Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Qnet အကြောင်း


 Image result for qnet
Qnet အကြောင်း
Qnet ကို အိန္ဒိယလူမျိုး ဗီဂျေး အစ္စ၀ါရမ် နဲ့ ဂျိုးဇက် ဘစ်မတ်တို့က ၁၉၉၈ ခုနှစ်မှာ ဟောင်ကောင်မှာ တည်ထောင်ခဲ့ပါတယ်။Quest Net၊ QI limited, Gold Quest နာမည် အမျိုးမျိုးနဲ့ ရပ်တည်ပါတယ်။
ပထမဆုံး တည်ထောင်စဉ်က GoldQuest နဲ့ QuestNet နာမည်တွေနဲ့ ရွေဒင်္ဂါးပြားတွေ စရောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ B H. Mayer ဆိုတဲ့ ဂျာမန် ဒင်္ဂါး ကုမ္ပဏီကို ၀ယ်ခဲပါတယ်။ ပြီးတော့ အဲ့ဒီ Benhard H. Mayer ဆိုတဲ့ နာမည်နဲ့ လက်ဝတ်ရတနာ၊ နာရီတွေ ထုတ်ခဲ့ပါတယ်။ ပြီးတော့ Cimier ဆိုတဲ့ ဆွစ်နာရီကုမ္ပဏီကို ၀ယ်ခဲ့ပါတယ်။ QVI ဆိုတဲ့ Quest Vacation International ကလပ်ဆိုပြီး အပန်းဖြေခရီးလက်မှတ်များကို ရောင်းချခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့တော့ ရေသန့်စက်၊ လေသန့်စက် နဲ့ bio disk ဆိုတဲ့ အင်နာဂျီထွက်ပါတယ်ဆိုတဲ့ အပြားလေးတွေ ရောင်းချပါတော့တယ်။
Qnet ဟာ လက်ရှိအချိန်ထိ Man City ဘောလုံးအသင်းကို စပွန်ဆာပေးထားပါတယ်။ အိုလံပစ် ရွှေပြားတွေထုတ်လုပ်ခွင့် ၃ ခါ ရဖူးပါတယ်။
Qnet နဲ့ပတ်သတ်ပြီး အမြင်တွေကို ပြောပါရစေ။ ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်သက်သက်သာ ဖြစ်ပါတယ်။
Q net ကို တည်ထောင်တဲ့ ဗီဂျေးနဲ့ ဂျိုးဇက်တို့ဟာ အင်မတန် ပါးနပ်ပြီး လူလည် ကျနိုင်တဲ့သူတွေဖြစ်ပါတယ်။
ပထမဆုံးသူတို့ဟာ ရွှေဒင်္ဂါး ထုတ်ပါတယ်။ အဲ့ဒီအခါ ဈေးကွက်ထဲမှာ ရွှေဈေးကွက်မှာ တကယ်တမ်း ရွှေပြား၊ ရွှေတုံးအနေနဲ့ အာမခံ ချက်ရှိတာဟာ ၄ ခုပဲ ဖြစ်ပါတယ်။ American Eagle, Canadian Maple leaf, Austria Philharmonic, SouthAfrican Krugerrand တို့ဖြစ်ပါတယ်။ အမေရိကန် ကျွဲ တံဆိပ်ဟာ ၂၀၀၆ နောက်ပိုင်းမှ ပေါ်တာဖြစ်ပြီး ဗြိတိသျှဒင်္ဂါးဟာ အာမခံချက် ရှိသော်လည်း အရောင်းမတွင်ကျယ်ပါ။ အဲ့ဒီအခါ တခြား ဒင်္ဂါးထုတ်တဲ့ ကုမ္ပဏီတွေကို