Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, March 31, 2017

Analysis of MLM Victims


 http://onlinemamas.com/wp-content/uploads/2016/11/Screen-Shot-2016-11-17-at-4.50.22-pm-1024x757.png
Analysis of MLM Victims
MLM မှာ ရဲ့သားကောင်အဖြစ်ကို ရောက်မှန်းမသိရောက်သွားကြတဲ့ လူတွေကို အခြေခံအားဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ရင် သူတို့ရဲ့ လောဘစိတ်နဲ့ အမှားအမှန်ခွဲခြားနိုင်စွမ်း မရှိတော့တဲ့ ဆင်ခြင်တုံတရား အားနည်းမှု လူတစ်ဘက်သားကို အမြင်နဲ့အထင်ကြီးတတ်မှု အယုံလွယ်မှု အစရှိတဲ့အခြေ ခံအကြောင်းတရားတွေကလို့ပြောရမှာပါ။
မျှော်လင့်ချက်မရှိပဲစိတ်ဓာတ်ကျနေတဲ့သူတွေ အလွယ်တကူဖြတ်လမ်းလိုက်ချင်တဲ့သူတွေအတွက်တော့ MLMဆိုတာ ထွက်ပေါက်တစ်ခုပါပဲ။
လူဆိုတာကလဲခက်သား ဘာမှလုပ်စရာမလိုဘူး အိမ်မှာထိုင်နေရင်းနဲ့ပိုက်ဆံဝင်မယ်သာပြောကြည့် သည်းခြေကြိုက်ပေါ့ Time Freedom ဘာညာ ပေါ့။ တကယ်တော့ လူပြိန်းကြိုက်အတွေးအခေါ် ပါ။ အလုပ်လက်ကြောမတင်းတဲ့သူတွေ သာ Time freedom ကိုမက်မောကြလိမ့်မယ်။ တကယ်အလုပ်လုပ်ချင်တဲ့သူကြတော့ တစ်ရက်မှာ ၂၄နာရီဆိုတာတောင် နည်းတယ်လို့ထင်ကြတာ။
အဲ့လိုလူပြိန်းကြိုက်အတွေးအခေါ်နဲ့ တစ်ဖက်လူရဲ့လောဘစိတ်ကိုဆွပေးလိုက်တော့ တော်ရုံလူက မလွန်ဆန်နိုင်တော့ဘူး။ ဟာ တယ်ဟုတ်ပါလားပေါ့။ လူအထင်ကြီးအောင် နွေခေါင်ခေါင်လည်း ကုတ်အကျီင်္ တကားကားနဲ့ ကြောင်ရှာသီးတွေတပ်ပြီး တဘက်သားကောင် ကို ဒီလိုနည်းနဲ့လဲ မြူဆွယ်ကြတယ်။ ကုတ်အကျီ င်္ယဉ်ကျေးမှုဟာ မြန်မာကားထဲက ကုမ္ပဏီပိုင်ရှင်တွေ လူဆိုးတွေနဲ့ MLM လောကမှာ ထင်ရှားတဲ့ သင်္ကေတတွေပေါ့။ အပြင်လောကမှာရှိတဲ့လုပ်ငန်းရှင်တွေ လည်ကတုံးနဲ့ ပုဆိုး ရိုးရိုးကုတ်ကုတ်ပဲနေကြတာများပါတယ်။ မဖြစ်မနေပွဲလမ်းသဘင်ကိစ္စနဲ့နိုင်ငံခြားခရီးစဉ်တစ်ချို့ကလွဲပြီး မဝတ်ကျပါဘူး။ တကယ့်လုပ်ငန်းရှင်ဆိုတာ ကုတ်အကျီင်္မဝတ်လဲ လူတွေကသိပြီးသားပါ။ သံရုံးကအရာရှိတွေတောင် သာမန်ရုံးတက် ရင်ရိုးရိုးပဲဝတ်ကြတာပါ။
MLM မှန်ရင် ဒီဝတ်စုံနဲ့တွဲသိနေကြပြီ ဆိုးတာက တစ်ချို့စတက်ကြွခါစကောင်တွေ ဆို ဘေထုပ်ထဲကဆွဲလာသလားအောင့်မေ့ရတယ်။ ကိုယ်နဲ့တော်၏မတော်၏မသိဘူး ပွပွ ကားကားယားယားကြီးတွေ ကျက်သရေတစ်စက်မှကိုမရှိတာ။
အဲ့လိုမျိုးဟိတ်တန်ကောင်းအောင်အပေါ်ယံဟန်ပြနေပြီး နယ်ဘက်တွေဆင်းကြတော့ တောသူတောင်သား မသိနားမလည်တဲ့သူတွေ လွတ် အထင်ကြီးရောပေါ့ဗျာ။ ”ဘဝမှာ အချိန်တိုတွင်းမအောင်မြင်ချင်ဘူးလား၊ ခင်ဗျားတို့ဘဝကို ပြောင်းလဲလိုက်စမ်းပါ” အဲ့လို စကားလုံးတွေနဲ့အစချီလို့ leader တွေ နိုင်ငံခြားခရီးထွက်တဲ့ပုံတွေ ကားအကောင်းစားနဲ့ရိုက်ထားတဲ့ပုံတွေပြပြီး သူတို့လိုဖြစ်ချင်လား ၃နှစ်လောက်ပဲကြိုးစားပါ သိန်းကို ရာနဲ့ချီပြီးဝင်မှာ စသည်ဖြင့် တော်ကီလေးကြွေးလိုက်ရင် ကိန်းအောင်နေတဲ့လောဘစိတ်ကလေးက ဟုတ်ပေသားပဲ ငါတို့လည်းကြိုးစားရင်ဖြစ်နိုင်တာဆိုတဲ့ အတွေးမျိုးဝင်သွားတတ်တယ်။ အယုံလွယ်လိုက်ပုံများနော်...တစ်လကို ဘယ်လောက်ဝင်နေပြီပြောလဲ ယုံလိုက်တာပဲ။ အဲ့လိုယုံအောင်လို့ အပေါ်ယံအသွင်အပြင်နဲ့ ကြွေသွားနိုင်လောက်တဲ့စကားလုံးတွေရွေးပြောတာ။
ကိုယ်က ဘယ်လောက် တောင်ရုန်းကန်ပေးရမလဲဆိုတာ သူတို့မမြင်တော့ဘူး။ အစွဲများသိပ်ကြောက်ဖို့ကောင်းတယ်။ MLM စနစ်ရဲ့အားနည်းချက်ကိုထောက်ပြရင် သူတို့မခံနိုင်ကြဘူး။ ဘာနဲ့ပြန်ပက်သလဲဆိုတော့ သူတို့ ကုမ္ပဏီက အစစ်အမှန် တရားဝင်တယ် လိမ်တယ်ထင်ရင် ရဲစခန်းသွားတိုင် အစရှိသဖြင့် ဂျာအေးသူ့အမေရိုက်စကားတွေနဲ့ပြန်ပြောပါလိမ့်မယ်။ ဗိုင်းရပ်စ်က ပြင်းလွန်းတော့ သူတို့ကိုယ်တိုင် မှိုင်းမိနေတဲ့အဖြစ်ကိုမမြင်နိုင်တော့ဘူး။ သူတို့ leader တွေ upline တွေ နှုတ်တိုက်သင်ပေးသမျှကို ယုံလိုက်တော့တာပဲ။ ဆန့်ကျင်ဘက်ပြောသမျှ ရန်သူလို့ထင်နေတာ။ မဟာသူဋ္ဌေးလောင်းအိပ်မက်ကိုမက်ရင်း အပြင်လောကနဲ့ဝေးကုန်ကြတော့တယ်။ ဒီကြားထဲMLM Lobby စာရေးဆရာတွေဟောပြောတဲ့ဟာတွေ စာအုပ်တွေဖတ်ပြီးပြီဆိုရင်ဖြင့် သူတို့ကိုယ်သူတို့ Oxford ကနေ PhD ရလာတဲ့လူတစ်ယောက်လိုထင်တတ်ကြတာ။
