Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, March 22, 2017

Aimstar ABO လေးတွေ ဒီပို့စ်အောက်မှာ လာဆွေးနွေးပါ၊


Aimstar ABO လေးတွေ ဒီပို့စ်အောက်မှာ လာဆွေးနွေးပါ၊ သင်တို့မရိုင်းလျှင် ကျွန်ုပ် ယဉ်ကျေးပါမည်။
လူဦးရေ ၁သိန်းရှိတဲ့ MLM တစ်ခုမှာ ဒိုင်းမွန်းအယောက်တစ်ထောင်မွေးထုတ်ပေးနိုင်တယ်ဆိုရင်တောင်မှ ရာခိုင်နှုန်းအားဖြင့် ၁% လောက်ပဲအောင်မြင်တယ်လို့ သုံးသပ်ရပါတယ်။ အယောက် တစ်ရာ ထိပဲရှိရင်တော့ပိုဆိုးသွားပါပြီ ၀.၁ ရာခိုင်နှုန်းပါ။ ဆိုလိုတာက လူအယောက်တစ်ထောင်မှာမှ တစ်ယောက်ပဲ အောင်မြင်နိုင်ချေရှိပါတယ်။ အခုAimstar မှာ ဒိုင်းမွန်းအယောက်တစ်ရာ မွေးထုတ်ပေးပြီးပြီလား? တစ်နှစ်ကို ဒိုင်းမွန်းဘယ်နှစ်ယောက်နှုန်းများ ထွက်ပေါ်လာသလဲ? အောက်ခြေက မန်ဘာတွေ မအောင်မြင်တဲ့ မန်ဘာတွေသာ များချင်များလာမယ်။ သူတို့လို အထက်ပိုင်း နေရာမှာ သူတို့ကလွဲပြီးဘယ်သူမှ မရှိဘူး။ အောက်ခြေမန်ဘာတွေ အားကျလာအောင်နိုင်ငံခြားခရီစဉ်တွေနဲ့ ဆွယ်တယ်။ ကားအကောင်းစားတွေပြပြီးဆွယ်တယ်။ ဒီနိုင်ငံခြားခရီးစဉ်တွေ ကားအကောင်းစားဝယ်စီးနိုင်တဲ့ ထိပ်ပိုင်း အယောက်၄၀ ဟာ လွန်ခဲ့တဲ့ ၃နှစ်ကလည်း ဒီလူတွေပဲ ခုထိလည်း ဒီလူတွေပဲ။ သုံးသပ်ပါ။ လေ့လာပါ။ သူတို့ရဲ့ထောင်ချောက်ထဲမှာတင် ပိတ်မိမနေပါစေနဲ့။
သူတို့ရဲ့ အကြီးဆုံးလှည့်ကွက်က ဘာလဲဆိုတော့ သူတို့လည်း အောက်ခြေကနေစခဲ့လို့ အခုဒီနေရာကိုရောက်လာတာပါလို့ပြောလိမ့်မယ်။ သူတို့စတယ်ဆိုတာ မြန်မာပြည်မှာ သူတို့အထက် upline တစ်ယောက်မှမရှိဘူး။ ဝင်လာသမျှ သူတို့ရဲ့ downline တွေချည်းပဲလေ။ သေချာသုံးသပ်နော်။ မအောင်မြင်သေးတဲ့လူပေါင်းများစွာရဲ့ ငွေတွေကြောင့်သူတို့ ဒီလိုနေရာကို ရောက်လာတာပါ။


Image result for aim star 
https://www.facebook.com/groups/myanmarmlmtruth/permalink/615396975320125/