Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

ထောင်ခြောက်တွေနဲ့ Unicity


Image result for unicity is scam
နောက်နေ့ကျ ဖုန်းတွေဆက်...."100 ပဲရွေးမယ်" ပေါ့
ဒီလအတွက် "500 PV" က ဘယ်လိုအခွင့်အရေးရှိတယ်...၂သိန်း နဲ့ ၄သိန်းက လတိုင်းရင်းရမှာ....၁၀သိန်း က တစ်ကြိမ်ပဲ ဝယ်ရမှာ....Ok...၁၀သိန်းပဲ တစ်ခါတည်း ဝယ်မှာပေါ့...မိဘတွေကို ပြောရင် ၁၀သိန်းဆို ထုတ်ပေးမှာ မဟုတ်​ဘူး....အဲ့တော့ ရှာလိုက်မယ်ပေါ့... ၃လပြည့်ရင် သိန်း ၃၀ ရမှာလေ...အဲ့ကျမှ အမေ့ကို သွားထုတ်ခိုင်းမယ်....ပြီး၇င် အဖေနဲ့အမေ ကို နိုင်ငံခြား သွားခိုင်းမယ် ....
#ရဲရဲဝံ့ဝံ့ ပဲ ....ပိုက်​ဆံ အတိုးနဲ့ရှာတယ်
လုပ်ပြိုက်တယ်လေ.....အမေက လေးဘက်နာရှိတယ် ....ဆေးမှာပေါ့....ကိုယ့်ကို မိတ်ဆက်တဲ့ Upline က ဘယ်ဆေး ဘယ်လောက်ဆိုတာ မသိဘူး.....ဘာကို ဝယ်လို့တော့ ပြောပါတယ်....အင်း....ဝယ်မယ့်နေ့မှာ ဒါရိုက်တာနဲ့ ဖုန်းပြောပြီး 500PV ပြည့်အောင် အမှတ်ပဲပေါင်းတာ...ဈေးတွေ သိဘူးလေ.....စုစုပေါင်း က ၁၅သိန်းကျော်နေပြီ....အယ် ပြဿနာပဲ.....ဒါရိုက်တာနဲ့ ကိုယ်နဲ့ ညှိရင်း ၁၁သိန်းကျော်ပေါ့....ပိုက်​ဆံ က ပါတော့ဘူး....ကျန်တာ ဒါရိုက်​တာ ခဏစိုက်ပေးထားသည်.......ပြီးတော့ ပွဲတက်ရမယ်...တက်ပေါ့....ရန်ကုန်သွား....MCC hall...တစ်ခါမှရောက်ဖူးဘူးလေတော်......လူတွေကလဲ အများကြီး....ပျော်စရာကြီး.......ဝတ်ကောင်းစားလှတွေနဲ့....ရုပ်ရှင်မင်းသား မင်းသမီးတွေကျနေတာပဲ....ကျုပ်တို့ဆီမှာ အဲ့လောက်ခေတ်မီတာ ရှိဘူးလေ....ပျော်တာပေါ့တော်.....ပွဲစကော.....မြူးကြွနေတာပဲ...စင်ပေါ်တက် /ဆင်း....ဘယ်လောက်ရ....ဘယ်လိုသောက်......ပျောက်....Bonding Team လုပ်.....ပြီးတော့ နောက်ရက် သင်​တန်းတက်.....အဲ့အချိန် Trip က Osaka တဲ့
#ဘယ်ရမလဲ အိုဆာကာ အိုဆာကာပေါ့
အိမ်အပြန် လမ်းမှာ ငါ ရွေးချယ်တာ မှန်တယ်........
တက်ကြွတာလေ...ပြောပြ ....မန္တ​လေးမှာ ပွဲရှိတယ် ....သွားမယ်...ရန်ကုန်က ပြန်လာတာမကြာသေး....တန်းဆက်သွားတာ....လူတွေက လာမေးတာပေါ့....ကိုယ့်အမျိုးတွေ....လာတူတူသွားမယ်....လိုက်မလား....လိုက်မယ်....ပိုက် ​ဆံ ရှိဘူး....ငါ စရိတ်ခံမယ်..သွားကြလေသတည်း
