Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

ကျွန်တော် Unicity မှာ ၀င်ပြီး လုပ်ခဲ့ဖူးတယ်



ကျွန်တော် Unicity မှာ ၀င်ပြီး လုပ်ခဲ့ဖူးတယ်.... ၀င်ဝင်ချင်း ၁၀သိန်းဖိုးပစ္စည်းဝယ်တာနဲ့ VIP ဖြစ်တယ်ဆိုလို့ ၁၀သိန်းရင်းပြီး စလုပ်မယ်လို့တွေးလိုက်တယ်... point လဲ ပိုများတယ်ဆိုတော့ သဘောကျတာပေါ့ဗျာ... သူတို့လုပ်တဲ့ပွဲတွေလည်း တက်ခဲ့တယ်... ပြီးတော့ ကျွန်တော့်အထက် upline ရဲ့ upline အိမ်ကိုလဲ ခနခနရောက်ပြီး သူတို့ဟောတရားတွေ နားထောင်ဖူးတယ်.. အကြောင်းအရာသာအဓိကမို့ နာမည်တွေတော့ မပြောတော့ဘူးဗျာ... သူတို့ဆေးတွေလည်း စမ်းသုံးကြည့်တယ်... ဆေးတွေကမကောင်းဘူးမဟုတ်ဘူး.. ကောင်းတယ်.. ဒါပေမယ့် ဈေးတအားများတယ်.... သူတို့ပြောတာနားထောင်လိုက်ရင်လည်း ဒီတော်ကီတွေချည်းပဲ... ဒီစကား ဒီအသုံးအနှုန်းနဲ့ ဒီလေသံတွေပဲ... "ကျွန်မ မလှဘူးလားရှင်!!!!!!!!" တို့... "ကျွန်တော့်လိုမဖြစ်ချင်ဘူးလားဗျာ!!!!!" တို့... အဲ့မှာကတည်းက သူတို့တွေအားလုံး ပုံစံခွက်တစ်ခုတည်း ရိုက်သွင်းခံထားရတယ်လို့ စမြင်လာတယ်... ဒါပေမယ့် ဆက်မိုက်မိနေတုန်းပါပဲ... သူတို့ပေးတဲ့မက်လုံးတွေ.. ပြိုင်ကားကြီးတွေနဲ့ ပွဲတက်တာတွေ... ၂လတစ်ခါလောက် နိုင်ငံခြားသွားနေတာတွေ.... စံအိမ်ပုံကြီးတွေပြပြီး လူကိုမြူဆွယ်ပြီး မကြာခင်မှာပဲ ကိုယ်ကအဲလိုဖြစ်တော့မယ့်ပုံ အယုံသွင်းထားတော့ မှိုင်းမိကောင်းနေတုန်းပေါ့ဗျာ... ကျွန်တော် စိတ်ပျက်သွားတာတစ်ခုရှိတယ်.... အဲဒါဘာလဲဆိုတော့ Upline ရဲ့ Upline အိမ်မှာ လူတွေကို psycho ထည့်တာပဲ... ဘယ်လိုထည့်လဲဆိုတော့ လူစုံပြီ စမယ်ဆိုရင် တံခါးတွေပိတ် တိတ်ဆိတ်နေအောင်လုပ်ပြီး မျက်စိမှိတ်ခိုင်းထားတယ်... ပြီးတော့ ကိုယ့်မိသားစုက အကောင်းဆုံးစံအိမ်ကြီးထဲမှာ ပျော်ရွှင်နေကြပုံကို မျက်လုံးထဲပုံဖော်ခိုင်းတယ်... သူကလဲ အသံလေးက ညောင်နာနာလေးနဲ့ ပုံပြောသလို စကားလေးတွေခြွေတာပေါ့ဗျာ... ပြီးတော့ လူတိုင်းကို ဘောပင်နဲ့စာရွက်ပေါ်မှာ ပထမဆုံး ကိုယ်လိုချင်တဲ့ အိမ်ပုံစံ ချရေးခိုင်းတယ်.... ပြီးတော့ စီးချင်တဲ့ကားပုံစံ.... သွားချင်တဲ့နိုင်ငံ.... စသဖြင့်ပေါ့ဗျာ.... အားလုံးက ရေးကြတယ်..... လိုချင်တာတွေ ဖြစ်ချင်တာတွေ......