Philip Kotler လို Marketing ဂုရုတွေရေးတဲ့စာတွေသူတို့မဖတ်ဖူးဘူး။ Social Entrepreneurship ကိုဘာမှန်းမသိဘူး။ သူတို့ရဲ့ Lobby စာရေးဆရာတွေနောက် Campတွေက သိလာတဲ့ ခပ်ညံ့ ညံအတွေးအခေါ်တွေ စင်္ကြာဝဋ္ဌာကြီးထဲက သင်လိုချင်တာတောင်းပါ ရောက်လာပါလိမ့်မယ်ဆိုတဲ့ ရူးကြောင်ကြောင် စကားလုံးတွေနောက်လိုက်ရင်း အတွေးအခေါကို အကျဉ်းချလိုက်ကြတယ်။ ဒီလိုအချိန်မှာ ဘယ်လိုလူမျိုးပဲတားတား သူတို့ရဲ့ထင်မြင်ယူဆချက်သာမှန်တယ်။ သူတို့ကိုမနာလိုလို့ပြောတာ အဲ့လိုထင်တတ်ကြတယ်။ ကိုယ်တိုင်ဒုက္ခရောက်ပြီး အထိနာတော့မှ သိတဲ့လူတန်းစား မျိုးဆိုတာသီးသန့်ရှိနေတော့ လက်တွေ့ ဘဝရဲ့သင်ခန်းစာ ကို သူတို့ကိုယ်တိုင်ယူပြီးမှကျေနပ်နိုင်ကြမှာပါ။
Anti တွေကတော့ တစ်ယောက်ရရ နှစ်ယောက်ရရ ပညာပေးတဲ့အလုပ်ကို ဆက်လုပ်နေဦးမှာပဲ။ ဓမ္မနဲ့ အဓမ္မကြားမှာ ဘယ်အလွှာမှရှိမနေပါဘူး။ ဒီစနစ်ဆိုးကြီးထဲက သားကောင်တွေကို ကိုယ့်ထမင်းကိုယ်စားပြီးအမုန်းခံပြောပေးနေတာ နံမည်လိုချင်လို့မဟုတ်ဘူး ရာထူးတွေလဲရမသွားဘူး။ ဒါပေမယ့် မတရားတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ငန်းထဲကနေ သားကောင်ဖြစ်နေတဲ့လူတွေကိုဆွဲထုတ်ဖို့ ဒီစနစ်ဆိုးကြီးအမြစ်မပြတ်မချင်းတတ်နိုင်သလောက်တော့ ထောက်ပြပြောဆိုနေကြဦးမှာပါ။ ငါတို့Anti တွေရဲ့ အမုန်းစကားတစ်ခွန်းဟာ မင်းတို့ leader တွေရဲ့မုသာဝါဒတွေထက်တော့ချိုပါတယ်။
https://www.facebook.com/groups/myanmarmlmtruth/permalink/620202278172928/
Wathan Min

Aimstar နာရေးကူညီမှုအသင်း Foundation ကိုညီငယ်တစ်ယောက်ထောက်ပြချက်


ကျနော် ဒါလေးပဲ ရေးလိုက်တာ reply cmt လည်းပြန်မလာတော့ဘူး
Noti မှာတောင် ဝင်ရှာမရတော့ဘူး
ဖျက်သွားပြန်တာလားမသိ?
ဘယ်လိုပဲဖြစ်ဖြစ် Member တွေကနေရတဲ့ ထောက်ပံ့ငွေ(ကူငွေ)ကို ဟိုလူဆို 10% ဒီလူဆို ဘယ်လောက် % လုပ်တာတော့ မဟုတ်သေးပါဘူးဗျာ
အသက်ရှိတုန်း လူရှာနိုင်သလောက် ငွေပြန်ရရင် တမျိုးပေါ့
ခုက လူချစ်လူခင်ပေါတဲ့ SV တယောက်ဆုံးလို့ ဒီ Foundation ကတဆင့် member တွေက လှူတောင် 10% ပဲရတော့မှာ
အဲ့ခါမှာ 100% ရတဲ့သူက သေလျှင် အလကားနေ ဟို 90% ကြီး ရဦးမှာ...သူ့အတွက်ပေးတာလည်းမဟုတ်ဘဲနဲ့
သေတာတောင် ကူငွေ ခွဲပေးနေရတယ်


Image may contain: text 
Image may contain: text 
https://www.facebook.com/groups/myanmarmlmtruth/permalink/620006264859196/
 
 

Fail MLM Unicity


 Image result for unicity
စာရှည်သွားလို့ Comment မရတာနဲ့
@Myat Moh Moh Pyone sis , ဘာပဲပြောပြော ကိုယ်မှန်တယ်ထင်လို့ အများနဲံ့တစ်ယောက် ယှဉ်ပြိုင်ရဲတာတော့လေးစားပါတယ်
တချို့တွေကိုတော့ ဘဝင်မကျတာဖြစ်လိမ့်မယ် Anti တိုင်းကလဲ လူကောင်းကြီးပဲတော့မဟုတ်တာသေချာတယ်လေ
MLM အကုန်လုံးလဲလူဆိုးမဟုတ်တာလက်ခံတယ် ဒါပေမယ့် မြန်မာနိုင်ငံက Mindset နဲံ Multilevel marketing လုံးဝမကိုက်ဘူးလို့ပြောချင်တယ်
sis မှာ အရည်အချင်းတွေရှိပါတယ် သေချာထပ်လေ့လာပါဦး အတွေ့အကြုံပြောပြမယ်
ကိုယ်လဲ Unicity မှာလုပ်ခဲ့ဖူးတယ် သူငယ်ချင်းတွေ အသိတွေ မျိုးစုံဆွယ်ခဲံတုန်းက အကုန်ငြင်းထားခဲ့ပြီး အခု
ထိုင်းနိုင်ငံက ပို့ဆောင်ရေးလုပ်ငန်းအကြီးကြီးပိုင်တဲ့ သူဠေး တစ်ယောက်နဲ့ စကားပြောဖြစ်ရင်း သွာူလေ့လာခဲ့တာက ပိုးစဝင်တာပဲ
ဒေါက်တာသူရိန် နဲ့ ကို သူရ တို့ရဲ့ SOPP ပေါ့ အကျဉ်းချုံးပြောမယ်
အဲ့အချိန်က ကျွန်တော် ၂၂ ငယ်လဲငယ် တက်လဲတက်ကြွတဲ့အရွယ်ဆိုတော့ သူတို့ကိုအားကျတယ် အဲ့မှာစတယ် ( E and S အလုပ် ငါးခုလောက်လုပ်ထားဖူးပါတယ်)နောက် တစ်ဆင့်ပြီးတစ်ဆင့် ရန်ကုန် SOPP သုံးခါလောက်လေ့လာပြီးမှစလုပ်တာ မလုပ်ခင် အင်တာနက်ကနေ Multilevel marketing why should and why shouldn't တွေ future wave က ဆရာဖူးကျော်ဇင်တို့ Future Myanmar က ဆရာဇင်ဖြိုးပိုင်တို့အကုန်လုံးနဲ့ကောင်ူကွက်ဆိုကွက်ပြောပြီးမှ စခဲ့တာ