ကြည့်လိုက်တော့ ၉၈ခုနှစ်မှာ ဒေ၀ါလီခံလုနီးနီးအရှုံးပြနေတဲ့အတွက် Münz-Prägstatt GmbH ကို ထိုးရောင်းလိုက်ရတဲ့ B.H Mayer ကို မြင်ပါတော့တယ်။ B. H Mayer ဟာ တချိန်က အတော်သင့် နာမည်ရှိခဲ့ပြီး အမှတ်တရ ဒင်္ဂါးတွေကို ထုတ်ခဲ့ဖူးတာ ဖြစ်တဲ့အတွက် သူ့ဆီက နာမည်နဲ့ ဈေးကွက် အဆက်အသွယ်တွေ ရခဲ့ပါတယ်။ အဲ့ဒါကြောင့် Gold Quest (Qnet) ဟာ အိုလံပစ် ပွဲတွေ၊ ကမ္ဘာ့ဖလား ပွဲတွေမှာ ဒင်္ဂါးတွေ ထုတ်လုပ် ခွင့်ရခဲ့ပါတယ်။
Qnet ဟာ သူ့ရဲ့ ကုမ္ပဏီကို အဲ့ဒီလို အိုလံပစ်အဖွဲ့၊ ကမ္ဘာ့ဖလား အဖွဲ့၊ မန်စီးတီး ဘောလုံး ကလပ်တွေဆီ ၀င်ရောက်တဲ့အခါ Direct selling တိုက်ရ်ုက်ရောင်းချတဲ့ ကုမ္ပဏီပါလို့ ပြောခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေးဝါဒဟာ ကမ္ဘာကျော် ငြိမ်းချမ်းရေး ပုဂ္ဂိုလ်ကြီး မဟတ္တမ ဂန္ဒီရဲ့ ၀ါဒကို အခြေခံပါတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ တည်ထောင်သူ ဗီဂျေးဟာ အိန္ဒိယ လူမျိုးဖြစ်ပြီး အိန္ဒိယကို ထိုးဖောက်ဝင်ရောက်ဖို့ ရည်ရွယ်တဲ့အတွက်ဖြစ်ပါတယ်။ မန်စီးတီးကို စပွန်ဆာ ပေးရာမှာလား အဓိက စပွန်ဆာ အနေနဲ့မဟုတ်ပဲ ပွဲဘေးက billboard အသေးလေးတွေမှာကြော်ငြာခွင့်နဲ့ အသင်းနာမည်ယူသုံးခွင့်လောက်သာ ဖြစ်ပါတယ်။ Etihad တို့လို အဓိက စပွန်ဆာမဟုတ်ပါဘူး။
အဲ့ဒီနောက်မှာတော့ B.H Mayer နာမည်နဲ့ နာရီတွေထုတ်ပါတယ်။ Swiss Made လို့ဆိုပါတယ်။ ကျနော့် အမြင်တော့ ဆွစ် ထုတ် မဟုတ်ပါဘူး။ Swiss made လို့ နာမည် တပ်ဖို့အရာ အချက်တွေ အများကြီးလိုပါတယ်။
-ပထမ တစ်ချက်က ဆွစ်ဇလန် နာရီထုတလုပ်သူများအသင်းမှာ အသင်းဝင်ရပါတယ်။ Federation de l'industrie horlogere suisse FH
အင်္ဂလိပ်လို Federation of Swiss watch industry မှာ အသင်းဝင်ရပါတယ်။
-အဲ့ဒီအသင်းကမှ တခြားလိုအပ်ချက်ပေါင်းများစွာကို စီစစ်ပြီး နာရီတစ်လုံးရဲ့ ၇၀%ကို ဆွစ်မှာ ထုတ်မှ Swiss Made တပ်ခွင့်ပေးပါတယ်။ (အရင်က ၅၀%ပါ။)
