Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

ကျွန်တော် MLMအသေးစားများနှင့် SuccessMore


 Image result for successmore
ကျွန်တော် MLMအသေးစားများနှင့် SuccessMore
ဒီပို့စ်တင်တာနည်းနည်းကြောင်တောင်နိုင်ပေမဲ့
ကျွန်တော့် အဖြစ်ကို ကျော်မသွားပဲဖတ်ကြည့်ပါ......
ကျွန်တော်က နည်းပညာတက္ကသိုလ်(မှော်ဘီ)က စက်မှုအင်ဂျင်နီယာကျောင်းသား......ပထနှစ်ကျတယ်
အခုတတိယနှစ်လဲကျလို့ဖြေထားတာ......ဆိုပါတော့ဗျာ
ကိုယ်နဲ့ရွယ်တူတွေအလုပ်လုပ်နေချိန် ကိုယ်ကကျောင်းမပြီးသေးတော့ feel outတာပေါ့ ဒါကြောင့် အလုပ်တခုခုလုပ်မယ်ပေါ့.....အာ့မှာစတွေ့တာပဲ.....
အွန်လိုင်းမှာ part timeအလုပ်ရှာဖွေရေးgpကို ဝင်ကြည့်တော့ ကြော်ငြာထားတာတွေ့တယ် ငွေအရင်းအနှီးမလို ကျောင်းသားတွေအတွက်ကောင်းတယ်ဆိုလားပဲ.....
တင်ထားသူဆီchat boxကနေ သွားပြောတာပေါ့......
အာ့မှာပဲ ဘယ်ကိုလာဘယ်အချိန်ပေါ့........
သွားလိုက်ပါတယ်.....ကျွန်တော်ကမြောက်ဥက္ကလာသား နေရာကလဲမြောက်ဥက္ကလာထဲမှာပဲ အာ့လဲရောက်ရော အခန်းထဲမှာစားပွဲဝိုင်းလေးတွေ ခုံပေါ်မှာလဲ ရေခွက်နဲ့ရေဘူးလေးတွေ ဘာလားပေါ့ ပေါက်ကရတောင်တွေးလိုက်သေး လူကုန်ကူးတော့မလို့လားပေါ့ ပြောနေတဲ့စကားသံတွေကလဲ ဘယ်လောက်ရမယ် ဘာညာနဲ့ပေါ့.....ဒါနဲ့ပဲ စားပွဲဝိုင်းတခုကိုရောက်သွားတယ်......
ဘဲတပွေဗျ..... ကျွန်တော့်ကို အသက်မေးတယ်
ကျောင်းကိုမေးတယ် ပြီးတော့ဘာတဲ့ ''သူများတွေမိဘပိုက်ဆံနဲ့ကော့ကော့လေး ဘွဲ့ယူချိန် ကိုယ်ကကိုယ်ရှာတဲ့ပိုက်ဆံနဲ့ ကြော့ကြော့လေး ဝတ်ပြီးဘွဲ့မယူချင်ဘူးလား''တဲ့........ငိုးမဘဲကြီး $ပြောကောင်းတယ် (အာ့စကားကြားတည်းက$တလွဲဆိုတာရိပ်မိတယ် MLMမှန်းတော့မသိသေးဘူး)
စလာပါပြိ.......ပိရမစ်ပုံစံ........တောက်လျှောက်ရှင်းသွားတယ် နောက်ဆုံးမှာ မျက်လှည့်ပြသလိုပဲ သိန်းရာချီရသွားရော 😂😂😂😂😂😂 ကျွန်တော်လဲ ပညာတတ်လူငယ်တယောက်ပဲ ဥာဏ်ရှိတာပေါ့.....
မဖြစ်နိုင်ဘူးဆိုတာသိတယ် ပါးပါးလေးပဲ နောက်မှပြန်လာခဲ့မယ်လို့.....အိမ်နဲ့တိုင်ပင်လိုက်ဦးမယ်ပေါ့.....$ငနဲသားကြီးက ''ဘာလို့တိုင်ပင်မှာလဲ ညီလေးလုပ်ချင်တယ်မလားလုပ်ချလိုက် အကိုကူညီမယ်''တဲ့လေ........ $အထာကိုမနပ်တာလား အမြှီးအမြှီးခေါင်းရခေါင်းဆွဲတာလား မသဲကွဲဘူးရယ်.....
ကျွန်တော်လဲ နောက်မှအေးဆေးပေါ့လို့ပြောပြီးထွက်လာခဲ့လိုက်တယ်
အဲ့ဒါက ပထမဆုံးအတွေ့ကြုံ.......... $မှတ်မရှိသေးဘူး....ထပ်မိပြန်တယ် နောက်တခု.......
