Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, February 24, 2017

MLM ကြောင့် ဝေးရပြီပေါ့ #S ရယ် :'(



MLM ကြောင့် ဝေးရပြီပေါ့ #S ရယ် :'(
လွန်ခဲ့သော ၃ နှစ်ခန့်ကပေါ့
လမ်းမတော်မှာနေ၊လမ်းမတော်မှာစားဆိုတော့ တရုတ်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်ကြတာပေါ့။ တစ်ရက်တော့ သူလုပ်နေတယ်ဆိုတဲ့ အချိန်ပိုင်းအလုပ်ကိုခေါ်သွားမယ်ဆိုပြီး ခေါ်သွားပါတော့တယ်၊ မင်္ဂလာဈေးနားက ရုံးပေါ့နော်။
ရုံးပေါ်ရောက်တော့ လူပေါင်းစုံနဲ့တွေ့ပါတော့တယ်၊ စားပွဲဝိုင်းလေးတွေမှာ အဖွဲ့လေးတွေကိုယ်စီနဲ့ တစ်ယောက်ကရှင်းပြ၊ကျန်သူတွေအားလုံးကနားထောင်နေကြတာပေါ့၊ ပြီးတော့ Of (Old Flame) ကသူ့ရဲ့အထက်လူကြီးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးအစ်မကြီးတစ်ယောက်ကိုခေါ်လာပါတယ်၊ စားပွဲဝိုင်းတစ်ခုမှာဝင်ထိုင်ရင်း Of ကထွက်သွားပြီး ရေတစ်ခွက်ခပ်လာပါတယ်၊ပြီးတော့ ထိုင်နေတဲ့ သူမရဲ့အထက်လူကြီးလို့ပြောတဲ့ အစ်မရှေ့မှာရေချပေးရင်း "ကို..ရေသောက်အုံးမလားလို့"မေးပါတယ်၊သောက်မယ်ပြောတော့ရေတစ်ခွက်ထပ်ယူလာပါတယ်၊ Of ကဘေးမှာဝင်ထိုင်ရင်း ထို Upline မှစကားစပြောပါတယ်၊ အမတ်ကြီးက ကျားကွက်ခုံပေါ်မှာဘုရင်ကြီးကိုဆန်တောင်းတဲ့ပုံပြင်ကိုသိလားတဲ့? ပုံပြင်ကိုသိတယ်ဆိုတော့ အဲဒီကားကွက်ပေါ်မှာ ဆန်စေ့တစ်စေ့စီတောင်းပြီး နောက်ကျားကွက်ပေါ်မှာနှစ်စေ့၊နောက်တစ်ခုမှာ..ပဲရှိသေးတယ်၊ ကျွန်တော်က "အစ်မ..အဲဒါကျွန်တော်သိတယ်၊ဆန်တွေအများကြီးရသွားလို့ဆင်းရဲသားတွေကိုလှူလို့ရတယ်"၊လိုရင်းပြောပါဆိုမှ၊သူတို့အလုပ်ကဝင်ငွေကိုတစ်ရက်တစ်ကျပ်နှုန်းနဲ့တွက်ပြမယ်ဆိုပြီး ခုနကပုံပြင်ထဲကလို တစ်ရက်ဘယ်လောက်ဆိုပြီးထပ်တွက်ပြတော့..ကျွန်တော်ထပ်ပြောပါတယ်၊"အစ်မ.လမကုန်ခင် ပိုက်ဆံတွေသိန်းရာဂဏန်းလောက်ဖြစ်လာမှာ၊လိုရင်းပဲပြောပေးပါလို့"ပြောလိုက်ပါတယ်၊မျက်နှာတော့နဲနဲပျက်သွားတာပေါ့နော်၊ (ကျွန်တော်က စကားပြောရင် လိုရင်း ပြောတာပဲကြိုက်ပါတယ်)။ ဒီတော့မှ သူတို့ ကုမ္ပဏီနဲ့မိတ်ဆက်ပါတယ်၊ဘောလုံးပွဲစပွန်ဆာ၊ကားပြိုင်ပွဲစပွန်ဆာ၊နိုင်ငံခြားကရုံးပုံတွေ၊ဟောပြောပွဲပုံတွေ၊နိုင်ငံခေါင်းဆောင်အချို့နဲ့ရိုက်ထားတဲ့ပုံတွေပြပါတယ်၊ပြီးတော့မှ သူတို့ရဲ့ထုတ်ကုတ်တွေကိုရှင်းပြပါတယ်၊အဲမှာ ဖန်ပြားလဲပါတယ်၊ဆွဲပြားလဲပါတယ်၊ကျောင်းတက်တာလဲပါတယ်ခရီးသွားတာတွေလဲပါတယ်၊သူတို့ကုပ္မဏီကလုပ်ငန်းအတော်များများလုပ်တယ်ပေါနော့်။
