Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Group ထဲက ညီအစ်ကိုမောင်နှများအားလုံး မင်္ဂလာပါ။


 Image result for qnet
Group ထဲက ညီအစ်ကိုမောင်နှများအားလုံး မင်္ဂလာပါ။ လူအချင်းချင်းလှည့်ပတ်ချင်းမှကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်ကိုဒီGroupထဲထည့်ပေးခဲ့တယ့်ကိုဇင်ဇေလွင်ကိုလည်းကျေးဇူးတင်ပါတယ်။
Groupထဲမှာတင်သမျှမလွတ်တမ်းဖတ်ရှုခဲ့ရတာအမောပါ။ လွန်ခဲ့သောတစ်နှစ်ခန့်ကသာဒီလိုမျိုး Groupရှိခဲ့ရင်သိပ်ကောင်းမှာပဲလို့လည်းအချိန်လွန်နောင်တတွေရမိတယ်။
သူတပါးရဲ့မျော်လင့်ချက်တွေကိုချပြပြီး ရနိုင်မယ့်နည်းလမ်းအခွင့်အရေးဆိုပြီးမက်လုံးပေးချနင်းရက်တဲ့ မာတီလယ်ပယ်ကလူတွေကိုလည်းအံသြမိတယ်
ကိုယ်တိုင် ၈လလောက်သူများတွေကိုလိုက်လိမ်နေမှန်းမသိလိမ်နေတဲ့အချိန်တွေဟာ ကျွန်တော့်ဘဝရဲ့အိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။
သူငယ်ချင်းတွေအများကြီးမဆုံးရှုံးခင်နောက်ဆုတ်ခဲ့ပေမဲ့သူတို့နဲ့ပြန်တွေ့ခဲ့ရတဲ့အချိန်တွေမှာဘယ်လိုရင်ဆိုင်ရမလဲ။Antiထဲ ကသူတွေကိုတခုလောက်အကြံပေးချင်လို့ဒီပို့စ်ကိုတင်ဖြစ်တာပါ ဆရာလုပ်တာမဟုတ်ပါဘူး ကိုယ်တိုင်ကြုံခဲ့တဲ့အတွေ့အကြုံတွေအရတော့သူတို့တွေအနေနဲ့ရေရှည်မှာလူရှာမရရင်အကြာကြီးမရပ်တည်နိုင်ပါဘူး ဒါဆိုရင်ကျွန်တော်ရောလူရှာမရခဲ့လို့တပ်ခေါက်ခဲ့တာလားလို့မေးစရာရှိတယ် မဟုတ်ပါဘူး လုပ်နေရင်းနဲ့မစစ်မှန်တဲ့အကြောင်းတွေသိလာတာကြောင့်ပါ။
ဒါကြောင့် ကျွန်တော်တို့လိုကိုယ်တိုင်ခံခဲ့ရတဲ့သူတွေ၊ Anti တွေအနေနဲ့ကိုယ်နဲ့နီးစပ်ရာတဆင့်အားလုံးဖြန့်ကျက်ပြီးသူတို့ရဲ့သားကောင်မဖြစ်အောင်ဗဟုသုတမျှဝေခြင်းသည်အထိရောက်ဆုံးနည်းလမ်းဖြစ်မယ်လို့ယူဆပါတယ်။ အခုတော့ကျွန်တော် ကိုယ်တိုင်ချွေးနဲ့ရင်းပြီးရတဲ့ငွေတစ်ကျပ်ကိုမာတီလယ်ပယ်လုပ်ပြီးရတဲ့တစ်ဒေါ်လာထက်ပိုတန်ဖိုးထားရင်းသမာအာဇီဝကျကျကားမောင်းစားနေပါတယ်။လိုအပ်ရင်ဆက်သွယ်ကြပါ။
ကိုအောင်သူဝင်း
Light Truck အဌားဝန်ဆောင်မှု
၀၉ ၂၅၀၃၆၁၇၉၉
၀၉ ၇၉၉၆၀၇၇၆၀
ကျွန်တော့်လုပ်ခဲ့တာQ NET ပါ။
https://www.facebook.com/groups/myanmarmlmtruth/permalink/561464674046689/
အောင်သူဝင်း