VIP ပဲပေါ့ လုပ်ပြီဆိုလဲထိထိရောက်ရောက်ပဲကောင်းတယ်မလား
ပထမလမှာ ကျွန်တော် တစ်သိန်းခွဲဖိုးလောက်သုံးတယ် ကျန်တာ ရောင်းတယ်
ပြီးတော့ကျွန်တော်က သူမျာူနဲ့မတူဘူး STP စာအုပ်နဲ့မဟုတ်ဘူး Tablet နဲ့ ကိုယ်တိုင် Power point လုပ်ပြီး ပြခဲ့တာ
လူတွေကလောဘကြီးတယ်ဗျ ကျွန်တော်က ဆေးအကြောငးအရမ်းူမပြောဘူး Product တွေအဆင်ပြေတာ အသုံးဝင်မ့် Product အချို့ နဲ့ American brand ဘာညာလောက်ပဲပြောပြီး သေချာနာူလည်အောင်ပြောပြပြီးလုပ်နိုင်မှလုပ်ဖို့ ပြောတဲ့ကြားက ကြားချင်တာပဲကြားပြီး လိုက်လုပ်ကြတယ်ဗျ ပထမလတော့ ကိုယ့်အောက်မှာ VIP တစ်ယောက် စ ဝင်တယ်
VIP cashback 40000 and VIP တစ်ယောက် က ပြန်ရတာရယ် နှစ်သိန်းလောက်စဝင်တော့ ရူးတာပေါ့
Trip လဲနီးပြီဆိုတော့ နောက်လ အသံအသန်ကြိုးစားတာ မနက် ၇ ဆို အပြင်ရောက်နေပြီ ည ၁၁ လောက်မှအိမ်ပြန်ဝင်တယ်
KPI ဆိုတာလေးရှိတယ် အဲ့ဒါအကုန်လုံးလုပ်ပြီးမှတစ်ရက်နားတယ်
ဒုတိယလမှာ ကျွန်တော့် Structure လူ ၂၀ နီးပါးဖြစ်လာတယ် ၁၀၀ တွေ ၅၀၀ သုံးယောက်လောက်နဲ့ တိုလီမိုလီတွေအများကြီး Point တွေကစား မှတ်ထား
ရှစ်သိန်းကျော်လောက်ဝင်တယ်ဗျ အဲ့ပိုက်ဆံနဲ့ပဲ ဘန်ကောက်က UPS ကိုသွားတက်ခဲ့တယ် ပြန်လာတော့ ပိုတက်ကြွတာပေါ့ဗျာ ဟိုမှာနိုင်ငံပေါင်းစုံလေ
ပိုလုပ်ရင်းလုပ်ရင်း ကျွန်တော့် downline တွေ မလိုက်နိုင်တော့ဘူး
ဒီနေရာမှာပြောချင်တာ လူတိုင်ူးက လိုချင်တာပဲရှိတယ် အပင်ပန်းမခံနိုင်ဘူး အကုန်မခံနိုင်ဘူး သံသယများတယ် အသစ်တွေရတယ် အဟောင်းတွေ ပြုတ်သွားတယ် (KPI အတိုင်း Home meeting OPP တွေ ကိုယ့် Projector နဲ့ကိုယ် လိုက်လုပ်ပေးတာတောင်နော် ) ဒါနဲ့ upline ကိုပြောတယ်
သူတို့ပြောလေ့ရှိတာက ဆက်လုပ် UPS သွား Eagle သွား ဒါပဲလာမှာ
သွေးပူတုန်းတော့မသိဘူး အေးဆေးပြန်စဉ်းစားတဲ့အခါ Weight နဲ့ဖိသွားတာပါပဲ များသောအားဖြင့်က Brainwash လုပ်ခံထားရတဲ့သူများတယ် အပြင်ကလူတွေက ဒါကိုမသိတာ သနားစရာလိုလို MLM မလုပ်တဲ့လူတွေက ပညာမတတ်သလိုလို တစ်ကမာလုံး MLM လုပ်လာမှာမျိုးတွေပြောတယ်
လူတွေက တူရာစုရင်ပျော်တယ် decoration ကောင်းကောင်းနဲ့ ဆောက်ထားတဲ့ နေရာရောက်ရင် Proud ဖြစ်တယ် နိုင်ငံပေါင်းစုံကလူတွေလဲလာတယ်ဆိုတော့ ပြန်ယုံကြည်လာတယ်ပေါ့
နောက်ဆုံး ငါးကြင်းဆီနဲ့ငါးကြင်းကျော်သွားတာပါပဲ
ကိုယ်လဲခေါင်းမာခဲ့တယ် အကုန်လုးူံနဲ့ ယှဉ်ပြောတယ် ဒီလို Online မှာတော့မဟုတ်ဘူးပေါ့
အဲ့တော့ ကိုယ်ချင်းစာပါတယ် ကိုယ်ကမှန်တယ်ထင်တာကိုး
မှားလားဆိုတော့မမှားဘူး Unicity က Product တွေကောင်းတယ် တခြားဟာတွေနဲ့ယှဉ်ရင် ဒါပေမယ့် ဒီ ဈေးမရှိသင့်ဘူး
FDA Approve ကလဲ Dietry supplement မနေနဲ့တင်တားပြီး လက်တလုံးခြားလုပ်ထားတယ် ဆေးဘူးတ်ုင်းမှာ ကာကွယ်ရန် ကုသရန် မဟုတ်ပါဆိုတဲ့ ခေါင်းရှောင်ထားတာတွေအများကီးတွေ့ရလိမ့်မယ်
Upline ကိုမေးမယ် မမေးဘူး အရင်ဆုံးဖြတ်ပါ
တစ်ချို့ Upline တွေ Downline လောက်အရည်အချင်းမရှိတာ ပညာမတတ်တာတွေအများကြီး မေးလဲ သင်ပေးထားတာတွေပဲထွက်လာမှာ
ကိုယ်လေ့လာခဲ့တာ သုံးလ
အလုပ်လုပ်ခဲ့တဲ့လေးလမှာ ဘာ System မှမပျက်ဘူး Bangkok နှစ်ခေါက် Chingmai Eagle camp တစ်ျခါက်ရောက်ခဲ့တယ် Downline တွေလဲ အသစ်အဟောင်းတွေအများကြီးကို analysis
ပြန်ချကြည့်တော့ ဆုံးရှုံးသွားတဲ့သူများတယ် စိတ်ညစ်ရတဲ့သူများတယ်
သူတို့မလေ့လာလို့ဆိုတာမျိုးထက် သေချာရှင်းပြခဲ့တာတောင် မအောင်မြင်ခဲ့ကြတဲ့သူတွေပါ ကိုယ်တတ်နိုင်သလောက် ပစ္စည်းတွေပြန်ထုတ်ပေးတယ် ကိုယ်လဲ ဆက်မလုပ်ပဲရပ်ခဲ့တယ်
လူတိုင်းက sis လိုမတော်နိုင်ဘူး MLM မှာလဲ လူတိုင်းမအောင်မြင်ဘူး
လူနှစ်မျိုးရှိတယ် တော်တဲ့သူ ညံ့တဲ့သူ အလွယ်ပြောတာပေါ့
