သတိထားကြပါဗျို့နှင့် MLM လုပ်ကွက်များ
သတိထားကြပါ..သယ်ရင်းတို့ရေ...ပြီးခဲ့တဲ့ sundy(28.08.2016) ကပဲ...သယ်ရင်း တယောက် ဖုန်းဆက်ခေါ်လို့..အားနာပီး..သွားလိုက်မိတယ်..ဖုန်းထဲ ဘာကိစ္စလဲ မေးတော့လဲ အလုပ်ကိစ္စ အရေးကြီးလို့ဆိုပီးပဲ ပြောလေရဲ့...အာ့နဲ့ လှည်းတန်းက Moon Bakery ကွန်ဒို အပေါ်ထပ်..၈ လွှာကို ခေါ်သွားလေရဲ့...(လမ်းမှာမေးတော့လဲ.. ဟိုရောက်ရင် သိမယ်ပဲပြောတယ်..) အခန်းထဲလဲ ဝင်လိုက်ရော..စားပွဲဝိုင်း တခုမှာ...လူ ၃ ယောက် ၄ ယောက် နှုန်းနဲ့..စားပွဲဝိုင်းလေး စုစုပေါင်း ၁၂ ဝိုင်းလောက်ရှိမယ်ထင်တယ်.တခန်းလုံးလည် ဆူညံနေတာပဲ.(.စကားပြောသံတွေနဲ့. )သူငယ်ချင်း မိတ်ဆက်ပေးတဲ့ ဆရာဝန်ဆိုတဲ့လူက..သူတို့အလုပ်အကြောင်း စဆွယ်ပါတော့တယ်...ပထမဆုံး သူပြောတဲ့ အချက်တွေက..ဝန်ထမ်းဘဝတွေ..ကိုယ်ပိုင် စီးပွားရေး အသေးစားတွေနဲ့..ဘယ်လိုမှ မချမ်းသာနိုင်ကြောင်း..ပြောပြပါတော့တယ်...ပီးမှ..သူတို့ လုပ်ငန်းကို ဘယ်လောက် ကြီးကျယ်ခမ်းနားကြောင်း..တခေါက်ပဲ. ၁၀သိန်းဖိုး ပစ္စည်းတခု ဝယ်ရင်းထားရုံနဲ့...တနှစ်ပြည့်ရင် သိန်း ၂ထောင် ခန့် ချမ်းသာနိုင်ကြောင်း.(ကိုယ့်အောက်မှာ..ကိုယ့်လိုပဲ မန်ဘာဝင်မဲ့လူ ၆ ယောက်သာ ထပ်ရှာပေးတ.ဲ့..အဲ့လူတွေကလဲ ကိုယ့်လိုပဲ တဆင့်မန်ဘာဝင်မဲ့လူ ထပ်ရှာ....အဲ့လို အဆင့်ဆင့် လူရှာသွားရင်း ငွေတွေအဆပေါင်းများစွာ တိုးပွားခံစားခွင့်ရမယ်ပေါ့...) ဘာတဲ့...ဒီဘဝတင် မဟုတ်ဘူး...နောက်ဘဝထိ (၂ ဘဝ ဆိုတာကြီးပဲ ..ကိုယ် မရှိတော့ရင်တောင်..လက်လွှဲပီး နောက်လူ အကျိုးမြတ်ကို ခံစားရနိုင်ကြောင်း)ငွေတွေ ဆတိုးပွားပြီး ခံစားရနိုင်ကြောင်း....လုံးဝ လောဘတက်ချင်စရာဖြစ်အောင်ကို ပြောတာပါ...ရင်းထားတဲ့ ငွေလဲ..၂ ပတ်..တလ လောက်နဲ့တင် မကျေနိုင်စရာ အကြောင်းမရှိကြောင်း ပြောပါတယ်....ကျွန်တော် အရင်က MMM Global ဆိုတဲ့ဟာကို လေ့လာဖူးထားတော့..ခုလိုပုံစံနဲ့ အနည်းငယ်သာကွဲတဲ့ လိမ်နည်းတမျိုးပဲဆိုတာ သိထားတော့ ကျွန်တော်ကံကောင်းတာပါ...နောက်ဆုံး သူတို့ပြောတဲ့ စကားက...ဒီလုပ်ငန်း လုပ်မယ်ဆိုရင် ဘယ်သူ့ကိုမှ မပြောပြပါနဲ့..ဘယ်သူနဲ့မှ မတိုင်ပင်ပါနဲ့..ဆိုတဲ့အချက်က...အသိသာဆုံးပါပဲ...စိတ်မကောင်းတာက..ရုံးခန်းမှာ.တနေ့ တနေ့ နာရီပေါင်းများစွာမှာ..လူပေါင်းများစွာ..ဘယ်သူတွေ ဘယ်လို ခံနေရအုံးမလဲ ဆိုတာပဲ..ကျွန်တော့် သယ်ရင်းတွေ ဆင်ခြင်နိုင်အောင် စေတနာနဲ့ပြောပြရုံပါ.တချို့တလေတော့ ဗဟုသုတ ရခဲ့ပါတယ်...ကျွန်တော်လဲ ဘာမှ သိတဲ့တတ်တဲ့ ကောင်မဟုတ်ပါ...ကျွန်တော့်ထက် အများကြီး ပိုကျွမ်းကျင်တဲ့ bro Aung Kyaw Moeရေးထားတဲ့ ဆောင်းပါကိုပါ..credit ပေးပီးတင်းပေးလိုက်ပါတယ်. ....
