှိဘူးလို့ ရေးထားတာပါ။
၁။ အူမကြီး အကျိတ်
၂။ သွေးကြောပိတ်ဆို့မှု
၃။ ဆီးချို
၎။ အသည်းရောဂါ ဘီ
၅။သွေးတိုး
၆။အဆုပ်ကင်ဆာ
၇။ခြေသလုံး ကိုက်ခဲခြင်း
၈။ ကိုယ်ခံအားကောင်းစေရန်
၉။ကူးစက်ရောဂါ ကာကွယ်ခြင်း
၁၀။ ဆီးကြိတ် ကင်ဆာ
၁၁။ ပန်းနာရင်ကျပ်
၁၂။ စိတ်ဖိစီးမှု
၁၃။ကျောက်ကပ် ရောဂါ။
၁၄။ အသည်းရောဂါ၊
၁၅။ ခုခံအားကျဆင်းမှု ရောဂါ AIDS
၁၆။ ပင်ပန်းခြင်း
၁၇။ အစာအိမ်နာ
၁၈။ အဆိပ်မိခြင်း
စတာတွေနဲ့ ပတ်သတ်ပြီး စမ်းသပ်တဲ့အခါ သိသာသော ရလာဒ် မတွေ့ရပါဘူးတဲ့။
ဘေးထွက်ဆိုးကျိုး
သဘာဝအတိုင်းစားသုံးမှုမှာ အန္တရာယ်မရှိပါဘူး။ အမှုံ့ အဖြစ်စားသုံးမှာတော့ အသည်းကို ထိခိုက်နိုင်ပါတယ်။ အလာဂျီလို့ ခေါ်တဲ့ တုန့်ပြန်မှု ရှိနိုင်ပါတယ်။
ထိုနည်းလည်းကောင်းပါပဲ။ ပျားပန်းဝတ်မှုံ နဲ့ ပတ်သတ်ပြီးတော့လဲ ရေးသားထားပါတယ်။ အကိုက်အခဲ ပျောက်ခြင်း၊ ၀မ်းသွားပျောက်ခြင်း၊ ၀မ်းချုပ်ပျောက်ခြင်း စတာတွေ ဘာမှ မထိရောက်စေပါဘူးတဲ့။
အဲ့ဒါကို Double Crane MLM Company က ဘယ်လို ပြောကြားသွားသလဲဆိုတော့....
-ဆဲလ် အသစ်များ ပြန်လည်ဖြစ်စေသည်။
-ဆဲလ်အဆိပ်အတောက်ကိုကာကွယ်ပေးသည်။
-ကင်ဆာ ရောဂါတိုက်ထုတ်ပေးနိုင်သည်။
-ကင်ဆာဖြစ်စေနိုင်သော ဆဲများကို ပယ်ရှာပေးနိုင်သည် လို့ ဖြစ်ပါတယ်။
လင်ဇီးဖြစ်ရပ်မှန်
တကယ်တော့ လင်ဇီးဆိုတာ တရုတ်နိုင်ငံမှာ နှစ်ပေါင်းမြောက်များစွာထဲက ပရတိုင်းရင်းဆေးအဖြစ် သုံးလာကြတဲ့ မှို ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ဆေးဖက်မ၀င်တဲ့ အပင်မရှိဘူးဆိုတဲ့ ဆိုရိုးအတိုင်း ဆေးဘက်ဝင်ပါလိမ့်မယ်။ ကျနော်ဟာ သိပ္ပံ ပညာကိုလိုက်စားရုံမက ၀ိဇ္ဇာရှေးဟောင်း အတတ်တွေကိုလည်း ပစ်ပယ်တဲ့သူမဟုတ်ပါဘူး။ National Library of Medicine မှာလည်းပဲ လင်ဇီးမှာ ကိုယ်ခံ စွမ်းအားတက်စေနိုင်တဲ့ ဒြပ်ပေါင်း ပါဝင်သလို၊ ကင်ဆာ ဆန့်ကျင်တဲ့ ဓါတ်သဘာဝလဲ ပါဝင်တယ်ဆိုတာ ဖော်ပြထားပါတယ်။ ဒါကြောင့် တိုင်းရင်း ဆေး အဖြစ် သုံးပါတယ်။ Bee Pollen လို့ခေါ်တဲ့ ပျားပန်းဝတ်မှုံ ဟာလည်း အလားတူပါပဲ။ တိုင်းရင်းဆေးဖြစ်ပါတယ်။ ဒီလင်ဇီးနဲ့ ပျားပန်းဝတ်မှုံ ဟာ တကယ် အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေ ဖြစ်တာတောင် Double Crane က ဆေးတွေထဲမှာ ဒါတွေ တကယ်ပါဝင်ကြောင်း ဘာ အထောက်အထားမှ မပါဝင်ပါဘူး။ သူ့ ရဲ့ ဆေး ဖြစ်တဲ့ JIA HOR Nutri-health ဟာ သေချာ စမ်းသပ်ထားကြောင်း အထောက်အထား မတွေ့ပါဘူး။ တရုတ်တိုင်းရင်းဆေးသမားတော်က ရှေ့တင်ဖော်စပ်ပေးလိုက်တဲ့ လင်ဇီး ဆေးတဖုံဟာ ပိုပြီး စိတ်ချရပါလိမ့်မယ်။တရုတ် တိုင်းရင်းဆရာတွေဆီမှာ စနစ်တကျ သွားပြဖို့ အကြံပေးလိုပါတယ်။
အဲ့ဒါကို လက်တွေ့ စမ်းသပ်ထားတဲ့ ဆေးသဖွယ် ဘယ်ရောဂါတွေ ပျောက်ပါတယ်ဆိုပြီး ပြောရောင်းနေတာဟာ မရိုးသားမှုပဲဖြစ်ပါတယ်။ (တဆင့်စကားများ အရတော့ ပျောက်တယ်ဆိုပြီး ပြောရောင်းနေကြတာပဲဖြစ်ပါတယ်။ ဒါဟာ လူထု ကျမ်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။)
လူကောင်းတွှေအတွက် ဓါတ်စာအဖြစ် စားသုံးမယ်ဆိုရင်တောင် ဆရာဝန်များတိုင်ပင်ပြီး သတိနှင့် စားသုံးသင့်ကြောင်းပါ။
တကယ်ရောဂါဖြစ်နေတဲ့ လူနာတွေ အနေနဲ့ကတော့ တိုင်းရင်းဆေး၊ ပရဆေးတွေ သုံးစွဲမယ်ဆိုရင် ဆရာဝန်တွေနဲ့ အရင် တိုင်ပင်ပါလို့ အကြံပေးပါရစေခင်ဗျာ။
အားလုံး ကျမ်းမာစွာနှင့် ငြိမ်းချမ်းကြပါစေ။
Aron Mg.
ကျနော်ရေးတဲ့စာကို ကျနော် ၁၀၀% တာဝန်ယူတဲ့ အတွက် ကျမ်းကိုးတင်ပါတယ်။ National Library of Medicine: National institute of Health ကပါ။
https://www.facebook.com/groups/myanmarmlmtruth/permalink/558036814389475/
ကိုးကား
https://medlineplus.gov/druginfo/natural/905.html#Action
https://medlineplus.gov/druginfo/natural/78.html