#Upline တွေက ပွဲသာ အရခေါ်ခဲ့.....ကျန်တာ သူတို့အပိုင်းပြောတာကို.....စရိတ်ခံတယ်လေ....သူတို့ ရွေးချယ်မှာကို....သွားပစ်တယ်လေ ...ပိုက်​ဆံ ဆွဲပြီး....ပျော်ပျော်ပဲ
ပြန်ရောက်....ရွေးချယ်ပါတယ်....အဲ့ လက ၁သိန်း၈သောင်း ရတယ်.....၁၀သိန်း ရင်းတယ် ....၁သိန်း၈သောင်း ရတယ်.....ရှုံးတယ်​ လို့ မထင်သေးဘူး.....ပိုက်​ဆံ တစ်ကယ်ပေးတာပဲ.....မလိမ်ဘူးဟပေါ့
နောက်လ....အမှတ်ထိန်းရမယ်တဲ့.......
"ဟမ်" လွဲပြီ....အို ဒါပေမယ့် ယုံကြည်မှု အပြည့်....
" I Can Do" .Osaka Osaka ....:-P :-P
အမာခံခေါင်းဆောင် Core Leader အဖြစ်ရပ်တည်ပါ
Core Leader က 200PV ပဲထိန်းတယ်
ထိန်းပြိုက်တယ်.....အဲ့လ ဘာမှရဘူး
ကိုယ့်သူငယ်ချင်းတွေပြောပြတယ်....သူတို့က ပညာသားနဲ့ငြင်းတယ်....ကိုယ်က အပြစ်မြင်တယ်....အခွင့်​အ​ရေးကို ရအောင်မယူတတ်ဘူးပေါ့.....တစ်ကယ်က ကိုယ်က ပိန်းနေတာ.....ကိုယ်က သူတို့ကို သနားနေတာ.......
ကိုယ့်မှာ နေပူတာ မပူတာ မသိ.....လိုက်မိတ်ဆက်...မရောက်ဖူးတဲ့နေရာတွေရောက်....မသွားဖူးတဲ့နေရာတွေသွား....တောဘက်ထဲတွေ.....ရန်ကုန်တဲ့ သွားပစ်တာ....မန္တ​လေး သွားပစ်တာ.....နေပြည်တော် သွားပြိုက်တယ်.......လူတွေပါ ပါ့......ကိုယ်က စရိတ်ခံခေါ်တာ.....ကိုယ်ခေါ်တဲ့လူတွေက ပါးတယ်ဗျာ.....မရွေးချယ်ကြဘူး......
Core Leader အဖြစ် ၂လ ရပ်တည်ပြီးတဲ့နောက်ပိုင်း ဘာရလဒ်မှ မရ..အတိုးတွေက သတ်နေရပြီ.....နောက်တစ်လ ထပ်ရပ်တည်ဖို့ ပိုက်ဆံရှာနေတဲ့အချိန်....ကိုယ်တွေရပ်တည်ရင်..အဲ့ဒီ ဦးလေးက (Upline ရဲ့ Up the Line)ပေါ့ ....ဒါရိုက်တာ ဖြစ်တော့မယ့်ဟာ....သူ့လူတွေ ပိုက်ဆံရှာနေတာကြည့်ပြီး....မရှာနဲ့....ဒီလ တို့နားမယ်.....နောက်လမှ ပြန်လုပ်မယ်ပေါ့....
#အဲ့ဒီမှာ တဖြည်းဖြည်း သိလာပြီပေါ့
၁။ လစဉ်အမှတ်ထိန်းရတယ်
၂။အမှတ်မထိန်းရင် ဘောနပ်စ် မရဘူး
၃။လတိုင်း အစကနေ ပြန် ပြန် စနေရတယ်
တဖြည်းဖြည်း မြှပ်ကွက်တွေ သိလာတဲ့အခါ........

https://www.facebook.com/groups/myanmarmlmtruth/permalink/601771403349349/
Aye Zin Mar Htet