Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, February 22, 2017

zuliuan လိမ်ညာရောင်းချနည်းတစ်ခု


လဲစေချင်လဲရမယ်၊ မလဲစေချင်မလဲရဘူး (ကျန်းမာရေးခါးပတ်)
*************************************************************
ကမ္ဘာအေးဘုရားလမ်းမှာ ဆိုင်းဘုတ်တင်ထားပြီး ဖွင့်တော့မယ့် ထိုင်း ကွန်ယက်ကုမ္ပဏီတစ်ခုရဲ့  ကျန်းမာရေး ခါးပတ်စမ်းတဲ့ ဗီဒီယိုလေး fbကနေ ကြည့်ရတယ်၊ ဘုန်းကြီးတစ်ပါးကို စမ်းပေးနေတာ၊ ဘုန်းကြီးကတော့ သဘောတွေကျလို့ ပေါ့၊အဲဒါလေးကြည့်ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိစ္စလေး သတိရလို့ ရေးလိုက်ပါတယ်၊
ဒီခါးပတ်ဝတ်ထားရင် လေမဖြတ်ဘူး၊ ခါးနာပျောက် တယ်၊ ကျောက်ကပ်ကောင်းတယ်၊ နုပျိုတယ် ဆိုတယ်၊ ဒါက ထားလိုက်ဦး၊ ခု ပြောပြမှာက စမ်းပုံစမ်းနည်း၊ လွန်ခဲ့တဲ့ သုံးနှစ် လောက်က မြဝတီကို အလုပ်ကိစ္စရောက်နေတုန်း ဒီကုမ္ပဏီက ကိုယ်စားလှယ် တစ်ဦးက ကျွန်တော် ကို ဒီအတိုင်း စမ်းဖူးပါတယ်၊
ဘယ်လိုစမ်းလဲဆိုတော့ ကိုယ့်ကို သူတို့ ခါးပတ် မဝတ်ခင် မတ်တပ်ရပ်ခိုင်းပြီး လက်နှစ်ဘက် ကို နောက်မှာလက်ယှက်ထိုးခိုင်းတယ်၊ ပြီးရင် စမ်းတဲ့သူက ကိုယ်ရဲ့ လက်နှစ်ဘက်ကို နောက် ကနေ အသာလေးဆွဲရုံနဲ့ ကိုယ်မှာ ဟန်ချက် ပျက်လဲ မလို ဖြစ်သွားတယ်၊ သူတို့ ထိန်းထားပေး တယ်၊ အသာလေးဆွဲတာတောင်လဲတယ်ပေါ့၊ပြီးတော့ သူတို့ ကျန်းမာရေး ခါးပတ်လေး ဝတ်ခိုင်း ပြီး အင်ကုန်အားကုန် ပြန်ဆွဲပြတယ်၊ လက်နှစ်ဖက် ပေါ် တကိုယ်လုံးတက်ဖိပြီးခုန်ပြတယ်၊ ဟန်ချက် ပျက်ပြီး လဲတာ မဖြစ်တော့ဘူး၊ ကဲ ဒီခါးပတ် ဘယ်လောက် စွမ်းလဲပေါ့၊
စမ်းပေးတဲ့ အချိန်မှာ သတိထားနေတတ်တော့ လုပ်နည်း လုပ်ဟန်ကို ချက်ခြင်း သဘောပေါက် သွားတယ်၊ ဒီတော့ ချက်ခြင်း ကျွန်တော်ကို လာစမ်းပေးနေတဲ့ ညီလေးကို တစ်ခုပြောလိုက် တယ်၊ "ငါ့ညီ အကိုပြန် ဆွဲပြမယ်ကွာ၊ ညီ့ခါးပတ် ညီကိုယ်တိုင်ဝတ်ထား၊ အသာလေးပဲ ဆွဲမယ်၊ လဲစေရမယ်၊ ပြီးရင်ခါးပတ်ချွတ်လိုက်၊ ခုနလိုအားနဲ့  ခုန်ပြမယ်၊ မလဲစေရဘူး" ပြောတော့ သူကျွန်တော့် ကို ဆက်မရောင်းတော့ ပါဘူး၊ နှုတ်ဆက်ပြီး ပြန်သွား ပါတယ်၊
အဖြေမှန်ကဒီလို၊ ဆွဲပုံဆွဲနည်းလေးက ကွာတယ်၊ လဲစေချင်ရင် ရပ်နေသူရဲ့ အနောက်ဘက် လားရာအတိုင်း ကို လက်လေးနဲ့  အသာဆွဲလိုက်၊ လဲပါတယ်၊ မလဲစေချင်ရင် ကိုယ့်လက်နှစ်ဘက်နဲ့  သူ့ လက်နှစ်ဘက်ကို အောက်ဘက်လားရာကို ဖိပြီး တကိုယ် လုံး တက်ခုန်၊ မလဲဘူးဗျ၊ ခါးပတ်ကြောင့် မလဲတာ မဟုတ်ဘူး၊ ဆွဲပုံလားရာ (Direction) ပြောင်းလိုက် လို့ မလဲတာပါ၊
အများအမြင်မှာတော့ ခါးပတ်က တယ်စွမ်းတာပဲ ပေါ့လေ၊ မဝတ်ထားရင် အသာလေး ဆွဲတာတောင် လဲတယ်၊ ဝတ်လိုက်တော့ တက်ခုန်တာတောင်မလဲ ဘူးပေါ့၊ ခန္ဒာကိုယ်ပဲ သိဒ္ဓိရသွားသလို၊မဟုတ်ပါဘူး၊ ခါးပတ်နဲ့ ဘာမှမဆိုင်ဘူး၊ လှည့်ကွက်ပါ၊ ကွန်ယက် (MLM) ပစ္စည်း တွေကို ရိုးရိုးသားသားပဲရောင်းစေ ချင်ပါ တယ်၊ ဒါမျိုး လှည့်စားချဲ့ ကားနေရင် ကုမ္ပဏီရော ကိုယ်ပါ နာမည်ပျက်မှာ၊
ဒီကုမ္ပဏီမှာလုပ်နေသူတိုင်းတောင် ဒီကိစ္စသတိ ထားချင်မှထားမိမယ်၊ မဝတ်ထားရင်ဖြည်းဖြည်းဆွဲ၊ ဝတ်ထားရင်တက်ခုန်လို့ ကိုယ်အထက်လိုင်း မိတ်ဆွေက ပြောတာပဲ နားထောင်ပြီး ဒီမြုပ်ကွက် ကို မသိလို့ လိုက်စမ်းပြ ရောင်းနေတာ လည်းဖြစ်နိုင် ပါတယ်၊ သိလျက်နဲ့ လိမ်တာ ဟုတ်ချင်မှဟုတ်မယ်၊ အခုသိပြီဆိုတော့ ဝယ်ထားသူတွေရော၊ ကိုယ်စားလှယ်တွေပါ ပြန်စမ်းကြည့်ပါဦး၊ အခုပြောတာမှန်ရင် အဲဒီလို စမ်းပြပြီးမရောင်းပါနဲ့ တော့၊
ကဲ မယုံဘူးဆိုရင်တော့ အဲဒီခါးပတ်ဝတ်ပြီး လာခဲ့ပါကွယ်၊ လောင်းကြေးနဲ့ ဆွဲပြပါ့မယ်၊ ခါးပတ် ဝတ်ဝတ် မဝတ်ဝတ် လဲစေချင်လဲစေရမယ်၊ မလဲစေ ချင် မလဲစေရပါဘူး။
Photo Credit: Ko Bo
https://www.facebook.com/permalink.php?story_fbid=551964054951725&id=100004144057168