Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Qnet မှာ နစ်နာသူများ လျော်ကြေးပြန်တောင်းနိုင်


 Image result for qnet scams
Q-Net ကြောင့် နစ်နာထားသူတွေကို ပြောချင်တာ
================================
*** QNet's Policies and Procedures စာအုပ်ကို ဒေါင်းလုပ်ယူရန် ***
Q-Net policies & procedures - စာမျက်နှာ ၂၀ က >
03. Buy Back Policy မှာ ဒီလို ပါပြီးသားပါ ။
3.01 The Company shall be obliged to buy back any marketable products sold to the Representative within six (6) months from the date of purchase at a sum not less than ninety per cent (90%) of the amount paid.
၆လ အတွင်း ကိုယ်စားလှယ်က ဝယ်ထားတဲ့ ထုတ်ကုန်တွေကို
Company ဘက်က ၉၀%ထက် မနည်း ငွေပြန်အမ်းပြီး ဝယ်ပေးဖို့ တာဝန်ရှိပါတယ် ။
မလုပ်ချင်တော့တဲ့ ကိုယ်စားလှယ်တွေ စုပေါင်းပြီး ငွေပြန်အမ်းဖို့
Company ကို တွန်းတွန်းတိုက်တိုက် တောင်းဆိုတာ ၊
မီဒီယာကနေ စုပေါင်းပြီး ရှင်းလင်းပွဲလုပ်တာ ၊ တရားစုပေါင်း စွဲတာမျိုး လုပ်ရင်
ခင်ဗျားတို့ နစ်နာထားတာတွေ အတွက်တော့ တစ်ခုခုပြန်ရနိုင်ပါတယ် ။
လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပါ့မယ် ။
ခင်ဗျားတို့ ကိုယ်တိုင်က မလုပ်ချင် ရင်တော့
ကျွန်တော်တို့က ကြားဝ ဝင်လုပ်ပေးလို့မရလို့ပါ ။
( နောက်လူတွေကို သာ ကိုယ့်လို မဖြစ်အောင် ဝိုင်းဝန်း အသိပညာပေး ပေးကြပါ ဗျာ ။ )
စာကြွင်း ။
India မှာ ကိုယ်စားလှယ်တွေက အဲ့လို ပွဲဝိုင်းကြမ်းလိုက်လို့
Q-Net ခေါင်းဆောင်ပိုင်းအချို့ အဖမ်းပါ ခံလိုက်ရတာပါ ။
ဒါက ၂၀၁၆ - ဧပြီ လတုန်းက Q-Net ကိုယ်စားလှယ်တွေ
India က Q-net ခေါင်းဆောင် Michael Ferreiras ရဲ့ အိမ်ရှေ့မှာ ဆန္ဒပြတဲ့ အကြောင်းပါ ။
http://indianexpress.com/…/qnet-scam-mumbai-residents-prot…/
ဒီ Page ကနေလည်း တောက်လျှောက် India မှာ
Q-net အဖမ်းခံရတဲ့ အကြောင်းတွေ တင်ပေးနေပါတယ် ။
https://www.facebook.com/Qnet-Scam-Banned-107676632689958/