Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

Zhulian ရဲ့ Beyond Water ရေသန့်စက်။


Zhulian ရဲ့ Beyond Water ရေသန့်စက်။
ပထမဆုံး ဒီရေသန့်စက်နဲ့ ပြောလိုတာက သူတို့ ပြသွားတဲ့ ကြော်ငြာဖြစ်ပါတယ်။ အများကြည့်ဖူးမယ် ထင်ပါတယ်။ ခွက်သုံးခွက်ချထားတယ်။ ချောင်းရေ၊ ရေသန့်ရေ၊ သူတို့ ဇူလီယံ ရေဖြစ်ပါတယ်။ ပြီးတော့ မီးလုံးလေး ထည့်လိုက်တယ်။ ချောင်းရေနဲ့ ဇူလီယံ ရေက မီးလင်းပြီး ရေသန့်ရေက မလင်းပါဘူး။ အဲ့ဒါကြောင့် ရေသန့်ဘူးရေဟာ လိုအပ်တဲ့ ဓါတ်သတ္တု မပါဝင်ပါဘူးတဲ့။ သူတို့ ရေသန့်စက်က လိုတိုး ပိုလျှော့ လုပ်ပေးတာပါတဲ့။
ပြောရရင် Zhulian ရဲ့ ဒီလို သရုပ်ပြတာ တွေ အတော်များများဟာ လိမ်နေတာပဲဖြစ်ပါတယ်။ ရေထဲ မီးလုံးထည့်လိုက်လို့ လင်းတာ မလင်းတာနဲ့ ဒီရေဟာ သောက်သုံးသင့် မသုံးသင့်ဆိုတာ နည်းနည်းလေးမှ တောင် မဆိုင်ပါ။ အဲ့ဒါ Water conductivity နဲ့ ပဲ ဆိုင်ပါတယ်။ အဲ့ဒါဟာ ဘာကို ပြောတာလဲ ဆိုတော့ ရေထဲမှာပါဝင်တဲ့ Mineral တွေ ဘယ်လောက်ပါလဲပဲ ခန့်မှန်းချေပြောလို့ရပါတယ်။ ဒီထက် မပိုပါ။ ပုံမှန်အားဖြင့် သောက်သုံးရင် အဆင့်သတ်မှတ်ချက်ဟာ 250 ppm လို့ပြောပါတယ်။ 390 microS/cm လို့ ပြောလို့ရပါတယ်။ ဆိုလိုတာက ရေထဲမှာ လျှပ်စစ်ဓါတ်အားဖြတ်စီးနိုင်စွမ်း ဘယ်လောက်ရှိတယ်လို့ ပြောတာပါ။ ဒါပါပဲ။ အဲ့ဒါနဲ့ပဲ အဲ့ဒီရေဟာ သောက်ဖို့ သင့်တော်တယ် မသင့်တော်ဘူး ဘာမှ မဆုံးဖြတ်နိုင်ပါ။
ဘာတွေ ပါဝင်သလဲနဲ့ပဲ ဆုံးဖြတ်တာဖြစ်ပါတယ်။တကယ်တော့ ဇူလီယံက ရှင်းပြတဲ့ ရေသန့်ထဲမှာ ဘာ ဓါတ်မှ မပါတော့ဘူးဆိုတာ နားမလည်လို့ ပြောတာ ဖြစ်ပါတယ်။ တကယ် ရေသန့် ထုတ်လုပ်တဲ့ လူတွေဘယ်လို ထုတ်လဲ ဆိုတာ သူတို့ မသိပါ။ ရေသန့်ထုတ်ရင်ပထမဆုံး ရေထဲမှာ ပါသမျှ အရာတွေ အကုန်လုံး ဖယ်လိုက်ပါတယ်။ Reverse Osmosis ဆိုတဲ့ နည်းနဲ့ သော်လည်းကောင်း ပေါင်းခံခြင်းနဲ့ သော်လည်းကောင်း ဖြစ်ပါတယ်။ ပြီးရင် ခရမ်းလွန်ရောင်ခြည်မှာ ဖြတ်ပြီး ပါဝင်တဲ့ ဘက်တီးယီရားကို ရှင်းပါတယ်။ အားလုံးပြိးတော့ ထွက်လာတဲ့ ရေဟာ သောက်လို့မရဘူး။ အဲ့ဒီရေကို မသောက်ရပါဘူး။ ဘာမှ မပါတဲ့ ရေဟာ အန္တရာယ်ရှိပါတယ်။ အဲ့ဒါကြောင့် ဆား၊ မဂ္ဂနီဆီယံ စတဲ့ ဓါတ်တွေ သောက်လို့ရတဲ့ အဆင့်ရောက်အောင် ပြန်ရောပါတယ်။ အဲ့ဒါမှ သောက်ေ၇ဖြစ်တာပါ။ ပြီးမှ PPM မီတာနဲ့ တိုင်းကြည့်ပြီး ၂၅၀ parts per million အောက် ဖြစ်မှ ထုတ်လို့ရပါတယ်။ ပုံမှန် သောက်ရေသန့် Mineral Water ဟာ PPM 50 အောက်မှာရှိပါတယ်။ အဲ့ဒီလောက်နည်းရင် ရေထဲကို လျှပ်စစ်ဖြတ်စီးနိုင်အား အလွန်နည်းပါတယ်။ 80 microS/cm ပဲရှိပါတယ်။ အဲ့ဒါကြောင့် သူတို့ မီးမလင်းတာပါ။ သောက်သုံးရန် သင့်ခြင်း မသင့်ခြင်းနှင့် ဘယ်လိုမှ မပတ်သတ်ပါ။
သူတို့ ပြသလို မီးလင်းတဲ့ ရေများကို ပြောပြပါမယ်။ မြစ်ရေ၊ ချောင်းရေ၊ မြောင်းရေ၊ ရေတွင်းရေ၊ ပင်လယ်ရေ အားလုံးကို မီးလုံးထည့်စမ်းကြည့်ရင် လင်းပါတယ် ခင်ဗျာ။ ရေသန့် ရေပဲ မလင်းတာဖြစ်ပါတယ်။သူတို့ ဇူလီယံ ရေက လင်းတယ်ဆိုရင် ကျနော်ပြောတဲ့ မြောင်းရေ၊ ပင်လယ်ရေ၊ မြစ်ရေတွေနဲ့ အတူတူပဲဖြစ်ပါတယ်။ သူတို့ ပြောတဲ့ လိုတိုး ပိုလျှော့ လုပ်ပေးတယ်ဆိုတဲ့ အတိုင်း ဆားဖြည့်ပေးခြင်း၊ Mineral ဖြည့်ပေးခြင်းဆိုတဲ့ အချက်လဲ သူတို့စက်မှာ မပါဝင်ပါခင်ဗျာ။
ပြောလိုတာကတော့ သူတို့ ပြတဲ့ မီးလုံးနဲ့ စမ်းပြတဲ့ အချက်ဟာ လိမ်လည်မှု တစ်မျိုးသာ ဖြစ်ပါကြောင်း။
Aron Mg
https://www.facebook.com/photo.php?fbid=128080361011202&set=gm.561497774043379&type=3