ညံ့တဲ့သူတွေရှုံးသွားတယ် တော်တဲ့သူတွေ အောင်မြင်တယ် ( Actually I dont wanna use "success" here. Its really not worthy. ) သူတို့က စကားတွေပြန်သင်ပေးတယ် ဟာကွက်တွေလိုက်ဖာတယ် စဉ်းစားကြည့်ရင် မှန်သလိုနဲ့ အပြင်က ထွက်စဉ်းစားလေလေ Brainwash တွေဖြစ်လေလေ သိလာပါလိမ့်မယ် ငွေက စိတ်ချမ်းသာမှု ဂုဏ်သိက္ခာ သူတစ်ပါးမျက်ရည် ထက်အရေးပေးတဲ့သူမျိုးတွေပေါ့ အရမ်းကြောက်ဖို့ကောင်းတယ်
အဲ့တော့ ဒီမှာတစ်ချက်စဉ်းစားကြည့်ပါ Multilevel marketing စနစ်ကိုက အောက်ပိုင်းရောက်လေလေ ဆုံးရှုံးမှုများလေလေဖြစ်လို့ ကိုယ်က အဲ့လောက်ရက်စက်ပြီလား
ထိရောက်တာပဲရောင်းတယ် ဘယ်သူမှမထိခိုက်သေးဘူးဆိုလဲ ကိုယ်ပြောတာယုံပါ တွေ့လာပါလိမ့်မယ် ကိုယ့်ကို အကောင်ူးပြောတဲ့ပါးစပ်တွေလဲ ပြောင်းလာပါလိမ့်မယ်
Eagle camp ဆိုတာမှာ အဓိကက ထိုင်းမှာနာမည်ကြီးတဲ့ Teamwork building game တွေနဲ့ MLM lobby ရိုက်ထည့်တာတွေသင်ပါတယ် နောက်ကိုယ်မဖြစ်လာမယ့်ဟာမျိုးတွေ
ကိုယ့်မိဘသေသွားတာ ကိုယ်သေသွားတာလို ဟာမျိုးပေါ့ Psychology်သဘော Hurt ဖြစ်အောင်လုပ်လိုက်တယ် အဲ့ကနေ Force ပြန်ယူတယ် ( Sorry for spoiling here ) အတိအကျမပြောဘူး ကတိထာူးခဲ့တဲ့အတွက် ဒီလောက်ပဲပြောပြပါမယ် Hurt ဖြစ်သွားတော့ ကိုယ်နဲ့ကိုယ့်မိသားစုကလွဲရင် ကျန်တာမသိတော့ဘူး လုပ်မယ် ကိုင်မယ်ဖြစ်လာတာ နောက်ဆုံး ကိုယ်တုံးလုံးဆိုတာလဲမှန်ပါတယ် အကုန်ချွတ်ခိုင်းတာမျိုးတောမဟုတ်ဘူး ကိုယ်ကြိုက်တာတွေကိုယ်ချွတ်ပြီးအရှည်ဆုံးဖြစ်အောင်ဆက်ရတာပါ
မရှက်တတ်တော့အောင်ပေါ့
Eagle camp သွားရင် စားရိတ် ၆သိန်းလောက်ကုန်ပါလိမ့်မယ် တခြာူး courseျတွကပိုထိရောက်ပါတယ်
အကြံပေးတာပါ ကိုယ့်တုန်းကျခါင်းမာပြီးကိုယ်တိုင်လုပ်ကြည့်ခဲ့တာဖြစ်တဲ့အတွက် ပြန် Share ပေးပါတယ်
Robert တို့ TRUMP တို့က MLM ကို recommend ပေးထားတာလဲအထင်မကြီးပါနဲ့ သူတို့ ပိုက်ဆံရဖို့အတွက် ကစားထားတဲ့ Trick ပါ
ကိုယ်လုပ်ခဲ့တဲ့အချိန်မှာ ပိုက်ဆံရပေမယ့် ပြန်ကုန်တာတွေ သူငယ်ချင်ူအချို့ဖယ်သွားတာတွေ တကယ်လုပ်ငန်းလုပ်မယ့်အချိန်မှာ အထင်သေးခံရတာတွေ Downline တွေရဲ့ နောင်တတွေသောကတွေ နဲ့မတန်ပါဘူး Downline တွေသနားဖို့ကောင်ူတယ် ဒီလူတွေဒီလိုပြောတယ် ဟိုလိုပြောတယ် အာူးကိုးတကြီးတိုင်ပင်ကြတဲ့သောကတွေ ငွေပြန်မရသေးဘူး လူခေါ်လို့အဆင်မပြေဘူး ပြောကြတာတွေ ပြန်စဉ်းစားမိရင်စိတ်မကောင်းဘူး
Words of experience ပါ sis ခုလို ဆေးလေးရောင်ူနေတာလောက်က ကိုယ်လဲမလိမ်ဘူး ကိုယ်လဲ အလိမ်မခံရဘူးဆိုပြီးဆက်လုပ်ချင်လဲ ဖြစ်လာမယ့် ဒဏ်တွေခံနိုင်အောင်လုပ်ပါ
ကိုယ့်တုန်းကတော့ ဝိုင်းတားတဲ့သူတွေကို ချဉ်လို့ ခေါင်ူမာခဲ့တာပဲ :D
ကိုယ် မြန်မာလိုရိုက်ရတာ အဆင်မပြေတဲ့ကြားက စေတနာနဲ့ ပြည့်စုံအောင် ပြောပြပေးထားပါတယ် စားလုံးပေါင်းသည်းခံပြီးသေချာဖတ်ပါ
ကိုယ်ကတော့ လူငယ်တွေအတွက် Passion'' energy and time တွေ ဒီ ငါးပွက်လေးမှာမကုန်စေချင်ဘူး
အပြင်မှာ ကိုယ်စိတ်ဝင်စားတဲ့ Business management , sale & marketing. Finance . accounting . Human resource အမျာူကြီးအများကြီးရှိပါတယ် အဲ့ဒါတွေလေ့လာပါ
အတွေးတစ်ခုရရင် ဒီစာတွေရဲ့ရည်ရွယ်ချက် အထမြောက်ပါပြီ
#FailMLM
https://www.facebook.com/groups/myanmarmlmtruth/permalink/620322758160880/
ရွှေကျွန်းသား

Unicity


 Image result for unicity
ဒီ group ထဲညီမတစ်ယောက်နဲ့ Unicity နဲ့ပတ်သက်တာ ဆွေးနွေးကြလို့... ကျွန်တော်ကြုံခဲ့တဲ့ဟာတချို့ပြန်လည်၍ လိုရင်းတိုရှင်းပြန်မျှဝေပေးပါမယ်...
(အရင်တစ်ပတ်က Aim Star နဲ့ပတ်သက်တာပဲ ရေးနေပြောနေတာ Aim Star page တစ်ခုက BMW ပို့စ်မှာ ကျွန်တော် mlm victim အကြောင်းသွားဆွေးနွေးတယ်... Aim Star member တချို့ cb ကနေရင့်ရင့်သီးသီးလာဆဲတယ်... page ကနေ BAN သွားတယ်... အဲဒါကြောင့် အားလုံးထဲမှာမှ Aim Star ကိုအရင်ဖိပြောတာပါ..)
