Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, March 31, 2017

Analysis of MLM Victims


 http://onlinemamas.com/wp-content/uploads/2016/11/Screen-Shot-2016-11-17-at-4.50.22-pm-1024x757.png
Analysis of MLM Victims
MLM မှာ ရဲ့သားကောင်အဖြစ်ကို ရောက်မှန်းမသိရောက်သွားကြတဲ့ လူတွေကို အခြေခံအားဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ရင် သူတို့ရဲ့ လောဘစိတ်နဲ့ အမှားအမှန်ခွဲခြားနိုင်စွမ်း မရှိတော့တဲ့ ဆင်ခြင်တုံတရား အားနည်းမှု လူတစ်ဘက်သားကို အမြင်နဲ့အထင်ကြီးတတ်မှု အယုံလွယ်မှု အစရှိတဲ့အခြေ ခံအကြောင်းတရားတွေကလို့ပြောရမှာပါ။
မျှော်လင့်ချက်မရှိပဲစိတ်ဓာတ်ကျနေတဲ့သူတွေ အလွယ်တကူဖြတ်လမ်းလိုက်ချင်တဲ့သူတွေအတွက်တော့ MLMဆိုတာ ထွက်ပေါက်တစ်ခုပါပဲ။
လူဆိုတာကလဲခက်သား ဘာမှလုပ်စရာမလိုဘူး အိမ်မှာထိုင်နေရင်းနဲ့ပိုက်ဆံဝင်မယ်သာပြောကြည့် သည်းခြေကြိုက်ပေါ့ Time Freedom ဘာညာ ပေါ့။ တကယ်တော့ လူပြိန်းကြိုက်အတွေးအခေါ် ပါ။ အလုပ်လက်ကြောမတင်းတဲ့သူတွေ သာ Time freedom ကိုမက်မောကြလိမ့်မယ်။ တကယ်အလုပ်လုပ်ချင်တဲ့သူကြတော့ တစ်ရက်မှာ ၂၄နာရီဆိုတာတောင် နည်းတယ်လို့ထင်ကြတာ။
အဲ့လိုလူပြိန်းကြိုက်အတွေးအခေါ်နဲ့ တစ်ဖက်လူရဲ့လောဘစိတ်ကိုဆွပေးလိုက်တော့ တော်ရုံလူက မလွန်ဆန်နိုင်တော့ဘူး။ ဟာ တယ်ဟုတ်ပါလားပေါ့။ လူအထင်ကြီးအောင် နွေခေါင်ခေါင်လည်း ကုတ်အကျီင်္ တကားကားနဲ့ ကြောင်ရှာသီးတွေတပ်ပြီး တဘက်သားကောင် ကို ဒီလိုနည်းနဲ့လဲ မြူဆွယ်ကြတယ်။ ကုတ်အကျီ င်္ယဉ်ကျေးမှုဟာ မြန်မာကားထဲက ကုမ္ပဏီပိုင်ရှင်တွေ လူဆိုးတွေနဲ့ MLM လောကမှာ ထင်ရှားတဲ့ သင်္ကေတတွေပေါ့။ အပြင်လောကမှာရှိတဲ့လုပ်ငန်းရှင်တွေ လည်ကတုံးနဲ့ ပုဆိုး ရိုးရိုးကုတ်ကုတ်ပဲနေကြတာများပါတယ်။ မဖြစ်မနေပွဲလမ်းသဘင်ကိစ္စနဲ့နိုင်ငံခြားခရီးစဉ်တစ်ချို့ကလွဲပြီး မဝတ်ကျပါဘူး။ တကယ့်လုပ်ငန်းရှင်ဆိုတာ ကုတ်အကျီင်္မဝတ်လဲ လူတွေကသိပြီးသားပါ။ သံရုံးကအရာရှိတွေတောင် သာမန်ရုံးတက် ရင်ရိုးရိုးပဲဝတ်ကြတာပါ။
MLM မှန်ရင် ဒီဝတ်စုံနဲ့တွဲသိနေကြပြီ ဆိုးတာက တစ်ချို့စတက်ကြွခါစကောင်တွေ ဆို ဘေထုပ်ထဲကဆွဲလာသလားအောင့်မေ့ရတယ်။ ကိုယ်နဲ့တော်၏မတော်၏မသိဘူး ပွပွ ကားကားယားယားကြီးတွေ ကျက်သရေတစ်စက်မှကိုမရှိတာ။
အဲ့လိုမျိုးဟိတ်တန်ကောင်းအောင်အပေါ်ယံဟန်ပြနေပြီး နယ်ဘက်တွေဆင်းကြတော့ တောသူတောင်သား မသိနားမလည်တဲ့သူတွေ လွတ် အထင်ကြီးရောပေါ့ဗျာ။ ”ဘဝမှာ အချိန်တိုတွင်းမအောင်မြင်ချင်ဘူးလား၊ ခင်ဗျားတို့ဘဝကို ပြောင်းလဲလိုက်စမ်းပါ” အဲ့လို စကားလုံးတွေနဲ့အစချီလို့ leader တွေ နိုင်ငံခြားခရီးထွက်တဲ့ပုံတွေ ကားအကောင်းစားနဲ့ရိုက်ထားတဲ့ပုံတွေပြပြီး သူတို့လိုဖြစ်ချင်လား ၃နှစ်လောက်ပဲကြိုးစားပါ သိန်းကို ရာနဲ့ချီပြီးဝင်မှာ စသည်ဖြင့် တော်ကီလေးကြွေးလိုက်ရင် ကိန်းအောင်နေတဲ့လောဘစိတ်ကလေးက ဟုတ်ပေသားပဲ ငါတို့လည်းကြိုးစားရင်ဖြစ်နိုင်တာဆိုတဲ့ အတွေးမျိုးဝင်သွားတတ်တယ်။ အယုံလွယ်လိုက်ပုံများနော်...တစ်လကို ဘယ်လောက်ဝင်နေပြီပြောလဲ ယုံလိုက်တာပဲ။ အဲ့လိုယုံအောင်လို့ အပေါ်ယံအသွင်အပြင်နဲ့ ကြွေသွားနိုင်လောက်တဲ့စကားလုံးတွေရွေးပြောတာ။