B.H Mayer ဟာ ဆွစ် နာရီထုတ်လပ်သူများ အသင်းမှာ အသင်းဝင်မထားပါဘူး။ဒါကြောင့် B.H Mayer နာရီတွေပေါ်မှာ ရေးထားတဲ့ Swiss Watch ဆိုတာဟာ တရားမ၀င်ပါဘူး။အဲ့ဒီလို ထုတ်နေတဲ့ နာရီတွေဟာ ဈေးကွက်ထဲမှာ ရှိပြီး အရည်အသွေးကို ဆွစ်နာရီထုတ်လုပ်သူများအသင်းကနေ အာမခံချက်မပေးပါဘူး။
ကျနော့်မှာ ဆွစ်ဇလန်နိုင်ငံက ဆွစ်နာရီကိုယ်စားလှယ်ထဲက အသိတွေရှိပါတယ်။ စုံစမ်းကြည့်တဲ့အရ B.H Mayer ဟာ ဘယ်နာရီ ထုတ်လုပ်သူကိုမှ ကန်ထရိုက်ပေးထားတာ မတွေ့ပါဘူး။
အဖြစ်နိုင်ဆုံးက ဆွစ်နာရီတွေ စတီးအစိတ်အပိုင်းနဲ့ ပတ်သတ်ရင် အားထားမှာယူတဲ့ အိန္ဒိယကပဲ ထုတ်နေတာဖြစ်ဖို့များပါတယ်။ Qnet ရဲ့ စက်ရုံဟာ ကလက္ကတားမြို့နားမှာ ရှိပါတယ်။
အထဲက စက်ဟာ ဆွစ်ဇလန်မှာ နာရီစက်တွေကို အပေါဆုံး နဲ့ ရောင်းပေးနေတဲ့ Ronda အမျိုးအစားစက်တွေကို သုံးပါတယ်။
နောက် Qnet ရဲ့ ဘရန်းတစ်ခုဖြစ်တဲ့ Cimier ဖြစ်ပါတယ်။ အဲ့ဒီနာရီဟာလည်း လွန်ခဲ့တဲ့ ၁၉၅၁ ခုနှစ်ကတည်းက ရပ်တည်ခဲ့တဲ့ နာရီဖြစ်ပါတယ်။ ၁၉၈၀မှာ Seiko ရဲ့ ဈေးပေါပြီး အရည်အသွေးမြင့်တဲ့ ဓါတ်ခဲနာရီတွေကြောင့် Quatz revolution လို့ခေါ်တဲ့ ပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ Cimier ဟာ ရည်တည်ဖို့ ကြိုးစားရာက မတတ်နိုင်ပဲစက်ရုံ ပိတ်သိမ်းခဲ့ရပါတယ်။ ၂၀၀၃ ခုနှစ် ဆွစ် ရင်းနှီးမြုပ်နှံသူ ၂ယောက်က ဒီဘ၇န်းကို ပြန်အသက်သွင်းခဲ့ပေမယ့် မအောင်မြင်တာကြောင့် စက်ရုံ ပိတ်မဲ့ အချိန် ၂၀၁၀ ခုနှစ်မှာ Qnet က ၀ယ်ခဲ့တာဖြစ်ပါတယ်။ တစ်ခုတော့ ဆိုနိုင်ပါတယ်။ Cimier ကတော့ ဆွစ်ထုတ်ဖြစ်ကြောင်းအာမခံပါတယ်။
Qnet ရဲ့ B. H Mayer နာရီတွေဟာ ဈေးအနေနဲ့ ဒေါ်လာ တထောင်ကနေ ၁ သောင်းအထိ ပေါက်ပါတယ်။ အထဲက စက်တွေဟာ အပေါဆုံးတွေသုံးထားပါတယ်။ ဒေါ်လာ ၁ထောင်လောက်သုံးမယ်ဆိုရင် အနိမ့်ဆုံး Tissot, Movado , Rado, တို့နေစပြီး Oris,Tag Heuer ,Longines, Raymond Weil အနိမ့်တန်းတွေ အထိ ရနေပြီဖြစ်ပါတယ်။
တကယ်လို့ ဒေါ်လာ တ သောင်း လောက် သုံးခင်ျတယ်ဆို၇င်တော့ Gagaer LeCoultre, Omega, Rolex တို့ထဲက အလယ်အလတ်တန်းတွေရနေပြီး တကယ့် Multi Millionaire, Billionaire တွေဝတ်တဲ့ Patek Phillipe, Vacheron Constantin, Audimer Piguet တွေရဲ့ အောက်ဆုံးတန်းကနာရီတွေပတ်လို့ရနေပါပြီ။