ကျွန်တော့် Upline က ကျွန်တော့်စာရွက်လှမ်းကြည့်ပြီး မေးတယ်... "မင်းဘာလို့ ဘာမှမရေးတာလဲ.. လိုချင်တာမရှိဘူးလား" တဲ့.... ကျွန်တော်လဲပြောခဲ့တယ်... လူပဲ... လိုချင်တာတွေဖြစ်ချင်တာတွေ ရှိတာပေါ့ဗျာ.... ဒါပေမယ့် သူများပြောမှ စာရွက်ပေါ်ချရေးရတာမျိုး ကျွန်တော်မကြိုက်ဘူး လို့....
အဲနောက်ပိုင်း ကျွန်တော် လူတွေ စတင်မဲဆွယ်ပါတော့တယ်... အရင်ကတည်းက အပေါင်းအသင်းက ခပ်များများဆိုတော့ အာလဲတော်တော်ပေါက်တယ်.... အားလုံးကိုလည်း ၁၀သိန်းနဲ့စရင်းပြီး လုပ်စေချင်ခဲ့တယ်... ဒါပေမယ့် ကျွန်တော်မအောင်မြင်ခဲ့ဘူး.... ဘာလို့လဲသိလား.... ကျွန်တော်မဲဆွယ်ခဲ့တဲ့သူတွေရဲ့ အခြေအနေနဲ့ ဒီငွေ၁၀သိန်းကို ကျွန်တော် စာနာမိခဲ့လို့... ကျွန်တော့်လက်ထဲရောက်လာမယ့် ၁၀သိန်းထက် အဲ့၁၀သိန်းပေးလိုက်ရလို့ ဖြစ်ပေါ်လာမယ့် သူတို့ စားဝတ်နေရေး... ငါ့လိုပဲ ၁၀သိန်းပေးမယ့်သူရှာရမယ်ဆိုတဲ့ စိတ်ဖိစီးမှု... ဒါတွေ သူတို့ကို မမျှဝေချင်ဘူး... ပြီးတော့ ဒါတွေပဲလိုက်ပြော လိုက်တိုက်တွန်းနေလို့ သူငယ်ချင်းတွေ အပေါင်းအသင်းတွေ ကျွန်တော့်ကို တစ်မျိုးမြင်မှာလဲ စိုးတယ်... ဒါနဲ့ပဲ ပိုက်ဆံကိုအရင်မသွင်းနဲ့ဦး... ကိုယ့်လို ၁၀သိန်းသွင်းလုပ်မယ့်သူအရင်ရှာဆိုပြီး တိုက်တွန်းမိတယ်.... နောက်တော့ ကျွန်တော်စဉ်းစားမိလာတယ်.... ဒီမှာအောင်မြင်တဲ့သူတိုင်း ဘယ်လိုအောင်မြင်လာကြလဲပေါ့... ရှင်းပါတယ်.... ကိုယ့်ဝန်ထုပ်ကို မသိနားမလည်တဲ့သူပေါ် ပုံချလိုက်သလိုပဲဆိုတာ... ဘာနဲ့တူလဲဆိုရင် အလေးချိန်များတဲ့ကျောက်တုံးကို နောက်လူလက်ထဲ ထိုးထည့်ပေးနေတာပါပဲ... ကိုယ့်လက်ထဲကလွတ်သွားပေမယ့် ဒီကျောက်တုံးက ပျောက်ပျက်သွားတာမဟုတ်ဘူးလေ... ကိုယ်မထမ်းချင်လို့ မသိနားမလည်တဲ့သူလက်ထဲ အတင်းထိုးပေးပြီး မင်းလိုပဲ ထမ်းမယ့်ကောင်လိုက်ရှာ ဆိုသလိုပဲ.... ကျွန်တော်ကတော့ရှင်းတယ်.. ဘယ်သူ့မှ မထမ်းခိုင်းတော့ဘူး.. လာလဲမထမ်းကြနဲ့ဆိုပြီး ပစ်ထုတ်ခဲ့တယ်... ကျွန်တော်လဲ အရမ်းကံကောင်းခဲ့တယ်ဗျ.... ဘာလို့လဲဆိုရင် ကျွန်တော့် Upline အကိုလဲ ကျွန်တော် ၁၀သိန်းပေးပြီး ဒုက္ခရောက်နေမှာစိုးလို့ဆိုပြီး လက်ထဲက ငွေ၁၀သိန်းကို မယူဘဲ လူအရင်ရှာခိုင်းခဲ့တယ်... သူလဲ အောင်မြင်ခဲ့တယ်ထင်လား..... ဘယ်အောင်မြင်မလဲဗျ... လူလူချင်း စာနာသနားစိတ် ရှိခဲ့တာကိုး.....
https://www.facebook.com/groups/myanmarmlmtruth/permalink/525833997609757/
Myo MyintMyat