ကိုယ်က ဘယ်လောက် တောင်ရုန်းကန်ပေးရမလဲဆိုတာ သူတို့မမြင်တော့ဘူး။ အစွဲများသိပ်ကြောက်ဖို့ကောင်းတယ်။ MLM စနစ်ရဲ့အားနည်းချက်ကိုထောက်ပြရင် သူတို့မခံနိုင်ကြဘူး။ ဘာနဲ့ပြန်ပက်သလဲဆိုတော့ သူတို့ ကုမ္ပဏီက အစစ်အမှန် တရားဝင်တယ် လိမ်တယ်ထင်ရင် ရဲစခန်းသွားတိုင် အစရှိသဖြင့် ဂျာအေးသူ့အမေရိုက်စကားတွေနဲ့ပြန်ပြောပါလိမ့်မယ်။ ဗိုင်းရပ်စ်က ပြင်းလွန်းတော့ သူတို့ကိုယ်တိုင် မှိုင်းမိနေတဲ့အဖြစ်ကိုမမြင်နိုင်တော့ဘူး။ သူတို့ leader တွေ upline တွေ နှုတ်တိုက်သင်ပေးသမျှကို ယုံလိုက်တော့တာပဲ။ ဆန့်ကျင်ဘက်ပြောသမျှ ရန်သူလို့ထင်နေတာ။ မဟာသူဋ္ဌေးလောင်းအိပ်မက်ကိုမက်ရင်း အပြင်လောကနဲ့ဝေးကုန်ကြတော့တယ်။ ဒီကြားထဲMLM Lobby စာရေးဆရာတွေဟောပြောတဲ့ဟာတွေ စာအုပ်တွေဖတ်ပြီးပြီဆိုရင်ဖြင့် သူတို့ကိုယ်သူတို့ Oxford ကနေ PhD ရလာတဲ့လူတစ်ယောက်လိုထင်တတ်ကြတာ။
Philip Kotler လို Marketing ဂုရုတွေရေးတဲ့စာတွေသူတို့မဖတ်ဖူးဘူး။ Social Entrepreneurship ကိုဘာမှန်းမသိဘူး။ သူတို့ရဲ့ Lobby စာရေးဆရာတွေနောက် Campတွေက သိလာတဲ့ ခပ်ညံ့ ညံအတွေးအခေါ်တွေ စင်္ကြာဝဋ္ဌာကြီးထဲက သင်လိုချင်တာတောင်းပါ ရောက်လာပါလိမ့်မယ်ဆိုတဲ့ ရူးကြောင်ကြောင် စကားလုံးတွေနောက်လိုက်ရင်း အတွေးအခေါကို အကျဉ်းချလိုက်ကြတယ်။ ဒီလိုအချိန်မှာ ဘယ်လိုလူမျိုးပဲတားတား သူတို့ရဲ့ထင်မြင်ယူဆချက်သာမှန်တယ်။ သူတို့ကိုမနာလိုလို့ပြောတာ အဲ့လိုထင်တတ်ကြတယ်။ ကိုယ်တိုင်ဒုက္ခရောက်ပြီး အထိနာတော့မှ သိတဲ့လူတန်းစား မျိုးဆိုတာသီးသန့်ရှိနေတော့ လက်တွေ့ ဘဝရဲ့သင်ခန်းစာ ကို သူတို့ကိုယ်တိုင်ယူပြီးမှကျေနပ်နိုင်ကြမှာပါ။
Anti တွေကတော့ တစ်ယောက်ရရ နှစ်ယောက်ရရ ပညာပေးတဲ့အလုပ်ကို ဆက်လုပ်နေဦးမှာပဲ။ ဓမ္မနဲ့ အဓမ္မကြားမှာ ဘယ်အလွှာမှရှိမနေပါဘူး။ ဒီစနစ်ဆိုးကြီးထဲက သားကောင်တွေကို ကိုယ့်ထမင်းကိုယ်စားပြီးအမုန်းခံပြောပေးနေတာ နံမည်လိုချင်လို့မဟုတ်ဘူး ရာထူးတွေလဲရမသွားဘူး။ ဒါပေမယ့် မတရားတဲ့ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ငန်းထဲကနေ သားကောင်ဖြစ်နေတဲ့လူတွေကိုဆွဲထုတ်ဖို့ ဒီစနစ်ဆိုးကြီးအမြစ်မပြတ်မချင်းတတ်နိုင်သလောက်တော့ ထောက်ပြပြောဆိုနေကြဦးမှာပါ။ ငါတို့Anti တွေရဲ့ အမုန်းစကားတစ်ခွန်းဟာ မင်းတို့ leader တွေရဲ့မုသာဝါဒတွေထက်တော့ချိုပါတယ်။
https://www.facebook.com/groups/myanmarmlmtruth/permalink/620202278172928/
Wathan Min