Unicity အကြောင်းအတိုချုပ်ပြောရရင် အားမာန်ဦးနဲ့မပေါင်းခင်ကတည်းက ဒီမှာစဆွယ်နေတာ.. မြေနီကုန်းမှာတစ်ဖွဲ့ရှိတယ်... မစိမ်း(အမည်လွှဲ)တို့က တစ်လိုင်း.... dagon centre 2 နားမှာ အမြဲ meeting လုပ်တာတစ်ဖွဲ့.... ဟုမ်းလမ်း Orange နားက meeting ကတစ်ဖွဲ့.... ဟုမ်းလမ်းဘက်ကတော့ ဒေါက်တာနေမင်း-အမည်လွှဲ(စမ်းချေင်းလမ်းနားဆေးခန်းထိုင်တယ်) တို့နဲ့လိုင်းတူတယ်... သူတို့ကတစ်ပါတီ... dagon centre ဘက်ကအဖွဲ့ကတော့ ယိုးဒယားမှာမန်ဘာဝင်ပြီး ဒီမှာလူလာဆွယ်တာ... ယိုးဒယားလိုရေးထားတဲ့ Lambrogini နဲ့စာအုပ်ပြပြီးလူဆွယ်တာ... သူတို့ up-line က ယိုးဒယားမပဲ... ဖုန်းထဲကပုံလေးပြတယ်.... ဒေါက်တာနေမင်းတို့ mcc ပွဲလုပ်တော့ခေါ်ပြီး ထိုင်းလိုတက်ပြောတဲ့တစ်ယောက်နဲ့တူတူပဲ... ဒေါက်တာနေမင်းတို့နဲ့ dagon centre အဖွဲ့ side line ပေါ့... နောက်တော့ ဦးဘောစိ-အမည်လွှဲ ရယ် အားမာန်ဦးရယ် ဇာတ်လမ်းထဲပါလာတယ်... ခရိုနီတစ်ယောက်က ငွေမဲခဝါချချင်လို့ ပွဲလာတက်သေးတယ်... ပရိဘောဂလုပ်ငန်းပိုင်ရှင် သူဌေးတစ်ဦးကလည်း ဘာလို့လဲမသိဘူး သူ့တပည့်တွေနဲ့အဆင့်ဆင့်ပိုက်ဆံစိုက်ပေးပြီး ရာထူးတစ်ခုကောက်ဝယ်လိုက်တယ်... အရမ်းဇာတ်ရှုပ်ကြီးဖြစ်နေတာ... Unicity ဆိုင်းဘုတ်လိုင်စင်မကျသေးဘူး... အားမာန်ဦးနာမည်တပ်ပြီးရုံးခန်းဖွင့်တယ်...ရှင်စောပုလမ်းထဲမှာ.... ဖောင်ဖြည့်တော့ထိုင်းလိုရေးတဲ့စာရွက်ဖြည့်ရတယ်... မှတ်ပုံတင်နဲ့ဖြည့်ရင်ဈေးပိုပေးရတယ်... ဗီဇာရှိတဲ့သူကစရိတ်နည်းနည်းသက်သာတယ်.. သဘောက ထိုင်းနိုင်ငံအောက်ထဲတရားမဝင်လူစုနေသလိုကြီးဖြစ်နေတာ... ကုတ်နံပါတ်ထွက်ဖို့အကြာကြီးစောင့်ရတယ်... ကုတ်မထွက်ခင် စာရင်းစာအုပ်လေးနဲ့ ပစ္စည်းဝယ်... ကိုယ့်ဟာကိုယ်ခွဲတမ်းပြန်ချ.. ရှုပ်နေတာပဲ... သူ့ website မှာ မြန်မာအလံမပါသေးဘူး.... ထိုင်းသွားလည်လို့ဝင်လုပ်သလိုကြီးဖြစ်နေတာ... meeting တွေ opp, camp အကုန် မန်ဘာစီကပိုက်ဆံကောက်တယ်.... ထိပ်ကလူ organizer ပေါ့... တစ်ပွဲတစ်ပွဲကိုပိုက်ဆံအများကြီးကျန်တယ်... မူရင်းကုမ္ပဏီမသိဘဲအရင်လှုပ်ရှားနေတာတွေအဲဒါတွေက.... နောက်တော့ တဖြည်းဖြည်းကြမ်းလာတယ်... ရုပ်ရှင်ဥက္ကဌကြီးကိုခေါ်ပြီး ကြော်ငြာခေါ်ရိုက်လို့.... ဥက္ကဌကြီးမျက်နှာပြတော့အဆွယ်ကောင်းတာပေါ့.... စဉ်းစားစရာက ပြိုင်ဘက်ကုမ္ပဏီတွေ opp ပွဲကိုပိုက်ဆံမကောက်တာကို ဒီ unicity က ၅ ထောင်၊ ၃ သောင်းကောက်နေတယ်... ပစ္စည်းဆိုလည်း ထိုင်းမှာရောင်းဈေးကို မြန်မာငွေ ၁ သောင်းနီးပါးပိုပေးရတယ်...
(ကုမ္ပဏီဇာတ်ရှုပ်တာတော့အများကြီးပဲနောက်မှ သေချာထပ်ရေးပေးမယ်...)
Unicity လုပ်နေတဲ့ ညီမကိုစေတနာနဲ့ပြောချင်တာက ဖြစ်နိုင်ရင်တော့ အဲဒီအလုပ်ကို ဆေးလိပ်အရက်ဖြတ်သလိုဖြတ်စေချင်တယ်.... မဖြတ်နိုင်လို့လုပ်မယ်ဆိုရင်လည်းဒါလေးတွေနည်းနည်းသိထားစေချင်တယ်....
Unicity နဲ့အလားတူ ကုမ္ပဏီတွေ မြန်မာမှအများကြီးပါ... အကုန်သူ့ဟာကိုသူကောင်းတယ်လုပ်တာပဲ... လစဉ်ဝင်ငွေ သိန်း ၁၀၀၊ ၁၀၀၀ ကမချဘူး.... ကားဆုကြေးဆို Lambrogini, Marcedes, BMW ကမချဘူး... အဲဒီမှာမန်ဘာကြေးနဲ့ အမှတ်ထိန်းရတဲ့ကြေးတွေတော့ကွာတယ်... ဥပမာ unicity က ၁၀ သိန်း၊Aim Star က ၁ သိန်း ရတဲ့ဆုတွေလစဉ်ဝင်ငွေတူရင် ဘာလို့ ဝင်ကြေးကွာနေတာလဲ.... အဲဒါတွေနှိုင်းယှဉ်လေ့လာစေချင်တယ်....
ကုမ္ပဏီတိုင်းကပြောတယ်... သူတို့ပစ္စည်းရောင်းရအမြတ်ငွေရဲ့ ၄၀% ကိုယူတယ် မန်ဘာက ၆၀% ယူတယ်တဲ့... ကြားတာတော့ကောင်းတယ်... ဒါပေမယ့် အရင်း ၁၀ လောက်ပစ္စည်းကို ၈၀လောက်လိမ်ထားပြီး ကျန်တဲ့ ၂၀ ထဲကမှ ၆၀၊ ၄၀ ခွဲတာများပါတယ်... အစ်ကိုအရင်ကလုပ် ခဲ့လေ့လာခဲ့တဲ့ mlm ၅ ခုအနက် တစ်ခုဆိုရင် upline ကအရမ်းစေတနာကောင်းတယ်... ကုမ္ပဏီကလည်း အထိုက်အလျောက်တော့ကောင်းတယ်... sedona လိုပွဲတွေတောင် ပိုက်ဆံမကောက်ဘူး... upline ထဲက diamond က အလှူလုပ်ရင်မြန်မာပြည်အထက်ပိုင်းခရီးစရိတ် free သွားလို့ရတယ်... ဒါပေမယ့်နောက်မှ ၆၀၊ ၄၀ ခွဲပုံမှာ အမြတ်ကိုထပ်ချန်ထားတာရယ် ၊ side line တွေကအရမ်းအောက်တန်းကျတာရယ်၊ မရှိဆင်းရဲတဲ့လူတစ်ယောက်ကိုဘယ်လိုမှ mlm နဲ့ချမ်းသာအောင်လုပ်ပေးလို့မရတာရယ် သေချာမြင်လို့ဆက်မလုပ်ဖြစ်တာ...
mlm တွေမှာ နှစ်တိုတိုနဲ့ diamond ဖြစ်တာတွေကိုလေ့လာလိုက်ရင်.... ခရိုနီတွေငွေမည်းကိုခဝါချတဲ့သူတွေ၊ ချမ်သာပြီးသားလူတွေလူရာဝင်ချင်လို့(စင်ပေါ်တက်ပြောချင်လို့) ရာထူးဝယ်လိုက်တာတွေ၊ ကြေးစား trainer, recruiter ကြီးတွေ၊ mlm company တိုင်းမှာအဖွဲ့လိုက် (structure စီပြီးသား) ဝင်ထွက်လှုပ်ရှားနေတဲ့ ဂျင်ပေါ်ကထုံးတွေ ကိုတွေ့ရပါတယ်.... ကျန်တဲ့သာမန်လူကတော့ diamond ဖြစ်ဖို့အရမ်းဝေးကွာလွန်းပါတယ်.....
ညီမ mlm လုပ်မယ်ဆိုရင်ကုမ္ပဏီစွဲမထားပဲ ကိုယ့် network ပဲအရေးထားပါ....