ကျွန်တော့် သူငယ်ချင်းလေ ပရဟိတသမား....... အလှူငွေပေးမယ်ဆိုပြီး အသိအစ်မဆီသွားစရာရှိတယ်လိုက်ခဲ့ဆိုလို့ လိုက်သွားတာ ကံကောင်းတာတခုက လမ်းမှာ သူကအာ့အစ်မအကြောင်းပြောပြတယ်...... သူကအရင်တုန်းက SSCမှာလုပ်တာတဲ့ ဒီအလုပ်ပြောင်းလိုက်တာမကြာသေးဘူးတဲ့ သူ့အိမ်နဲ့အတိုက်အခံလုပ်ပြီး လုပ်တာဆိုတော့ အတော်ထောတဲ့အလုပ်ဖြစ်မယ် ဆိုပဲ......ကျွန်တော်လဲဘာအလုပ်လဲဟပေါ့ SSCကတောင်ထွက်ပြီးလုပ်ရတယ်ဆိုတော့.......
ဒီလိုနဲ့ရောက်သွားတယ်......ဘွားတော်က မောင်လေးတို့ အစ်မရုံးခဏလိုက်ခဲ့ အိတ်ကအခန်းထဲကျန်ခဲ့လို့ ဆိုပြီး ခေါ်သွားတယ်......
အခန်းထဲလဲရောက်ရော ထုံးစံအတိုင်းပဲ စားပွဲလေးတွေနဲ့..... (ငိုးမဟာတွေပေါလိုက်တာ ရိုက်သတ်ရင်တောင် သတ်တဲ့သူသေသွားမယ် အာ့အဖွဲ့တွေသေမှာမဟုတ်ဘူး)........ဘွားတော်က ခဏထိုင်မောင်လေးတို့ အချိန်ရလား အစ်မအလုပ်အကြောင်းရှင်းပြမယ်ဆိုပဲ......ဟိုကောင်ကလဲ ရတယ်.....ပြောကြည့်လေတဲ့.......ထုံးစံအတိုင်း စပြောပါပြီ မက်လုံးပေးတယ် ပရိုစီဂျာဆိုလား ပရိုဂျူဆာဆိုလာပဲ နောက်ဆုံးတော့လဲ သိန်းဘယ်လောက် နဲ့ပဲဆုံးသွားတာပဲ......
ကျွန်တော် သူ့ကိုဒူးနဲ့တိုက်လိုက်တယ် မဖြစ်ဘူး သူလဲသိတယ် ပြန်တိုက်ပြတယ်...... ဒါနဲ့ပဲ ချော်လဲရောထိုင်ပြီး ထွက်လာခဲ့ရတယ်.......ကိုင်း.....
နောက်ဆုံးအပိုင်းရောက်ပြီ ကျွန်တော်တကယ်ပေါက်ကွဲပြီး $မြင်ကပ်တဲ့ #SuccessMore.............
ကျွန်တော့် ကောင်မလေး ပြီးခဲ့တဲ့ ၄လပိုင်းက သူအပိုဝင်ငွေရှာမလို့တဲ့ Online Marketingဆိုပဲ
ကျွန်တော် ထင်လိုက်တာက Online Shoppingမှာ Marketingဆင်းရတာလားပေါ့(ဒါလေးကောင်းတယ်သုံးကြည့် ဟိုဟာလးကဘယ်လို ဘယ်နှယ့်ကာဘာညာလို့ထင်ထားတာ) ဘယ်ကုမ္ပဏီလဲမေးကြည့်တာ SuccessMore တဲ့......
မကြားဖူးဘူးပေါ့......လိုက်ကြည့်မယ်ဆိုပြီးလိုက်သွားတာ ယုဇနပလာဇာ ဘေးကလမ်းလေးထဲ တိုက်တတိုက် အာ့ရောက်သွားတော့ SuccessMore ဆိုင်းဘုတ်ကြီးပြူးလို့ #အောင်မင်္ဂလာအဝေးပြေးဝင်းကပစ္စည်းပို့တဲ့ဌာနလားမှတ်ရတယ်ပစ္စည်းတွေပုံလို့ ဟာ.....ကျွန်တော်အထင်မှားပီလားပေါ့....... ဒါပေမဲ့၁မိနစ်ပါပဲ အပေါ်ထပ်ရောက်တော့ ထုံးစံအတိုင်း စားပွဲလေးတွေနဲ့ ဒါမဲ့ SuccessMoreကလည်တယ်ဗျ ဆွယ်လို့ရတဲ့သူပဲဆွယ်တာ အထာနပ်တယ် ကျွန်တော့် ပုံစံကြည့်ပြီး ကျွန်တော့် ကောင်မလေးကိုပဲရှင်းတာ.....ရှင်းပုံက ငိုရလောက်တယ်ဗျာ (MLMတွေနဲ့ပြောနေကျစကား ဒီနေ့ဘယ်နှစ်နာရီဘယိHotelမှာ Seminorရှိတယ်ဆိုပဲ....စိတ်ဝင်စားရင်လိုက်နားထောင်လို့ရတယ်တဲ့ ပိုက်ဆံပေးစရာမလိုဘူးဆိုပဲ......ဘယ်လိုမလဲ သူတို့ကသူတို့ခေါ်လာတဲ့လူအတွက်ပေးထားတယ်လေ ပြီးမှ နောက်ပိုင်းကိုယ်နားထောင်ချင်ရင် ကိုယ့်ဟာကိုယ်ပေးရတာလို့ Qnetက ကျွန်တော့် အချစ်ဆုံးfriကြီးကပြောပြထားတာ သူလဲစာမွဲအကျခံပြီး Qnetအတွက်လုပ်ပေးခဲ့တာ စိတ်နာနေလေရဲ့......)