အဲလိုတွေလည်းပြောပြပြီးရော စာရွက်ပေါ်မှာ ရေးပြီး E, S, B, I ကိုသိလားတဲ့? သိတာပေါ့လို့ ကျွန်တော်ကပျင်းရင်စာအုပ်တွေထိုင်ဖတ်နေတာပဲလို့၊ ဒီတော့ ထပ်ပြီးရှင်းပြပါတယ်၊ E ကဘယ်လို၊ဘာညာပေါ့ဗျာ၊နောက်တော့ ကိုယ်ပိုင်လုပ်ငန်းမလုပ်ချင်ဘူးလားတဲ့? ဟုတ်ကဲ့..ကျွန်တော်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖြစ်အောင်ကြိုးစားနေပါတယ်လို့..ဆိုတော့..သူတို့ရဲ့စီးပွါးရေးကအခွင့်ကောင်းပဲတဲ့၊ (အဲအချိန် MLM မှန်းရိပ်မိပြီ)၊ ဒီတော့ ဝလုံး တွေဆွဲပါပြီ၊ ဆွဲပြီးလူ (၂) ယောက်ထည့်၊ပြီးရင်သူတို့ကနောက် (၄) ယောက်ထည့် နဲ့ တစ်နှစ်အတွင်း သိန်းရာချီရနေပါပြီ။
ဒီတော့မှ Of ကိုညွှန်ပြရင်း ခုချိန်မြန်မြန် Member ဝင်လိုက်ပါတဲ့၊သူ့ ညာဘက်မှာထားပေးမယ်ပေါ့နော်၊အဲလိုဆို နှစ်ယောက်အတူတူ တစ်နှစ်အတွင်းအောင်မြင်မယ်ပေါ့၊ကျွန်တော်ကအတွန့်တက်ပါတယ်၊တကယ်လို့သူ့ဘေးမရောက်ပဲ၊အောက်ရောက်သွားရင်ရောဆိုတော့ နှစ်ယောက်အတူမအောင်မြင်နိုင်ဘူးပေါ့နော်၊ကိုယ်ကအောက်ရောက်နေလို့ အောင်မြင်တာအတူတူမဖြစ်ဘူးတဲ့၊ သြော်...လို့။ဒီတော့ အမြန်ရင်းပါဆိုတော့...ဘယ်လောက်လဲဆိုတော့ ၁၀ သိန်းတဲ့၊ဖန်ပြားကဘာကောင်းတယ်ဘာညာပေါ့နော်၊ကျွန်တော့်မှာ ဒါ (iPad) ဝယ်လိုက်လို့ပိုက်ဆံမရှိတော့ဘူး၊အိမ်ကိုပြောကြည့်ရမှာဆိုတော့ သူ့တုန်းက အတိုးနဲ့ချေးလိုက်တာတဲ့၊အိမ်ကိုမပြောနဲ့တဲ့..လူကြီးတွေကခွင့်ပြုမှာမဟုတ်လောက်ဘူးပေါ့နော်၊အတိုက်အခိုက်တွေနဲ့စီးပွါးရေးမလုပ်ဖြစ်ပဲနေလိမ့်မယ်တဲ့။ သူငယ်ချင်းတွေဆီကချေးကြည့်ပါလားတဲ့၊မိတ်ဆွေတစ်ယောက်ကို တစ်သိန်းပဲချေး..ဆယ်ယောက်ပြည့်ရင် ဆယ်သိန်း ရပြီတဲ့၊ (ပြောတာလွယ်လိုက်တာဗျာ)။ ပြီးတော့ မြန်မြန် Member ဝင်ပါတဲ့..Of နဲ့အတူတူအမြန်အောင်မြင်မယ်ပေါ့နော်။ ပြီးတော့သူ့တုန်းကဝင်ငွေကောင်းတဲ့အလုပ်ကိုထွက်ပြီး ဒီမှာပဲလုပ်နေတာ ၆ လရှိပြီတဲ့၊တစ်လတစ်လကို လောလောဆယ် ၂၅ သိန်းလောက်ရနေပြီတဲ့၊ ငင်...