Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

QNet ကို Mumbai ( India ) မှာ ဖမ်းတဲ့ အကြောင်း


Image may contain: 1 person, text
QNet ကို Mumbai ( India ) မှာ ဖမ်းတဲ့ အကြောင်း
===============================
May 30, 2016 မှာ The Times of India က တင်တဲ့ သတင်းအရ
Q-Net က ထိပ်ပိုင်း ကိုယ်စားလှယ် ၃ ယောက်ကို ရဲက ဝင်ဖမ်းသွားတယ် ။
လူ အယောက် ၄၀ လောက်ကို ဖိတ်ပြီး ဟိုတယ် တစ်ခုမှာ
မက်လုံးပေးဟောပြောနေတုန်း ဝင်ဖမ်းသွားတာတဲ့။
( http://timesofindia.indiatimes.com/…/articlesh…/52494694.cms )
September 23, 2016 ရက်နေ့မှာ
ဒီ Page မှာ တင်ထားတဲ့ သတင်း အရ
အသင်းဝင်တွေကို လျော်ကြေးပြန်ပေးခိုင်းနေပြီ ဗျ ။
( https://www.facebook.com/Qnet-Scam-Banned-107676632689958/… )
တကယ်တမ်းက Q-Net မှာ မလုပ်ချင်တော့ရင် ငွေပြန်အမ်းပေးပါမယ်ဆိုတဲ့
Policy က ရှိပြီးသား ။ ဒါပေမယ့် အဲ့ဒီ ပေါ်လစီက စာရွက်ပေါ်မှာပဲ ရှိတာ ။
Q-Net policies & procedures - စာမျက်နှာ ၂၀ က > 03. Buy Back Policy မှာ ဒီလို ပါပြီးသားပါ ။
3.01 The Company shall be obliged to buy back any marketable products sold to the Representative within six (6) months from the date of purchase at a sum not less than ninety per cent (90%) of the amount paid.
၆လ အတွင်း ကိုယ်စားလှယ်က ဝယ်ထားတဲ့ ထုတ်ကုန်တွေကို
Company ဘက်က ၉၀%ထက် မနည်း ငွေပြန်အမ်းပြီး ဝယ်ပေးဖို့ တာဝန်ရှိပါတယ် ။
( QNet's Policies and Procedures စာအုပ်ကို ဒေါင်းလုပ်ယူရန်
>>>
https://portal.qnet.net.my/…/QNet_2_Policies_N_Procedures.p… )
နိုင်ငံတကာ MLM Companies ကြီးတွေတိုင်းမှာ အဲ့လို Policy ထားကြတယ် ။
စာရွက်ပေါ်မှာပဲ ရှိတာများပြီး တကယ် အကောင်အထည်ဖော်တာနည်းပေမယ့်
တစ်ခုခု ဖြစ်လာရင် ကြိုကာလို့ ရအောင် ၊ လွတ်အောင်ရုန်းလို့ ရအောင် ပေါ့ ။
ကျွန်တော် ဒီက Q-Net အသင်းဝင်တွေကို မေးကြည့်တာ
သူတို့ ထဲက အများစုက ဒီလို စည်းကမ်းရှိတယ် ၊
ငွေ ပြန်ထုတ်လို့ရတယ်ဆိုတာတောင် မသိကြရှာဘူး ။
အခု Mumbai ကိစ္စကို တင်ထားတဲ့ စာအရတော့
သူတို့ ပြောတဲ့ ရက် ၃၀ အတွင်း မဟုတ်ရင်တောင်
( ဘယ်တုန်းက ငွေရင်းပြီး ထုတ်ကုန်ဝယ်ခဲ့တာပဲ ဖြစ်ဖြစ် )
ငွေ ပြန်အမ်းပေးရမယ်ဆိုပြီး အမိန့်ချလိုက်ပုံရတယ် ။
အခု Q-Net ကို မြန်မာနိုင်ငံမှာလည်း
စပြီး တရားစွဲဖို့ လုပ်နေကြပြီလို့ သတင်းတွေရတယ် ။
ဖြစ်နိုင်ရင် မြန်မာနိုင်ငံမှာလည်း အဲ့လို ဖြစ်စေချင်တယ် ။
မလုပ်ချင်တော့ရင် ပစ္စည်းပြန်ပေးပြီး
ငွေပြန်ထုတ်လို့ရတဲ့ မူနဲ့
အစိုးရနဲ့ အာဏာပိုင်းတွေကနေ
MLM Companies တွေကို ဝင်ရောက် စစ်ဆေး ပေးစေချင်ပါတယ် ။
ဒါဆိုရင် အောက်ခြေက နစ်နာသူတွေအတွက် အတော်လေး အဆင်ပြေမှာပါ ။
ကျွန်တော့်ကို ဆက်သွယ်လာတဲ့ ကောင်မလေး တစ်ယောက်ဆိုရင်
သူ ကိုယ်တိုင် ၈ သိန်းကျော် ဆုံးရှုံးတာထက်
သူနဲ့ ရင်းနှီးသူ ၂ ယောက်က ၈ သိန်းစီ ဆုံးရှုံးရတဲ့ အပေါ်မှာ ပိုပြီး စိတ်မကောင်းဖြစ်ခံစားနေရတယ် ။
သူက ဒီအလုပ်ရဲ့ ဆိုးကျိုးတွေကို သိပြီး ရပ်လိုက်ချင်ပေမယ့်
သူ ခေါ်လာတဲ့ လူ ၂ ယောက်က
" ဒါဆို ငါတို့ကို နင် ပြန်လျော်ပေးမှာလား ? " လို့ မေးတာကို ခံနေရရှာတယ် ။
တကယ်က ဘယ်သူကမှ ဘယ်သူ့ကို လျော်ပေးစရာမလိုဘူး ။
Company ကပဲ ငွေ ပြန်အမ်းပေးရမှာ ။
ခက်တာက ကျွန်တော်တို့ဆီမှာက တစ်ဦးချင်းအနေနဲ့
MLM Companies တွေကိုရင်ဆိုင်ပြီး
တရားစွဲဖို့ ၊ အမှုဖွင့်ဖို့ စိုးရိမ်နေကြရတယ် ။
အဖွဲ့အစည်းတွေက ရင်ဆိုင်တရားစွဲပေးတာ ၊
ဝန်းရံပေးတာမျိုးမှ အဆင်ပြေလိမ့်မယ် ။
အစိုးရနဲ့ အာဏာပိုင် တွေ အနေနဲ့
ရေရှည်အတွက်က တစ်မျိုး ၊ ရေတို အတွက်က တစ်မျိုး
တစ်ခုခု အမြန် လုပ်ပေးသင့်နေပါပြီလို့ ထပ်မံ တိုက်တွန်းလိုက်ပါရစေ ။
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
QNet ( MLM Company ) ကြောင့် နစ်နာခဲ့ဖူးသူများ
ဒီ Group ကို ထားစေချင်ပါတယ် ။
https://www.facebook.com/groups/qnet.victims/
အားလုံး စုပေါင်းပြီး တစ်ခုခု လုပ်လို့ရအောင်ပါ ။
အနည်းဆုံးတော့ နောက်လူတွေ မမှားအောင် ပညာပေးလို့ ရတာပေါ့ဗျာ ။
QNet ကို မြန်မာနိုင်ငံ ရဲ့ ဘယ်မြို့မှာ တရားစွဲနေပြီလဲဆိုတာ
နောင် သေချာတော့ ကျွန်တော် ထပ်တင်ပေးပါ့မယ် ။