"ကုမ္ပဏီကိုတော့အာမမခံဘူး... ကောင်းမယ်ယုံကြည်ရမယ်ထင်လို့ စီးပွားရေးတူတူလက်တွဲတာသာဖြစ်တယ်.... ကုမ္ပဏီမကောင်းရင်အတူတူပြောင်းကြတာပေါ့..... product အားလုံးလည်းအာမမခံဘူး... ငါသုံးဖူးတဲ့ဘယ်ဟာကတော့တကယ်ကောင်းတယ်....(တကယ်ကောင်းရပါမည်).... နင်နဲ့ကိုက်မယ်ထင်ရင်စမ်းသုံးကြည့်လေ...... ကိုယ်တတ်နိုင်တဲ့ပမာဏပဲစမ်းသုံးကြည့်ပါ.... အရမ်းငွေကုန်ကြေးကျမခံနဲ့...." စသည့် မယုတ်မလွန်သဘောဆောင်၍သာ ဖိတ်ခေါ်သင့်ပါသည်..... သို့မှသာ အကယ်၍ကုမ္ပဏီဘတ်ပြီးပြေးပါ ကိုယ်နှင့်မိတ်မပျက်ဘဲဆက်လက်ပေါင်းသင်းနိုင်ပါမည်... mlm ထပ်လုပ်ချင်ပါကလည်းအဖွဲ့လိုက် ကုမ္ပဏီအသစ်ထပ်ဝင်နိုင်ပါမည်...
မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါစေဗျာ.... :-) :-)
#M03H31N
https://www.facebook.com/groups/myanmarmlmtruth/permalink/620234931502996/

Moe Hein

Wednesday, March 22, 2017

တစ်ချို့ MLM သမားတွေက သူတို့ဘက်က လော်ဘီ ဆရာကြီးတွေ ရဲ့ စာကို Copy-Paste လုပ်ပြီး ကျွန်တော်တို့ AntiMLM သမားတွေကို တိုက်ခိုက်တာမျိုး ရှိတတ်လို့ Post အဟောင်းကို ပြန် တင်ပေးလိုက်တာပါ


Image may contain: 1 person, text and closeup
တစ်ချို့ MLM သမားတွေက
သူတို့ဘက်က လော်ဘီ ဆရာကြီးတွေ ရဲ့ စာကို
Copy-Paste လုပ်ပြီး
ကျွန်တော်တို့ AntiMLM သမားတွေကို
တိုက်ခိုက်တာမျိုး ရှိတတ်လို့ Post အဟောင်းကို
ပြန် တင်ပေးလိုက်တာပါ
🙂
Zin Zae Lwin to MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ Anti MLM သမားတွေကို စွပ်စွဲပြောဆိုတဲ့
ကိုကျော်စွာလင်း ( SuccessMore ) ရဲ့ ဆောင်းပါးကို ဖြေရှင်းချက် ပါ ။
===========================
သူပြောတာက ....
>>>
Anti MLM တိုင်းမှာတူညီတဲ့အချက်လေးတွေရှိတာက
1- ယခင် MLM လုပ်ပြီးမအောင်မြင်ဖူးဘူး။
2-အောင်မြင်မှုကိုဖြက်လမ်းကလိုချင်ကြတယ်။
3-နာမည်ကြီး (Brand)တစ်ခုလိုချင်ကြတယ်။anti MLM ဖြစ်ဖြစ်
4-သူတစ်ပါးအကျိုးစီးပွားအတွက်လို့ပြောနေပေမယ့်
သူတို့ကိုယ်တိုင်သူတပါးအကျိုးစီးပွားအရင်ဖျက်ဆီးတယ်။
5-လူအထင်ကြီးခံချင်ကြတယ်။လူရိုသေခံချင်ကြတယ်။ <<<
ဒါက သူရဲ့ မူရင်း Post ပါ ။
https://www.facebook.com/permalink.php?story_fbid=1786309018314807&id=100008071772173
သူက သူနဲ့ သိတဲ့ လူတွေကိုပဲ ကွန်းမန့် ပေးခွင့်ပြုထားပါတယ် ။
~~~~~~~~~~~~~~~
ကျွန်တော် တစ်ချက်ချင်း ပြန်ရှင်းပါ့မယ် ။ :)
>>>
Anti MLM တိုင်းမှာတူညီတဲ့အချက်လေးတွေရှိတာက
1- ယခင် MLM လုပ်ပြီးမအောင်မြင်ဖူးဘူး။
( ဖြေရှင်းချက် ။
အရင် MLM လုပ်တုန်းက အောင်မြင်ဖူးတဲ့
Anti-MLM သမားတွေ အများကြီးပါ ။
ကျွန်တော်ကိုယ်တိုင်လည်း MLM မှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တာမို့
ငွေကြေး မဆုံးရှုံးခဲ့ဖူးပါဘူး ။
အချိန် တော့ ဆုံးရှုံးတယ်လို့ ခံစားရပါတယ် ။
အထူးသဖြင့် ကြားထဲမှာ ရလာလောက်တဲ့ အခွင့်အရေးကောင်းတွေကို
MLM ကြောင့် လက်လွှတ်ခံလိုက်ရပါတယ် ။
လူ တစ်ချို့ကို Business/Personal Development Knowledge တွေ ပေးတဲ့အခါ
ပေးခါစမှာ အထင်ကြီးလေးစားမှုကို ရပေမယ့်
ကျွန်တော် MLM လုပ်နေကြောင်း သိသွားတဲ့အခါ
ကျွန်တော်က သူတို့ကို MLM လုပ်ဖို့ ကျုံးသွင်းတဲ့ အနေနဲ့ ဒါတွေ ပြောပြတာလို့
မှတ်ယူ အထင်လွဲတာမျိုးတွေလည်း ခံခဲ့ရဖူးပါတယ် ။
နောက်ပိုင်း Media ရှင်းလင်းပွဲ လုပ်ရင် MLM မှာ အောင်မြင်ခဲ့ပြီးမှ
ရပ်လိုက်တဲ့ Leaders ကြီးတွေကို ပွဲထုတ်ပါဦးမယ် ။
အခုကတော့ ချန်ထားသေးတဲ့ သဘောပါ ။ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2-အောင်မြင်မှုကို ဖြတ်လမ်းကလိုချင်ကြတယ်။
( ဖြေရှင်းချက် ။
Anti MLM လုပ်လို့ အောင်မြင်မှု ရတယ် ဆိုတာ ဘာကို ပြောချင်တာလဲ မသိဘူး ။
ကျွန်တော့် အမြင်တော့ MLM သမားတွေကသာ ပိုပြီး ဖြတ်လမ်း ကြိုက်တာပါ ။
ကိုယ်တိုင် Business/System တစ်ခု တည်ဆောက်ယူရမယ့် အစား
သူများ Business/System ကို ကိုယ်က အရောင်းကိုယ်စားလှယ်နေရာကနေ ဝင်လုပ်ရတာလေးနဲ့ပဲ
ကိုယ့်ကိုယ်ကို Business Owner နာမည်ခံနေကြတာလေ ။
သူများတွေ ( ကိုယ့်အောက်လူတွေ ) ရဲ့ အချိန် တွေကို
နှုတ်ဖျားက စကားလေးတွေနဲ့တင် ကိုယ့်အတွက် ယူသုံးနေကြတာလေ ။
ကျွန်တော် တစ်ဦးတည်း အနေနဲ့ ပြောရရင် Anti-MLM လုပ်နေလို့
ကျွန်တော့် ရဲ့ စာသင်ခြင်း နဲ့ မပတ်သက်တဲ့
တခြား လုပ်ငန်း ဆောင်ရွက်မှုတွေကို တွေကို ကျွန်တော် လျှော့လိုက်ရပါတယ် ။
ကျွန်တော့်ရဲ့ တခြား Pages တွေ Engagement ကျသွားတယ် ။
MLM သမားတွေက ကျွန်တော့်ရဲ့ သင်တန်း Page မှာ
နှောက်ယှက်တဲ့ ကွန်းမန့်တွေ ပေးကြတာကိုသတိထားရတယ် ။
ဖုန်းဆက်ပြီး ခြိမ်းခြောက်ချင်တဲ့လူတွေ ရှိလာလို့
ဖုန်းမှန်သမျှ အမြဲ အသံသွင်းထားရတယ် ။
Anti-MLM Campaign လုပ်နေလို့ ဆိုပြီး ကျွန်တော့် သင်တန်းမှာ
လူ ပိုဝင်လာတာမျိုးလည်း လုံးဝမရှိပါ ။
ဒီတော့ ဒီ စကားက ကျွန်တော်တို့လို
မြန်မာနိုင်ငံက Anti-MLM သမားတွေ အတွက်တော့ လုံးဝ မမှန်ပါ ။
တခြား Anti-MLM သမားတွေလည်း ကျွန်တော့် လို ပဲ ဖြစ်မှာပါ ။