စရှင်းတယ်ဗျ......ကျွန်တော်ကြုံဖူးခဲ့တဲ့ MLMတွေလိုမဟုတ်ဘူး စလာတယ် စာအုပ်လေးနဲ့
Active Income နဲ့ Passive Incomeဆိုပဲ.......
Active Incomeဆိုတာ ဘယ်နှယ့်ကာဘာညာ
Passive Incomeဆိုတာ ဘယ်နှယ့်ကာဘာညာ ပေါ့.
သူအာ့ Income၂ခုစပြောတည်းက MLMဆိုတာသိလိုက်ပြီ......ကျွန်တော်ပြောလိုက်တယ်
Multi Level Marketing လားလို့ အာ့ဘဲလေးကပြန်ပြောတယ်ဗျ မဟုတ်ဘူးအကို......Network Marketingဗျ Network ကနေတဆင့်ပြီးတဆင့် သွားတာတဲ့လေ...... (လဒလေး လူဆွယ်ပါးမဝသေးတာ ဖင်ပိတ်ငြင်းနေသေးတယ်) ဆက်နားထောင်နေလိုက်တယ်....... ဘာမှလုပ်စရာမလိုဘူးတဲ့ စမ်းသုံးကြည့်ပြီးမှ မှာပြီးပြန်ရောင်းရုံပဲတဲ့.......(ဪ.....စမ်းသုံးဖို့ပစ္စည်းအလကားပေးမှာလဲမဟုတ်ပဲနဲ့) ဆက်ပြောတယ် Bronze,Gold, Platinum, Diamond ဆိုပဲ......(ကြားထဲရှင်းတာတွေအများကြီးပါပဲ အားလုံးသိပြီးသားမို့မရေးတော့ဘူး....)
စိတ်ပေါက်လာပြီလေ ကျွန်တော် ထပြောလိုက်တယ် ခင်များဟာက ပြောတော့Network Marketing ပုံစံက MLM ခင်များဟာလုပ်မဲ့အစား မင်္ဂလာဈေးကနေ ၁၀ထည်ဈေးနဲ့ အင်္ကျီယူပြီး ၁ထည်၁ထောင်တင်ရောင်းကာမှ သူဌေးဖြစ်ဦးမယ်လို့ offlineနဲ့onlineပဲကွာတာ အတူတူပဲလို့........ပြောပြီးဆင်းလာခဲ့တယ်......ကျွန်တော့် ကောင်မလေးကတော့ ဘုမသိဘမသိနဲ့ ၅ထောင်ပေးပြိး စာအုပ်၃အုပ်ရယ် ဖိုင်ရယ်ယူပြီးဆင်းလာခဲ့လေရဲ့.....ကားပေါ်ရောက်မှ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်မှ ဪ....ဂလိုလားတဲ့.......ပြီးပြီ ထင်တာ ညကျတော့ ကျွန်တော့် ကောင်မလေးကို လာဆွယ်တဲ့ဘွားတော်က ညီမလေးရေမနက်ဖန်ကစပြီး၆လအတွင်း ဘယ်နှယ့်ကာဘာညာ တွေလာပြောနေတယ် ကျွန်တော်လဲသူ့accဝင်ထားတော့ ပြောလိုက်တယ် အိမ်ကမလုပ်ခိုင်းလို့မလုပ်တော့ဘူးလို့ ဒါတောင်သူက အစ်မတို့တောင်အိမ်နဲ့အတိုက်အခံလုပ်ပြီးစွနိ့စားခဲ့တယ်ဆိုပဲ( ခင်များတို့ပဲစဉ်းစားကြည့် 2nd yrကောင်မလေးက ၁သိန်းခွဲဖိုးပစ္စည်းဘယ်က ပိုက်ဆံနဲ့ဝယ်နိုင်မလဲလို့ ငိုးမMLMတွေ ပြောလိုက်သေး ထိုင်းကDr.ဘယ်သူဆိုလားပဲ သူကမြန်မာနိုင်ကလူငယ်တွေအတွက် ဘယ်နှယ့်ကာဘာညာလုပ်ပေးနေတယ်ဆိုပဲ fucking bull shit Mother Fuckerတွေ)
တော်ပါပြီ......နောက်ဆို ကြောက်လွန်းလို့ သူများတွေကော့ကော့နဲ့ ဘွဲ့ယူချိန် ကွကို ယောပုဆိုးနဲ့စတစ်ကော်လံလေးပဲဝတ်ပြီး ဘွဲ့ယူပါရစေ Super MLM Avengers တို့ရယ်လို့...........
https://www.facebook.com/groups/myanmarmlmtruth/permalink/532649946928162/
Khit Thi Ha