ကိုယ်တွေအလုပ်လုပ်တာ တစ်လ ၁ သိန်း ၂ သောင်းလောက်ရတာတောင် iPad အသစ်နဲ့၊ (အိမ်ကဝယ်ပေးတာဘာ :3)၊ သူကတော့ ၂၅ သိန်းလောက်ဝင်နေတာကို ရိုးရိုးဖုန်းလေးနဲ့၊ PA လုပ်တာမဟုတ်ဘူးနော်၊ တစ်လ ၂၅ သိန်းလောက်ဝင်နေတဲ့ ခေတ်လူငယ်တစ်ယောက်က iPh မကိုင်ရင်တောင် Model အမြင့် Android ဖုန်းလောက်တော့ကိုင်သင့်တယ်လေ၊ ကျွန်တော်အဲအချိန်က Motorola ကိုင်ပါတယ်။ ဒီတော့ကာ..စဉ်းစားပါမယ်ပြောပါတယ်၊ Of ကသူ့ပိုက်ဆံဝင်နေပြီဆိုပြီး ၂ သိန်းထုတ်ပါတယ်၊ လမ်းရောက်ရင် ကိုယ့်ကိုမုန့်ဝယ်ကျွေး ဆိုတော့ အိမ်ကိုပေးရမှာ၊အလှူလုပ်မို့တဲ့၊ ထားပါတော့၊ ထို Upline အစ်မ ကလည်း ကျွန်တော်တို့အတွဲနဲ့အတူ BUS ကားစီးပြီးပြန်ပါတယ်။ @_@)
Of က Member ဝင်ပြီးတာနဲ့သူတို့ Meeting လုပ်တဲ့အကြောင်း၊ Meeting မှာ ပါတ်ဝန်းကျင်ကမိတ်ဆွေတွေ၊သူငယ်ချင်းတွေ၊အိမ်နီးနားချင်းတွေအမည်စာရင်းချရေး၊နှုတ်ဆက်ဖူးသူတွေ၊မျက်မှန်းတန်းမိသူတွေစာရင်းချရေးပြီး ၁၀၀ လောက်ရနိုင်တယ်ပေါ့၊ပြီးတော့ အဲဒီလူ ၁၀၀ ကို ဒီအလုပ်အတွက်ဆွယ်မယ်ပေါ့နော်၊ ၁၀၀ ထဲက ၁၀ ယောက်လောက်တော့လုပ်လာနိုင်တယ်ပေါ့၊ ကျွန်တော့် Of ကိုကျွန်တော်အားမရတာတစ်ခုက သူမဟာ BBA နဲ့ဘွဲ့ရတယ်၊ MBA တန်းတက်နေတာပါ၊ ဒါဘယ်လိုအလုပ်လဲသူမလည်း သိမယ်ထင်ပါတယ်၊ထားပါတော့လေ၊ခံယူချက်မှမတူတာ။ဒီတော့ သူ့ကို ဒါဟာ သမာသမတ်ကျတဲ့အလုပ်မဖြစ်ကြောင်း၊ရေရှည် Career အတွက်လုပ်ရမယ့်အလုပ်မဟုတ်ကြောင်း၊ ၁၀ သိန်းဆိုတာ တော်ရုံလူဆိုရင်တောင် ရင်းနှီးစားလို့ရကြောင်း၊ မလုပ်စေချင်ကြောင်းပြောပြပါတယ်၊ Of ကခဏပဲလုပ်တော့မယ်တဲ့၊ ကျွန်တော်က ပိုက်ဆံဘယ်လောက်ပြန်ရပြီလဲဆိုတော့ ၄ သိန်းလောက်ရပြီတဲ့၊ ဒါဆို ၁၀ သိန်းပြန်ရရင်နားလိုက်တော့၊ဆက်မလုပ်ဖို့ကျွန်တော်ပြောပါတယ်၊ ကျွန်တော်သူမ ကိုအရမ်းချစ်ပါတယ်၊ တစ်ဘဝလုံးစာအတွက်ရည်ရွယ်ခဲ့ပါတယ်၊ လက်ထပ်မယ့်အကြောင်းလဲသူမကိုပြောပြထားပါတယ်၊ ပြီးတော့ သူမစီးပွါးရေးလုပ်ချင်ရင်လည်း..