#credit....
မနေ့က MLM တစ်ခုဖြစ်တဲ့ Qnet ရဲ့ပွဲကိုရောက်ပြီး မြန်မာလူငယ်တွေအတွက် အင်မတန်ရင်လေးခဲ့ရတယ်
သူ့ business model က ရိုးရှင်းပါတယ်
MLM မှာ Binary Compansation plan လြိ့ခေါ်တဲ့ တစ်ဦးက နှစ်ဥိးရှာဆိုတဲ့စနစ်ပါပဲ
လူတစ်ယောက်ဆယ်သိန်းဖို့ပစ္စည်းတစ်ခါဝယ်ရမယ် ပြီးရင်ကိုယ့်လို ဆယ်သိန်းဖိုး ဝယ်ပေးမယ့်နှစ်ယောက်ထပ်ရှာပေးရမယ် ဒါဆိုပြီးပြီတဲ့
ပြီးတော့ဆယ်သိန်းကလည်းတစ်ခါပဲဝယ်ရမှာဆိုပဲ
ကိုယ့်ဆီကနှစ်ယောက်ငလည်း နှစ်ယောက်စီထပ်ရှာပေးရမယ် ....
အဲ့လိုနဲ့ လူတိုးလာတိုင်း တိုးလာတိုင်း ပိုက်ဆံကတိုးလာလိုက်တာ
တစ်နှစ်ပြည့်တာနဲ့ ဆယ်သိန်းရင်းထားတာကနေ သိန်းနှစ်ထောင်တောင်ရမှာဆိုပဲ
အမလေး မက်မောချင်စရာပေါ့
သဘောကတော့လူနှစ်ယောက်စီရှာမှပိုက်ဆံရမယ်
အဲ့တော့ ကျွန်တော်မေးကြည့်တယ်
လူနှစ်သိန်းပဲရှိတဲ့မြို့ဆိုပါစို့
နှစ်ယောက်ကနေ binary နှုန်းနဲ့ပွားရင် တစ်ချိန်ချိန်မှာ တစ်မြို့လုံးကလူတွေအကုန် ဆယ်သိန်းစီထည့်ဝင်ပြီးဖြစ်ပြီပေါ့
ခင်ဗျားပြောသလိုတစ်ခါပဲဝယ်ရမှာဆိုရင် ဟိုအောက်ဆုံးကလူတွေက ဘယ်လူတွေကိုထပ်ရှာရမလဲလို့မေးတယ်
အဲ့ဒီအောက်ဆုံးကလူတွေထဲမှာ အိမ်ပေါင်ပြီး ခင်ဗျားပြောသလိုသိန်းနှစ်ထောင်ချမ်းသာမယ်ဆိုပြီး ငွေရင်းလိုက်တဲ့လူလည်းပါမယ် .... လယ်ရောင်းပြီးရင်းတဲ့လူလည်းပါမယ်
ဒီလူတွေအတွက်လူထပ်ရှာမရတော့ရင်
ခင်ဗျားဘယ်လိုတာဝန်ယူမလဲလို့မေးလိုက်တယ်
သူ့မှာဖြေစရာမရှိဘူး
လူကမကုန်ဘူးချည်းဖြေနေတယ်
နောက်ပြီး ၁၉၇၅ခုနှစ်မှာ FTC က MLM တွေကိုတရားစွဲတဲ့ စွဲချက်တွေထဲက
Qnet နဲ့ ငြိနေတဲ့ အချက်တွေဖြစ်တဲ့
Pyramid Scheme ဖြစ်ခြင်း
လူရှာပြီးငွေတောင်းတာကို အဓိကထားပြီး ကုန်ပစ္စည်းကရတဲ့ကော်မရျင်ကိုအဓိကမထားခြင်း
စတဲ့အချက်တွေကိုထောက်ပြပြီး လွှတ်တော်ကနေ ကုန်သွယ်ရေးကော်မရှင်ဖွဲ့ပြိးတရားစွဲရင် ငွေရင်းထားတဲ့သူတွေအတွက်ဘာတာဝန်ယူမလဲလို့မေးလိုက်တယ်