ဒီအချက်အလက်တွေကိုကြည့်ရင် Qnet တို့လို MLM တွေဟာ မလိမ့်တပတ်နဲ့ ဈေးတင်ေ၇ာင်း အမြတ်ကြီးစားတာကို အလွန်ကျွမ်းကျင်တယ်လို့ မြင်မိပါတယ်။ နာမည်ရှိပြီး ဒေ၀ါလီခံကာနီး ကုမ္ပဏီတွေကိုလိုက်ဝယ်ပြီး နာမည်ကို ခုတုံးလုပ် သူတို့ ရဲ့ ဆင့်ပွားနည်းထဲကို ထိုးထည့်တာ မြင်သာပါတယ်။
ဥပမာ B.H. Mayer နာရီကို ကြေငြာတဲ့အခါ Since 1871 လို့ ကြေငြာပါတယ်။ နာရီ Industry နဲ့ မရင်းနှီးတဲ့ သူတွေအတွက် Mr. Mayer ဆိုတဲ့ လူကြီးကပဲ ၁၈၇၁ ကတည်းက နာရီကုမ္ပဏီထောင်ပြီး နာရီတွေကို ထုတ်လုပ်ဖူးသလို မလိမ့်တပတ် လုပ်ပါတယ်။တကယ်က Mr. Mayer ဆိုတာ ပန်းထိမ်သည်ဖြစ်ပြီး ၁၈၇၁ ခုနှစ်က ထုတ်ခဲ့တာဟာလဲ ရွှေဒင်္ဂါးပြားသာဖြစ်ပါတယ်။ ဒါတောင်မှာ အဲ့ဒိကုမ္ပဏီဟာ ဆက်လက်မလည်ပတ်နိုင်တော့တဲ့ အခြေအနေကို ဈေးပေါပေါနဲ့ ပြန်ဝယ်ထားပြီး အဲ့ဒီ ကုမ္ပဏီရဲ့ နာမည်နဲ့သမိုင်းကို အသုံးချပြီး ဈေးကြီးတင်ရောင်း မလိမ့်တပတ်လုပ်တာပါပဲ။ ကမ္ဘာ့ နာရီဈေးကွက်မှာ B.H Mayer နာရီဟာ လုံးဝ ဈေးကွက်မ၀င် တန်းမ၀င်ကြောင်း ကျနော့် အတွေ့အကြုံအရ ပြောလိုပါတယ်။
သူတို့အတွက် ပုံမှန်ဈေးကွက်မှာ တိုးမပေါက်တာဟာ အရေးမကြီးပါ။ ပစ္စည်းအဓိကရောင်းနေတာမဟုတ်ပဲ လူအထင်ကြီးအောင်လုပ် လူမွေးတာက အဓိကဖြစ်တာကြောင့်လို့ မြင်မိပါတယ်။ ကျနော်အရင်က တင်ပြခဲ့ဖူးတဲ့အတိုင်း Qnet ဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာ အဖမ်းဆီးခံရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ဟာ International အဆင့်အထိ ကြီးကြီးကျယ်ကျယ် လှည့်ပတ်နိုင်တဲ့ အကြီးစား မလှိမ့်တပတ်သမား များဖြစ်ပါတယ်။
Aron Mg
B.H Mayer ဟာ ဆွစ်နာရီ ထုတ်လုပ်သူများ အသင်းမှာ မှတ်ပုံတင်မထားကြောင်း ရှာကြည့်နိုင်ပါတယ်။
http://www.fhs.swiss/eng/watch_brands.html?letter=B
https://www.facebook.com/myanmarmlmwatch/posts/907984879335831