ယောက်ျားတစ်ယောက်အနေနဲ့ကိုယ်ယူထားတဲ့မိန်းမကို အိမ်မှာပဲနေစေပြီးအညွှန့်တုံးစေမယ့်ယောက်ျားလဲမဟုတ်ပါဘူး၊သူမကြိုက်နှစ်သက်တဲ့ ကောင်းမွန်တဲ့အလုပ်မှန်သမျှခွင့်ပြုမှာလို့ပြောထားပါတယ်၊ ဒါပေမယ့် ဒီ MLM လုပ်ငန်းတွေမကောင်းတာကျွန်တော်ရှင်းပြတယ်၊တားဆီးပါတယ်။ဒီလိုနဲ့ MLM ကိစ္စကမေ့မေ့ပျောက်ပျောက်ဖြစ်လာချိန်မှာ သူမရဲ့ အရင်ရည်းစားဟောင်းနဲ့သူအချိတ်အဆက်ရှိနေတာကိုကျွန်တော်သိသွားခဲ့ပါပြီ။
ရည်းစားများများထားခဲ့ဖူးတဲ့ကိုယ်တွေအတွက်တော့ သူမရဲ့ရည်းစားဟောင်းရဲ့အကွက်တွေဟာ ခလေးကွက်လေးတွေပဲရှိပါသေးတယ်။ ဒီတော့သူမနဲ့ကျွန်တော်ရှင်းပါပြီ။ဒါဘယ်လိုလဲလို့မေးတော့ အဲကောင်ကလည်း MLM မှာသူနဲ့အတူတူအလုပ်လုပ်တာတဲ့၊သူ့ Side Line လားဘာလားတော့မသိပါ။ ဒီတော့ကျွန်တော်ကပြောပါတယ် #S တို့အလုပ်ကတစ်ခါမီတင်ရင်တစ်ခါတစ်လေ ည ၁၀ နာရီလောက်မှပြီးတာလို့၊အဲအချိန်ထိအဲအကောင်က အတူတူရှိနေမှာပေါ့လို့ ဆိုတော့ အလုပ်သဘောအရပဲစကားပြောတာပါ၊လုံးဝစိတ်မဝင်စားပါဘူးတဲ့၊ကို့ ကိုပဲချစ်တာပါတဲ့ (ချုပ်ကွက်လို့ခေါ်တယ်ညေးတို့ကွီးတို့)၊ အဲလိုဆိုအဲအကောင်နဲ့စကားပြောမယ်ဖုန်းပေးဆိုတော့မှ ခါးခါးသီးငြင်းပါတော့တယ်၊ကျွန်တော်တင်းပြီလေ၊ (အဲလိုအချိန်ကြုံလာရင် အဲလိုအကောင်တွေကိုတွေ့ရာသင်္ချိုင်းဓါးမဆိုင်းချတော့ ဘဒိုတို့)။ တစ်ရက်ကတော့ သူမရဲ့ကျောင်းကို MBA စာတမ်းကိစ္စအတွက်လိုက်သွားပါတော့တယ်၊ အဲအချိန်မှာ ဟို MLM ကအကောင်ကဖုန်းဝင်လာပါတော့တယ်၊သူမစကားပြောအပြီး ကျွန်တော်ဖုန်းနံပါတ်တောင်းပါတယ်၊မပေးပါဘူး။
အဲဒီနေ့ကကျွန်တော်ဒေါသအရမ်းထွက်ခဲ့ပါတယ်၊ဒါပေမယ့်လည်း ဒီ MLM မှာလုပ်နေကြတဲ့ သူဌေးလောင်းကြီးတွေ၊မဟာစီးပွါးရေးလုပ်ငန်းရှင်ကြီးတွေဆိုတော့လည်း အစွဲချွတ်လို့မရဘူးပေါ့ဗျာ၊ သူမနဲ့ကျွန်တော်လက်ထပ်ပြီးရင် ဆေးဆိုင်လေးဖွင့်ပြီး (အဲအချိန်တုန်းကဆေးဆိုင်ပဲဖွင့်ချင်နေတာ) ဒီဆေးဆိုင်လေးကိုအတူတူကြီးပွါးအောင်လုပ်ကြမယ်၊သူ့ညီမလေး၊မောင်လေးတွေကျောင်းထားကြမယ်၊မိဘတွေကိုလုပ်ကျွေးကြမယ်ပေါ့ဗျာ၊အနာဂတ်အိမ်မက်မှာ ဆေးဆိုင်လေးဖွင့်မယ့်ကောင်လေးဆိုတော့လည်း MLM လုပ်နေတဲ့ သူတို့လောကထဲကအကောင်လိုတော့ မခမ်းနားခဲ့ဘူးပေါ့နော်၊ Shopping Mall က သောင်းကျော်တန် All