( သူပြောသလို စာအုပ်ထုတ်ရောင်းဖို့ ၊
Stock Market မှာ MLM Companies တွေကို
Short-Selling ဝင်လုပ်ဖို့ဆိုတာလည်း ဝေလာဝေးပေါ့ဗျာ ။
ဒီက MLM Companies တွေက Stock Market ကို
အနားတောင် ကပ်နိုင်သေးတာမှမဟုတ်တာ ။ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
3-နာမည်ကြီး (Brand)တစ်ခုလိုချင်ကြတယ်။
( ဖြေရှင်းချက် ။
ကျွန်တော် အရင်ကလည်း ပြောဖူးပြီးသားပါ ။
ဒီခေတ်မှာ Marketing/Branding Technique တစ်ချို့ သိရင်
နာမည်ကြီးဖို့ သိပ်မခက်လှပါ ။
Facebook + Online Media ရှိတယ် ။ Media ပွဲစားတွေ ရှိတယ် ။
Event Management Services တွေ ရှိတယ် ။
ငွေ နည်းနည်း သုံးလိုက်ရင် နာမည်ကြီးဖို့ သိပ်မခက်လှပါ ။
နာမည်ကောင်း ရဖို့နဲ့ ရလာတဲ့ နာမည်ကောင်းကို ထိန်းထားနိုင်ဖို့သာ ခက်တာပါ ။
Anti-MLM လုပ်မယ့် အချိန်နဲ့ လူအင်အားကို
တခြားမှာ သုံးလိုက်ရင် နာမည်ကြီးဖို့ လွယ်သလို
Anti-MLM လုပ်သလို အတိုက်အခိုက် များမှာလည်း မဟုတ်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
4-သူတစ်ပါးအကျိုးစီးပွားအတွက်လို့ပြောနေပေမယ့်
သူတို့ကိုယ်တိုင်သူတပါးအကျိုးစီးပွားအရင်ဖျက်ဆီးတယ်။
( ဖြေရှင်းချက် ။
သူတစ်ပါးအကျိုးစီးပွားအတွက် ဆိုရာမှာ ရာခိုင်နှုန်း အနည်းအများကို ကြည့်ရမှာပါ ။
ချဲတို့ နှစ်လုံးတို့လို လောင်းကစားလုပ်တာမျိုးမှာလည်း ဝင်ငွေရနေသူတွေ ရှိပါတယ် ။
ဒါပေမယ့် အများစုက ဆုံးရှုံးရလို့ ဒီ လောင်းကစားနဲ့ ပတ်သက်ရင်
ဥပဒေထုတ် တားမြစ်တာ ၊ အသိပေးတားမြစ်တာ တွေ လုပ်ရတာပါ ။
MLM လည်း ဒီသဘောပါပဲ ။
MLM ကြောင့် အကျိုးစီးပွါးရတဲ့ လူ အရေအတွက်နဲ့
MLM ကြောင့် နစ်နာသူ အရေအတွက်ကို အချိုးချကြည့်လိုက်ပါ ။
ဒီ အချက်အလက်တွေ ကို အတိအကျ အများက အတိအကျ သိရဖို့
Public Debate ဖိတ်ခေါ်ခဲ့တာပါ ။
- MLM မှာ ဝင်ငွေ ကောင်းသူ
- MLM မှာ အရင်း ပြန်ရသူ
- MLM မှာ ငွေကြေး ဆုံးရှုံးနေသူ
- MLM မှာ ငွေကြေး ၊ အချိန် ဆုံးရှုံးပြီး စိတ်ပျက်ထွက်ခွါသွားသူ အချိုးအစားကို သိရဖို့ လိုပါတယ် ။
နိုင်ငံတကာ MLM Companies ကြီးတွေမှာ ( အမေရိကန် FTC က စစ်ပြီဆိုရင် )
ဒါတွေကို ထုတ်ပြန်ပေးရပါတယ် ။
Stock Market မှာ ဝင်ထားတဲ့ MLM Companies ကြီးတွေကလည်း
Financial Statement ပုံမှန်ထုတ်ပေးရပါတယ် ။
ဒီမှာ Herbalife က သူတို့ကိုယ်တိုင် ထုတ်ပြန်ပေးထားတဲ့
ဝင်ငွေဖော်ပြချက် ကို ဥပမာ သွားကြည့်နိုင်ပါတယ် ။
http://www.herbalife.com/…/statement-of-average-gross-compe….
MLM မှာ ၉၉% သော လူတွေ ငွေ ဆုံးရှုံးရတယ်ဆိုတာ
ဒီလို ဒေတာတွေကနေ တွက်ကြတာပါ ။
ဒီတော့ လူနည်းစုရဲ့ အကျိုးစီးပွါး အတွက်ပဲ ကောင်းပြီး
လူများစု ကို နစ်နာစေလို့ လုပ်ကြရတာပါ ။
ဖြစ်နိုင်ရင်တော့ ဘယ်သူ့ကိုမှ မနစ်နာပဲ ပြီးသွားစေချင်တာပေါ့ဗျာ ။
ဒါပေမယ့် MLM ကြောင့် နစ်နာလာခဲ့တာတွေ က ဆယ်စုနှစ်ကျော်နေပြီ မလား ?
MLM ကြောင့် နစ်နာသူများ Facebook Group ဟာ လပိုင်းအတွင်း
လူ ၃ သောင်း ကျော်လာတယ်ဆိုတာ အလကား မဟုတ်ပါဘူး ။
ဒါ ပြည်သူ့ အသံတွေပါ ။
ဒီ အသံတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ ၊ အစိုးရပိုင်း တာဝန်ရှိသူတွေ ကြားသွားဖို့
ကျွန်တော်တို့က Anti-MLM Campaign ဆက်လုပ်နေကြတာပါ ။
ဆေးလိပ်ဘူးမှာ " ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် " ဆိုတဲ့
စာတမ်းလေး ပါလာဖို့ အတော်လေး တိုက်ပွဲ ဝင်ခဲ့ရသလို
MLM ကို နိုင်ငံတော်က တရားဝင် လုပ်ခွင့်ပေးလိုက်ရင်တောင်
" MLM သည် လူ အများစုကို နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေစေပါသဖြင့် အထူးသတိထား လုပ်ဆောင်သင့်ပါသည် "
ဆိုတာမျိုးလေး ဖြစ်လာဖို့ ကျွန်တော်တို့ အချိန် ကုန်ခံ ၊အလုပ်ပျက်ခံ ၊ လူမုန်းခံပြီး ဝိုင်းတွန်းနေကြတာပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
5-လူ အထင်ကြီးခံချင်ကြတယ်။လူ ရိုသေခံချင်ကြတယ်။
( ဖြေရှင်းချက် ။
ဒါကတော့ Anti-MLM သမားမှ မဟုတ်ပါဘူး ။
လူ အတော်များများ ရဲ့ လိုအင် ဆန္ဒ တစ်ခု ဖြစ်မယ်ထင်ပါတယ် ။
ဒီ လိုအင် ဆန္ဒ ရှိတာ ပြဿနာ မဟုတ်ဘူးလို့ ထင်ပါတယ် ။
ဒီ လိုအင် ဆန္ဒ ကို ရယူဖို့ ကြိုးစားရာမှာ
အသုံးပြုတဲ့ နည်းလမ်းကသာ ပြဿနာ ရှိတတ်တာမျိုးပါ ။
ကျွန်တော်တို့ အနေနဲ့တော့ Anti-MLM Campaign လုပ်တဲ့ အပေါ်မှာ လိပ်ပြာသန့်ပါတယ် ။
ကျွန်တော်တို့ဟာ လူများစု နစ်နာနေတာကို မနေနိုင်လို့ အသံထွက်ပေးတဲ့ လူတစ်စု ပါ ။
လူများစုနစ်နာနေတာကို သိလျက်နဲ့ မှိန်းစား ၊ မှေးစားလာခဲ့တဲ့ လူတစ်စု မဟုတ်ပါဘူး ။
ဟုတ်မဟုတ်ကိုတော့ အများပြည်သူက ဆုံးဖြတ်ကြပါလိမ့်မယ် ။
စစ်သူကြီး နပိုလီယံ ပြောခဲ့ဖူးတာလေးပဲ ပြန်ပြောပါရစေ ။
" ကမ္ဘာကြီးဟာ လူဆိုးတွေရဲ့ ကြမ်းတမ်းမှုတွေကြောင့် ဆိုးကျိုးခံစားနေရတာမဟုတ် ၊
လူကောင်းတွေရဲ့ ဆိတ်ဆိတ်နေမှုကြောင့်သာ ဆိုးကျိုးခံစားနေရတာ "
ဒီလောက်ပါပဲဗျာ
:)
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
https://www.facebook.com/groups/myanmarmlmtruth/permalink/615818525277970/

MLMဆိုတာဘာမှန်းသေချာမသိခင်က...


