Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Q netကလူတွေmemberသာအတင်းဝင်ခိုင်းတာ


< Belle Belle's Comments >
Q netကလူတွေmemberသာအတင်းဝင်ခိုင်းတာ သူတို့ရောင်းတဲ့ပစ္စည်းအကြောင်းသူတို့သေချာမသိဘူး သေချာမရှင်းပြနိုင်ဘူး အဲ့biodisc အဝိုင်းပြားကြီးကိုဆွဲထားရင် နှလုံးအားကောင်းစေတယ်တဲ့ အလုပ်တွေလုပ်နိုင်တယ်တဲ့မမောပန်းဘူးတဲ့ သူတို့ပြောတာနော် သေချာတော့မရှင်းပြပါဘူး... ဆွဲကြည့်တော့လည်းဘာမှမထူးခြားပါဘူး ပိုတောင်ရင်မောသေးတယ်
ဖုန်းဆက်ပြီးခေါ်တာလေ တွေ့ချင်တယ်ဆိုလို့ အမလည်းမတွေ့ရတာကြာတော့ သွားတွေ့လိုက်ပါတယ် ရှစ်မိုင် မြေနီကုန်းမှာ သူတို့ရုံးခန်းရှိတယ် အပေါ်ထပ်မှာလူတွေအများကြီးဘဲ အမကိုရှင်းပြတာပေါ့ စာရွက်တရွက်နဲ့ အမကတော့သူတို့ပြောတဲ့ အလုပ်အကြောင်းကိုနားလည်တယ် အမကတော့စဉ်းစားမယ်လို့ဘဲပြောခဲ့တာပေါ့ နောက်နေ့တွေလည်းအိမ်လာ ဖုန်းတွေဆက် မရမချင်းလုပ်နေကြတာ အမကစစချင်းတုန်းကကျောင်းတတ်ဖို့memberဝင်တာ သေချာလည်းမရှင်းပြဘူး ဟိုမှာဘဲသွားတတ်ရတော့မလိုလို onlineကနေဘဲတတ်ရမလိုလိုနဲ့ ဟိုလိုလိုဒီလိုလို လုပ်နေကြတာ တခုတော့ရှိတယ်အမဆေးများမိသွားမသိဘူး အလွယ်တကူပိုက်ဆံရှစ်သိန်းထုတ်ပေးမိလိုက်တယ် ကျောင်းတတ်တာကရှစ်သိန်းနော် ပိုက်ဆံလည်းရရောအမကိုမဆက်သွယ်တော့ဘူး အမလိုက်သွားတယ် ဟိုရောက်ရောအမကကျောင်းမတတ်တော့ဘူး ပိုက်ဆံပြန်ပေးလို့ပြောတော့ အဲ့လိုလုပ်လို့မရဘူးဆိုပြီးရန်လုပ်ပါလေရော အဲ့ဒါနဲ့ဘဲအမေ့ကျန်းမာရေးအတွက်ဘဲဆိုပြီးအဲ့အဝိုင်းပြားကိုနှစ်သိန်းထပ်ပေးပြီးယူလာခဲ့လိုက်တယ်....သူကတော့နင့်အတွက်လူရှာပေးမယ်တဲ့နင်ဘာမှလုပ်စရာမလိုဘူးပေါ့ အလကားပါ ပြီးတော့တနှစ်တခါdollars 30$ပေးရသေးတယ်ကိုယ့်memberဝင်ပြီးရင်ရတဲ့ကိုယ့်ရဲ့အကောင့်ထိန်းသိမ်းခပေးရသေးတယ်...
ဝေးဝေးကရှောင်နော်...
အမဆိုq netကလို့ အသံထွက်တာနဲ့ လိုက်တားတာ အခုအဲ့လူတွေအမကိုကျေးဇူးတင်နေကြရော..နောက်မို့ဆိုသူတို့တွေစိတ်ဖိစီးမှုဒဏ်တွေခံရမှာ
https://www.facebook.com/groups/qnet.victims/permalink/394301767601239/
U Wai Yan
Image may contain: makeup and indoor