ရေသန့်လုပ်ငန်းရှင်းတစ်ဦး MLM company တွေကို စိန်ခေါ်
MLMလုပ်ငန်းများမှ ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား။ လူကြီးမင်းတို့ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော MLM လုပ်ငန်းများနှင့်ပါတ်သတ်၍ လူကြီးမင်းတို့အမြဲ ပြောသည့်စကားများမှာ (MLM လုပ်ငန်းသည် တခြားလုပ်ငန်းများထက်ပိုကောင်းပါသည်။ဒီလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အိမ်ပိုင် ခြံပိုင် ကားပိုင် များရရှိနိုင်ပြီး စိတ်ပင်ပန်းမှုမရှိပဲ အေးချမ်းသက်သာစွာ နေထိုင်နိုင်သကဲ့သို့ နိုင်ငံခြားခရီးစဉ်များလဲ အခမဲ့ ပို့ဆောင်ပေးသည် ဟု ကြားသိရပါသည်)။ ကျွန်ုပ်သည် သာမာန် စီးပွားရေးလုပ်ငန်းရှင်ငယ် တဦးသာဖြစ်ပါသည်။ ကျွန်ုပ် ၏ တရက်ဝင်ငွေမှာ ၅သိန်းခွဲနှင့် ၆သိန်းကြားမှာပဲရှိပါသည်။ လူကြီးမင်းတို့ လုပ်ငန်းကို ဝင်ရောက်လိုက်ခြင်းဖြင့် ကျွန်ုပ် ယခုလက်ရှိ ရရှိနေသော တရက်ဝင်ငွေထက် အဆများစွာရရှိမည်ဟု အာမခံနိုင်ပါသလား။ ကျွန်ုပ် ၏လုပ်ငန်းသည် ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းဖြစ်သည့်အတွက် စက်ရုံထုတ်မူရင်းဈေးဖြင့် အမြို့မြို့ အနယ်နယ်ရှိဆိုင်များကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးသောလုပ်ငန်းဖြစ်ပါသည်။ အားသာချက်အနေနှင့် မြန်မာနိုင်ငံဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်းမှအသိအမှတ်ပြုလက်မှတ်ရရှိထားခြင်း၊ ဈေးကွက်စတင်ဖောက်စဉ်က ရောင်းကုန်ပစ္စည်းအား အခမဲ့ စမ်းသပ် သုံးစွဲခွင့်ပြုခြင်း၊ ရောင်းကုန်ပစ္စည်း ဝယ်ယူသည့် ဆိုင်များအတွက်လဲ ကျွန်ုပ်တို့ လုပ်ငန်းမှ မန်ဘာကြေးထည့်စရာမလိုပဲ ၁လဆိုင်းဖြင့် ပစ္စည်းအော်ဒါချပေးကာ ဝန်ဆောင်မှုပေး၍ ရောင်းချ ပေးပါသည်။ အကယ်၍ လူကြီးမင်းတို့ လုပ်ငန်းသည် မန်ဘာကြေးပေးသွင်းရခြင်း လူကြီးမင်းတို့ထုတ်ကုန်ပစ္စည်းအား မဖြစ်မနေဝယ်ယူနေရခြင်း လူအချင်းချင်းစွဲဆောင် ခေါ်ယူနေမှသာ လုပ်ငန်းလည်ပါတ်မှုရှိမည်ဆိုပါက ကျွန်ုပ် လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းနှင့် ဘာမှမထူးခြားပါ။ အပိုအလုပ် ဖြစ်သော မန်ဘာကြေး သွင်းရခြင်းနှင့် လူအချင်းချင်းစွဲဆောင်ခေါ်ယူခြင်း ၂ခုသာပိုတိုးလာပါသည်။ အကယ်၍ လူကြီးမင်းတို့လုပ်ငန်းသည် ဈေးရောင်းရန်မလိုခြင်း လူအများအားဆွဲဆောင်ရန် မလိုအပ်ကြောင်း အချက်အလက်အတိအကျဖြင့် အာမခံပါက အခုလက်ရှိ လုပ်ငန်းများအား ဖျက်သိမ်းကာ ဝင်ရောက်ရင်းနှီးမြုပ်နှံပါမည်။ အကယ်၍ လူကြီးမင်းတို့ ကနဦးပြောဆိုထားသကဲ့သို့ ဖြစ်မလာပါက တည်ဆဲဥပဒေနှင့် တရားစွဲမည့်အပြင် လူကြီးမင်းတို့ ကုမ္မဏီတွင်ရင်းနှီးမြှပ်နှံထားသောငွေကြေး ပမာဏ၏ ၁၀ ကိုပါပြန်လည် ပေးလျော်ရပါမည်ဟု ဝန်ခံကတိစာချုပ်အား တရားရုံးချုပ်တွင် ချုပ်ဆိုရပါမည်။ တကယ်သူဌေးဖြစ်ရမည်ဟု အာမခံပြောကြားနေသော MLM ကုမ္မဏီလုပ်ငန်းစုများမှ ဂုဏ်သရေရှိ လူကြီးမင်းများအား ဖိတ်ခေါ်ပါတယ်။
https://www.facebook.com/groups/mlmDiscussion/permalink/1833427003568796/
Moe Zat