Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Thursday, February 23, 2017

အတိုးများစွာပေးပြီး ငွေစုသော ( SCL ကုမ္ပဏီ ) လုပ်ငန်းများမှာ လိမ်နေကြခြင်းဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူပြော


အတိုးများစွာပေးပြီး ငွေစုသော ( SCL ကုမ္ပဏီ ) လုပ်ငန်းများမှာ လိမ်နေကြခြင်းဖြစ်ကြောင်း ဗဟိုဘဏ်တာဝန်ရှိသူပြော
====================================
၂၁..၂..၁၇
-
အတိုးနှုန်းများစွာပေးမည် ဆိုပြီး ငွေစုသောလုပ်ငန်းများသည် ဗဟိုဘဏ်က ခွင့်ပြုထားသည့် လုပ်ငန်း မဟုတ်ဘဲ လိမ်လည်နေကြခြင်းသာ ဖြစ်ကြောင်း ဗဟိုဘဏ်ညွှန်ကြားရေး မှူးချုပ်တစ်ဦးက ပြောသည်။
-
SCL ကုမ္ပဏီသည် နယ်မြို့များ ရှိ ဝေးလံခေါင်ဖျားသည့်ကျေးရွာများတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ ကုမ္ပဏီ ခွင့်ပြု
ချက်လိုင်စင်ဖြင့် အဖွဲ့ဝင်များကို လိုက်လံစည်းရုံး နေသည်ဟု ပဲခူးနှင့်
ဧရာဝတီတိုင်း မှ ဒေသခံအချို့ကပြောသည်။ ထို့ ကြောင့် တာဝန်ရှိသူများသို့ မေး မြန်းရာ အဆိုပါလုပ်ငန်းများသည် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်တစ် ခုတည်းဖြင့် လုပ်ကိုင်ခွင့် မရှိ ကြောင်း ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ် နီလာမူကလည်းပြောကြားသည်။
-
‘‘အန်တီတို့ဌာနက ကုမ္ပဏီ မှတ်ပုံတင်ပဲ လုပ်ငန်းလုပ်လို့ရ အောင် လိုင်စင်
ချပေးတာ။ သူတို့ ပုံစံက အသေးစားငွေရေးကြေး ရေးလုပ်ငန်းလိုင်စင် လျှောက်ရ မယ်။ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်ရှိမှ လုပ်လို့ရမယ်။ ဒီအတိုင်းလုပ်လို့ မရဘူး’’ဟု ၎င်းကပြောသည်။
-
SCL (Saxon Capital Group- SCL Club Myanmar) ကုမ္ပဏီသည် နယ်မြို့များတွင် လုပ်ငန်းလုပ်ကိုင်စရာမလိုအပ် ဘဲ ငွေကြေးအပ်နှံရုံဖြင့် အတိုး များများရသည်ဟုဆိုကာ လူစု ဆောင်းနေခြင်းဖြစ်သည်။ကုမ္ပဏီ ၏ စနစ်မှာ တစ်ယူနစ်လျှင် ၁၈၇,၅၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး တစ်ရက်လျှင် ကျပ် ၂,၈၀၀ကျော် ပြန်လည်ရရှိမည်ဖြစ်သည်ဟုဆို သည်။ အပတ်စဉ် အတိုးအရင်း ပေါင်း ထုတ်ယူနိုင်သလို တစ်လ ချင်းလည်း ထုတ်ယူနိုင်သည်။ သက်တမ်းအားဖြင့် လေးလ (၁၂၀ ရက်)ရှိပြီး လေးလအတွင်း ၃၃၇,၀၀၀ ကျော် ပြန်လည်ရရှိ သည်ဟု ၎င်းကုမ္ပဏီ၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြ ထားသည်။
-
ထို့အပြင် အဆိုပါလုပ်ငန်း သည် ငွေကြေးရင်းနှီးမြှုပ်နှံခြင်း စီးပွားရေး
လုပ်ငန်းတစ်ခုဖြစ်ပြီး ငွေကစားသည့် စီးပွားရေးလုပ် ငန်းကြီးတစ်ခုဖြစ်
သည်ဟု ဖော်ပြ ထားသည်။
-
‘‘ကျွန်တော်က အစုရှယ်ယာ တစ်ခုဝင်ထားတယ်။ အပတ်စဉ် အကျိုး
အမြတ်ရမယ်။ အခုဆိုရင်း နှီးထားတဲ့ တစ်သိန်းကျော်ကတစ် လသာသာ
ပဲရှိသေးတယ်။အကျိုး အမြတ်ရတာနဲ့တင် ကျေသွားပါ ပြီ’’ဟု ပြည်ခရိုင်
ဘက်တွင် အစု ရှယ်ယာဝင်ထားသည့်ကိုလတ်က ပြောသည်။
-
အဆိုပါကိစ္စနှင့် ပတ်သက် ပြီး မော်လမြိုင်တွင် လူသစ်စု ဆောင်းပေးသော အမျိုးသမီးက ကုမ္ပဏီအနေဖြင့် မည်သည့်အာ မခံချက်များမပေးသောကြောင့် နှင့် မိမိတို့စတင်လုပ်ဆောင်စဉ် ကာလမှ ယခုအချိန်အထိ သတ် မှတ်နှုန်း
ထားများရနေ၍ အခြား သူများကို ပြန်လည်စုဆောင်းပေး ခြင်းဖြစ်သည်ဟု ဆိုသည်။
-
ဧရာဝတီတိုင်း ကျုံပျော်မြို့ နယ်တွင် အဆိုပါကုမ္ပဏီကိုယ် စားလှယ်များက ကမ္ဘာ့ဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်သည် ဆိုကာ တောင်သူလယ်သမား
များကိုလာ ရောက်စည်းရုံးနေကြောင်း တက္က သိုလ်ကျောင်းဆရာ ဦးဝင်းဇော် က ပြောသည်။ ရွာသားများသည် နွား၊ လှည်းများရောင်းချပြီး ရင်း နှီး
လုပ်ကိုင်ရန် စီစဉ်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါလုပ်ငန်းသည် လုပ်ငန်းသဘောအရမဖြစ်နိုင်သလို ကမ္ဘာ့ ဘဏ်က တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ခြင်းမှာ ပိုမိုမဖြစ်နိုင်၍ လိမ်ညာသည့် လုပ်ငန်းတစ်ခုဖြစ် နိုင်ကြောင်း ၎င်းကပြောသည်။
-
လက်ရှိ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းမှလွဲ၍ အတိုးနှုန်းပေးပြီး ၀န်ဆောင်မှု
ပေးသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ခွင့်မပေးထား
ကြောင်းနှင့် ယခု ကိစ္စရပ်များကို ထိုဌာနကစုံစမ်းပြီးနောက် အရေးယူရန် အစိုးရကို တိုက်တွန်း ရမည်ဟု ၎င်းကဆိုသည်။
=====
7 DAY
https://www.facebook.com/aprilmaungmaung.2/posts/614348402089681