Star ဖိနပ်စီးတဲ့ MLM ကအကောင်ကို Timberland ကိုစလုံးကမှာစီးတဲ့ ကျွန်တော် ရှုံးတာပေါ့ဗျာ။ ရှုံးဆိုကိုယ်တွေက သမာအာဇီဝကျကျ ဆေးဆိုင်ဖွင့်စားမယ်ပြောတာကိုး။ဒီလိုနဲ့သူမဟာ မဖောက်ပြန်ကြောင်း၊သစ္စာမဖောက်ကြောင်း၊အချစ်စစ်နဲ့ချစ်တယ်ဆိုတဲ့အကြောင်းတွေကျွန်တော့်ကိုပြောခဲ့ပြီး MLM လောကထဲမှာ MLM လောကသား ကုလားလေးနဲ့ (အဲအကောင်ကကုလားကိုးဗျ :3 ) တရားဝင်လက်တွဲသွားပါတော့တယ်၊ သူတို့ရဲ့ MLM Company မှာ MLM အတူတူလုပ်၊အတူတူချမ်းသာမယ်၊အတူတူအောင်မြင်မယ်ဆိုပြီးကျွန်တော့်ကိုဖြတ်သွားတယ်၊သူတို့၂ယောက်ကတော့လက်တွဲသွားကြပါတယ်။ MLM မှာဝင်မလုပ်ဖြစ်တဲ့၊လက်ထပ်ပြီးရင် ဆေးဆိုင်လေးဖွင့်မယ်ဆိုတဲ့ ကောင်လေးကတော့ အဲဒီ MLM ကိုမြင်ပြီဆိုတာနဲ့ သစ္စာဖောက်မရယ်၊ကြာကူလီအကောင် ရယ် ကိုနာကျည်းရင်းနာကျည်းနေတော့တာပေါ့နော်။ကျွန်တော်မှားသွားတာပါ၊ MLM လုပ်နေကြတဲ့လူဆိုတာ သစ္စာမရှိဘူးရယ်၊ သူတို့စကားကယုံကြည်ဖွယ်ရာမရှိဘူးဆိုတာရယ် ကို အချစ်လွန်ပြီးမေ့နေခဲ့တာပါ။ခုချိန်ထိ ထို MLM Company မှာ ကုလားလေးနဲ့တရုတ်မလေး လက်တွဲရင်း Lamborghini စီးတာတော့မတွေ့ဘူး၊နှစ်ယောက်သားလူမြင်ကွင်းမှာပါကြည်နူးနေတာတော့မြင်ခဲ့ရတယ်ပေါ့နော်။ အဲဒီတုန်းက သီချင်းတစ်ပုဒ်သွင်းခဲ့ပါသေးတယ်...
နင်မရှိရင်စိတ်နဲ့လူနဲ့မကပ်နိုင်ပါဘူးလို့...
ဒါတောင်နင်ကအခြားတစ်ယောက်နဲ့ဖက်တိုင်ကာပလူး..
ချစ်ခဲ့မိတာနင့်ကိုတစ်သက်မှာတစ်ဦး...
ခုတော့နင်ကတရားဝင်ကြော်ငြာသွားပြီ ဒို့နှစ်ယောက်ကမသက်ဆိုင်တော့ဘူး..
ခုတော့ကျွန်တော့်မှာ Single ဘဝလေးနဲ့ Feel နေရတယ်ပေါ့ဗျာ (ကြော်ငြာဝင်တာပါ :P ) MLM ဆိုတာလူမှုရေး၊စီးပွါးရေး၊ပညာရေး၊ဘာသာရေး၊နှလုံးသားအရေး၊အိမ်ထောင်ရေး ..စတာတွေအတွက် လုံးဝ(လုံးဝ)မကောင်းပါဘူး။
ပြီးတော့ ထို MLM Company နှင့် ထို MLM မှာလုပ်နေတဲ့အနှီစုံတွဲကိုမြင်ရင်
ကျွန်တော့်အစားပြောပေးကြပါ၊
စောက်ရမ်းရွံတယ်လို့။ :'( :'( :'( { Ha Ha React မပေးရ } :/
Thanks for reading.
#Bryan
Feb 24, 2017 (Thu, 13:33)
https://www.facebook.com/groups/myanmarmlmtruth/permalink/602913999901756/