 Image result for mlm
MLMဆိုတာဘာမှန်းသေချာမသိခင်က...
အဆွယ်ကောင်းတဲ့MLMတစ်ခုမှာပြုစားခံရဖူးတယ်
ဆိတ်ပုံကြည့်ပြီးဝိတ်ချနေတဲ့ဆင်လိုမျိုးပေါ့😂
ဘယ်နားနေမှန်းမသိတဲ့ရပိုင်ခွင့်တွေနဲ့ဖျားယောင်းပြီး ရပိုင်ခွင့်ရဖို့ရာထူးတစ်ခုကိုပိုက်ဆံပေးဝယ်ရတာကြီး😂
အရင်းမစိုက်ရဘူးအလှကုန်တွေကိုယ်တိုင်သုံးရင်းရောင်းရင်းနဲ့ပဲရာထူးကိုရမယ်ဆိုပေမယ့်...
တကယ်ဖြစ်လာတာက ကိုယ်အရင်အိတ်စိုက်ဝယ်ပြီး မကုန်ကုန်အောင်လိုက်ရောင်းရတော့မှာ😖
Memberဝင်ခါစတစ်လမှာ ကျွန်မပေါင်၃၀ကျသွားတယ်😊
Uplineကသင်ပေးတယ် ဒီproductတွေကိုသုံးလို့ တစ်လအတွင်းဒီလိုလှသွားတာပါ လို့ပြောလို့ရတာပေါ့တဲ့😁
ဟင့်အင်း ကျွန်မမပြောခဲ့ဘူး ကျွန်မမှမညာတတ်တာကြီးကို😂😂
ဒီproductကိုသောက်လို့ပိန်တာလား လို့မေးတိုင်းလည်း ကျွန်မဖြေတာရှင်းရှင်းလေး
"ဟုတ်ဘူး ဒီ၅သောင်းလောက်ဟာကိုမသောက်နိုင်ဘူး ရင်းထားတဲ့၅သိန်းဖိုးပစ္စည်းတွေကို ဘယ်လိုရွှီးရောင်းရမလဲတွေးရင်း စိတ်ဓာတ်ကျလို့ ပိန်သွားတာပါ"လို့ 😂😂😂
ဟုတ်ကဲ့ ကျွန်မ တကယ်လည်းမသောက်ခဲ့သလို တကယ်လည်းမရောင်းရခဲ့ပါဘူး😁😁😁
တစ်လအတွင်းမှာ ကျွန်မအသားတွေဖြူပြီးလှလာခဲ့တယ်
"ဒီproductတွေလိမ်းလို့လား" တဲ့
"ဟင့်အင်း တစ်လလုံးအိမ်တွင်းအောင်းပြီး သနပ်ခါးခြေဆုံးခေါင်းဆုံးလူးထားလို့ပါ" လို့😂😂😂
ဟုတ်ကဲ့ ကျွန်မ တကယ်လည်းမသုံးခဲ့သလို တကယ်လည်းမရောင်းရခဲ့ပါဘူး😁😁😁
တကယ်တမ်းမရောင်းရတဲ့အဆုံး ကျွန်မအခန်းထဲပုံနေတဲ့၅သိန်းဖိုးတွေကို အရှုံးမရှိအောင် ကိုယ်တိုင်ဖောက်သုံးပစ်ကြည့်တယ်
အဆီကျကော်ဖီတွေဓာတ်စာတွေ😁😁 တစ်ပေါင်မှကျမသွားသလို တစ်လက်မမှအဆီမကျသွားဘူးရော😳
အသားလှlotionတွေshowerတွေ...
ရှင်းရှင်းပြောရရင် စတိုးဆိုင်က၁၂၀၀တန်တွေလောက်တောင်စိတ်တိုင်းမကျမိဘူး စေးကပ်ကပ်ချွဲပစ်ပစ်တွေနဲ့ရော😳
အယုံသွင်းခံရသူတစ်ယောက်ရဲ့Reviewလေးပါ ပေါ့နော်😂😂
ဒီလောက်ပါပဲ
နိုင်ငံခြားခရီးစဉ်တွေ တစ်လတစ်လအလုပ်မလုပ်ဘဲရတဲ့ငွေတွေဆိုတာ ဘယ်နားနေမှန်း တကယ်ကိုမသိခဲ့တာပါ
ကျွန်မMLMလုပ်လို့သိလိုက်ရတာတစ်ခုတည်းရှိတယ်
စိုက်လိုက်ရတဲ့အရင်း၅သိန်းကို အရှုံးမရှိအောင် မဖြစ်ညစ်ကျယ်ကိုယ့်ဟာကိုသုံးကြည့်ဖူးသွားတာပေါ့😂😂
မုသာဝါဒဝေးဝေးရှောင်သူမို့ ငွေမရပေမယ့် မှန်ရာပြောတဲ့ကျွန်မ အဝီစိမှာ လျှာလှံနဲ့ထိုးခံရခြင်းဒုက္ခတော့ ကင်းဝေးသွားတာအမှန်ပါ😁😁😁
ဟုတ်ကဲ့ ကျွန်မရေရှည်ကိုတွေးပါတယ်
အဝီစိအထိတွေးပြီးတော့ကို တဒင်္ဂမုသာဝါဒကိုလုံးဝရှောင်လိုတဲ့သူတစ်ယောက်မို့ MLMဆိုတာကြီးကမုသာဝါဒကင်းသူတွေနဲ့လုံးဝအဆင်မပြေဘူးဆိုတာ ကျွန်မသေချာပြောနိုင်တယ်
ဟုတ်ပြီ MLMက ရဲတိုင်လို့ရလောက်တဲ့အထိ လိမ်လည်မှုမမြောက်ဘူးလို့ယူဆထားရင်
ယမမင်းကအလိုလိုသိပြီး ငရဲကအဆင်သင့်စောင့်ကြိုနေမယ့် မုသာဝါဒကံတော့ထိုက်နေတယ်ဆိုတာကို ငြင်းနိုင်ရင်လည်း ငြင်းပေါ့
ဘယ်သူ့ကိုလိမ်လိမ် ကိုယ့်ကိုယ်ကိုတော့လိမ်လို့မရပါဘူးရှင်😊
#I_T
ခေး ဆိုး လေး
https://www.facebook.com/groups/myanmarmlmtruth/permalink/612451485614674/