Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, March 22, 2017

MLM နဲ့ Anti MLM ကွာခြားချက်



MLM အားလုံးမှာ တူညီတဲ့အချက်တော်တော်များများရှိတယ်။ အဲ့ထဲက လူပြောအများဆုံးတစ်ချက်က ”သေချာလေ့လာချင်ရင် ရုံးကိုလာခဲ့ပါ” တဲ့။ တကယ်စစ်မှန်တဲ့စီးပွားရေးလုပ်ငန်းဆိုတာ လူပေါင်းများစွာရှေ့ မှာ မှတ်ကျောက်တင်ခံရဲရတယ်။ မေးလာမယ့်မေးခွန်းတိုင်းကိုလည်း ပြတ်ပြတ်သားသား နဲ့ ရိုးသားစွာ ဖြေပေးဖို့တာဝန်ရှိပါတယ်။ အဲ့လိုမှ မဟုတ်ဘူး ”ရုံးကိုလာပါ။ CB ထဲမှာပြောရအောင်။ ဖုန်းခေါ်လိုက်ပါ။” ဆိုရင်တော့သေချာပါပြီ။ အောက်လမ်းနည်းတွေပေါင်းစုံနဲ့ဆွယ်တော့မယ်ဆိုတာ။
MLM နဲ့ Anti MLM တွေကြားမှာ ကြီးမားတဲ့ကွာခြားချက်တွေထဲကမှ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ချို့က သိသာထင်ရှားပါတယ်။
၁။ MLMတွေဟာ သူတို့နဲ့အယူအဆမတူတဲ့ကိစ္စမျိုးဆို public ရှေ့ မှာမဆွေးနွေးရဲဘူး။ ခိုးကြောင်ခိုးဝှက် နဲ့ private ဆန်ဆန်ပဲပြောချင်တယ်။ Anti MLM တွေဟာ နေရာ မရွေးဘူး ခိုးကြောင်ခိုးဝှက်မပြောဘူး။ လူတွေအများကြီးရှေ မှာလဲပြောရဲတယ်။
၂။ MLM တွေဟာ သူတို့သေချာမသိတဲ့ကိစ္စမျိုးတွေကိုလည်း အထောက်အထားမဲ့စွာ ပညာမဲ့စွာပြောဆိုကြတယ်။ တော်တော်လွဲတာတွေကို အဟုတ်လို့မှတ်ယူကြတယ်။ တခါမှမကြားဘူးတဲ့အကိုးအကားတွေကို တင်ကြတယ်။ ဥပမာ- ကိုးဂိတ်သွားတိုက်ဆေး အတုတွေဖမ်းဆီးမိတယ်ဆိုတဲ့သတင်းမျိုးမှာ ကိုးဂိတ် သုံးရင် ကင်ဆာဖြစ်တယ် ဆိုတဲ့အထိ သတင်းကိုတလွဲတင်တယ်။ Anti MLM တွေကျတော့ အထောက်အထားအကိုးအကားမပါပဲဘယ်တော့မှမပြောဘူး။ သူတို့သိတဲ့ ကိစ္စကိုပဲ သေချာမှပြောတယ်။
၃။ MLM သမားတော်တော်များများ ဟာ စာလုံးပေါင်းတောင်မှန်အောင်မပေါင်းတတ်ကြဘူး။ ပညာမဲ့ဆန်တယ်။ ပညာမဲ့လွန်းအားကြီးလို့လည်း MLM ဖြစ်ကုန်ကြတာ။ Anti MLM တွေမှာ ပညာရပ်ပိုင်းဆိုင်ရာကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ပညာရှင်တွေများတယ်။ စီးပွားရေးပညာရှင်တွေရှိတယ်။ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်တဲ့ပညာရှင်တွေများတယ်။ ကျမ်းမာရေး ဆေးဝါး အစရှိသဖြင့် သက်ဆိုင်ရာ ပညာရပ်မှာကျွမ်းကျင်တဲ့လူတွေရှိတယ်။
၎။ MLM တွေဟာ သူတို့MLM ကလွဲရင် ကျန်တဲ့အသက်မွေးဝမ်းကြောင်းပညာရပ်တွေကို အပုတ်ချတယ်။ အထူးသဖြင့် ဝန်ထမ်းလုပ်နေတဲ့ အလွှာတွေကို နှိမ်ချပြောဆိုတယ်။ (ESBI ဆိုတဲ့ စောက်တလွဲအတွေးအခေါ် လောက်ပဲသိတာကိုး)
Anti MLM တွေကျတော့ သမာအာဇီဝကျတဲ့အသက်မွေးဝမ်းကြောင်းမှန်သမျှကို တန်ဖိုးထားပြီး MLM စနစ် တစ်ခုတည်းသာ အောက်တန်းကျတဲ့ စနစ် အောက်တန်းစားတွေ လုပ်တဲ့အလုပ်လို့မြင်ကြပါတယ်။

Wathan Min
https://www.facebook.com/groups/myanmarmlmtruth/permalink/613935235466299/