မဖြေနိုင်ပြန်ဘူး
E commerce ပါလို့ပြောနေလို့
နိုင်ငံတကာမှာသဘောတူထားတဲ့ E commerce Guideline ကိုပြောပြပြီး Q net ကတစ်ချက်နဲ့မှမညီကြောင်းပြောပြတယ်
ဒါကြောင့် နိုင်ငံကြီးတွေမှာ Qnet အလုပ်လုပ်လိုမရကြောင်းရှင်းပြတယ်
နောက်ဆုံး မယုံယုံအောင်
Mancity နဲ့ ပါတနာဖြစ်ကြောင်း
မဟတ္တမဂန္ဒီရဲ့လမ်းစဉ်လိုက်ကြောင်း
ဘယ်တွေကိုစပွန်ဆာပေးကြောင်း
UN နဲ့ချိတ်ဆက်ကြောင်း
နောက်ဆုံးဒေါ်အောင်ဆန်းစုကြည်နဲ့ ကုမ္ပဏီတွဲဖက်တည်ထောင်သူ Vijay Eswaran တို့ ကမ္ဘာစီးပွားရေးဖိုရမ် ၂၀၁၃ မှာ မျက်နှာချင်းဆိုင်တွေ့တဲ့ပုံလေးပြပြီး အမေစုနဲ့တောင်တွေ့ထားတာဆိုပြီးလာရွှိးတော့
မန်စီးတီးက အာရှခရီးစဉ်တွေမှာ စပွန်ဆာပေးတာဖြစ်ကြောင်း ဒါကပိုက်ဆံရှိတဲ့သူတိုင်း ကြောငြာချင်ရင်လုပ်လို့ရကြောင်း
UN နဲ့ချိတ်ဆက်တယ်ဆိုရင်လည်း ဘယလိုချိတ်ဆက်လိုမှမရကြောင်း
လှူဒါန်းဒါသာဖြစ်ကြောင်း
ဒါကဦးကျော်သူဆီလှုပြီး ဦးကော်ျသူနဲ့ဓာတ်ပုံတွဲရိုက်လိုရုံနဲ့ ဒီလူကိုလူကောင်းပါလိုဦးကျော်သူကထောက်ခံတာမဟုတ်ကြောင်း
အမေစုနဲ့လည်းထို့အတူဖြစ်ကြောင်း
Mr Eswaran ကိုအမေစုကဖိတ်ပြီးတွေ့သလားလို့မေးတော့
သူတို့အင်တင်တင်ဖြစ်ကုန်တယ်
နောက်ဆုံးပြောမရမှန်းသိပြီး
မေးခွန်းတွေကိုလည်းမဖြေရှင်းနိုင်ရော အတင်းပိတ်သိမ်းတော့တာပါပဲ
ဒါတောင်ပြောတဲ့နေရာက သူတို့ကုမ္ပဏီရုံးခန်းမို့ အဲ့လောက်ပဲဖဲ့ခဲ့တာ
တခြားနေရာဆို့ ဖုန်းထဲကအင်တာနက်ကောက်ဖွင့်ပြီး
Qnet ကိုတရားစွဲဆိုထားတဲ့ နိုင်ငံစာရင်း
ဖွံဖြိုးဆဲနိုင်ငံတွေကိုသာ အလုပ်လုပ်ပြီး
တကယ့်ဖွံဖြိုးပြီးနိုင်ငံကြိးတွေမှာတော့ Qnet ဟာ E comerce Guideline နဲ့မညီလို့အလုပ်လုပ်လို့မရတဲ့အကြောင်း
အိန္ဒိယမှာ အဖမ်းခံရတဲ့ သတင်းစာဖြတ်ပိုင်း
စတာတွေထုတ်ပြပြိးတွယ်ပစ်လိုက်မှာ
......
လွန်ခဲ့တဲ့ရက်အနည်းငယ်က MCC မှာပွဲလုပ်သွားတာလူအယောက် ၂၆၀၀ ကျော်တက်သတဲ့ လက်မှတ်ကတစ်စောင် ၂၅၀၀၀ တဲ့
အားပါးတယ်ကောင်းတဲ့ ကုမ္ပဏီ လေးဖြူစတိတ်ရှိုးထက်တောင်ဈေးများသေး
ဘာမှမဟုတ်ဘူးပွဲတစ်ပွဲတည်းတင် သိန်း ၆၅၀လောက်အိတ်ထဲ ထည့်သွားပြီ
အဲ့ဒီလူနှစ်ထောင်မှာ ၁၀၀၀ ပဲပိုက်ဆံဝင်ဦး ဆယ်သိန်နဲ့ဆို သိန်းတစ်သောင်းဖြစ်နေပြီ
ကဲ သူတို့အတွက်တော့အသာချည်းပဲ
ကျွန်တော်ကသာပြောနေပေမယ့် အဲ့ဒီရုးခန်းထဲမှာလူငယ်ကလေးတွေကတော့ တက်ကြွတဲ့ကြက်ဖကိုဖြစ်နေပါကော....
အခုပဲသိန်းထောင်ချီထချမ်းသာမယ်ဆိုတဲ့မက်လုံးကနည်းသလားဗျာ
ပြတာတွေကလည်း နက်ကတိုင်တွေဘာတွေ နဲ့ဆိုတော့ ကြွေပြီပေါ့
လူငယ်တွေရဲ့အဓိကလုပ်ငန်းရှင့်ဖစ်လိုစိတ်ကိုအကြောင်းပြ
လူသုံးလေးယောက်လောက်ကို သိန်းရာချီဝင်ငွေရအောင်လုပ်ပေးလိုက်ပြီး
စင်ပေါ်တက်ပြောခိုင်းပြီး
လူထောင်သောင်းချီတဲ့စီကနေ သိန်းပေါင်းများစွာယူသွားကြမှာပါ
ကဲ သတိသာထားကြပေတော့
ပြောတာမယုံရင်တော့လည်းကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ
ဖွံဖြိုးဆဲနိုင်ငံကအလုပ်လက်မဲ့လူငယ်တွေ ငွေဆယ်သိန်းစီနဲ့ တိုင်ပတ်မယ့်ကိန်းဗျာ
ပြောချင်တာက အလုပ်တစ်ခုလုပ်တော့မယ်ဆို သေချာစုံစမ်းပါ ကိုယ်လုပ်မယ့်ကုမ္ပဏီအကြောင်းဘာညာသေချာစုံစမ်း တကယ်ကိုယ့်အတွက် safe ဖြစ်မဖြစ်စူံစမ်းပါ
ပိုက်ဆံရတာတစ်ခုတည်းလောဘမတက်ကြပါနဲ့
အင်တာနက်ပေါ်ရှာရုံနဲ့တင် ဒီကုမ္ပဏီဘာဆိုတာသိပါတယ်
သူတို့ပြောတာလောက်နဲ့တင်မယုံကြပါနဲ့
ဝိသမလောဘကိုအခြေ ခံပြီး ဘယ်သူသေသေငတေမာပြီးရောစိတ်နဲ့အလုပ်လုပ်နေသူတွေအများကြီးပါ ငါရပြီးရော အောက်ကလူဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ပေါ့ သိပ်ကြောက်ဖြိ့ကောင်းပါတယ်
အထူသဖြင့်လူငယ်တွေအလိမ်မခံရဖို့သတိပေးလိုပါတယ်
အော် မန်းတလေးကိုလည်း လာနေပြီတဲ့နော်
မန်းတလေးကလူငယ်တွေလည်း သတိသာထားပေတော့ပဲ
https://www.facebook.com/nyan.linaung.16/posts/1118945321530745
Minthway Thitsar