Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, March 22, 2017

တစ်ချို့ MLM သမားတွေက သူတို့ဘက်က လော်ဘီ ဆရာကြီးတွေ ရဲ့ စာကို Copy-Paste လုပ်ပြီး ကျွန်တော်တို့ AntiMLM သမားတွေကို တိုက်ခိုက်တာမျိုး ရှိတတ်လို့ Post အဟောင်းကို ပြန် တင်ပေးလိုက်တာပါ


Image may contain: 1 person, text and closeup
တစ်ချို့ MLM သမားတွေက
သူတို့ဘက်က လော်ဘီ ဆရာကြီးတွေ ရဲ့ စာကို
Copy-Paste လုပ်ပြီး
ကျွန်တော်တို့ AntiMLM သမားတွေကို
တိုက်ခိုက်တာမျိုး ရှိတတ်လို့ Post အဟောင်းကို
ပြန် တင်ပေးလိုက်တာပါ
🙂
Zin Zae Lwin to MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ Anti MLM သမားတွေကို စွပ်စွဲပြောဆိုတဲ့
ကိုကျော်စွာလင်း ( SuccessMore ) ရဲ့ ဆောင်းပါးကို ဖြေရှင်းချက် ပါ ။
===========================
သူပြောတာက ....
>>>
Anti MLM တိုင်းမှာတူညီတဲ့အချက်လေးတွေရှိတာက
1- ယခင် MLM လုပ်ပြီးမအောင်မြင်ဖူးဘူး။
2-အောင်မြင်မှုကိုဖြက်လမ်းကလိုချင်ကြတယ်။
3-နာမည်ကြီး (Brand)တစ်ခုလိုချင်ကြတယ်။anti MLM ဖြစ်ဖြစ်
4-သူတစ်ပါးအကျိုးစီးပွားအတွက်လို့ပြောနေပေမယ့်
သူတို့ကိုယ်တိုင်သူတပါးအကျိုးစီးပွားအရင်ဖျက်ဆီးတယ်။
5-လူအထင်ကြီးခံချင်ကြတယ်။လူရိုသေခံချင်ကြတယ်။ <<<
ဒါက သူရဲ့ မူရင်း Post ပါ ။
https://www.facebook.com/permalink.php?story_fbid=1786309018314807&id=100008071772173
သူက သူနဲ့ သိတဲ့ လူတွေကိုပဲ ကွန်းမန့် ပေးခွင့်ပြုထားပါတယ် ။
~~~~~~~~~~~~~~~
ကျွန်တော် တစ်ချက်ချင်း ပြန်ရှင်းပါ့မယ် ။ :)
>>>
Anti MLM တိုင်းမှာတူညီတဲ့အချက်လေးတွေရှိတာက
1- ယခင် MLM လုပ်ပြီးမအောင်မြင်ဖူးဘူး။
( ဖြေရှင်းချက် ။
အရင် MLM လုပ်တုန်းက အောင်မြင်ဖူးတဲ့
Anti-MLM သမားတွေ အများကြီးပါ ။
ကျွန်တော်ကိုယ်တိုင်လည်း MLM မှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တာမို့
ငွေကြေး မဆုံးရှုံးခဲ့ဖူးပါဘူး ။
အချိန် တော့ ဆုံးရှုံးတယ်လို့ ခံစားရပါတယ် ။
အထူးသဖြင့် ကြားထဲမှာ ရလာလောက်တဲ့ အခွင့်အရေးကောင်းတွေကို
MLM ကြောင့် လက်လွှတ်ခံလိုက်ရပါတယ် ။
လူ တစ်ချို့ကို Business/Personal Development Knowledge တွေ ပေးတဲ့အခါ
ပေးခါစမှာ အထင်ကြီးလေးစားမှုကို ရပေမယ့်
ကျွန်တော် MLM လုပ်နေကြောင်း သိသွားတဲ့အခါ
ကျွန်တော်က သူတို့ကို MLM လုပ်ဖို့ ကျုံးသွင်းတဲ့ အနေနဲ့ ဒါတွေ ပြောပြတာလို့
မှတ်ယူ အထင်လွဲတာမျိုးတွေလည်း ခံခဲ့ရဖူးပါတယ် ။
နောက်ပိုင်း Media ရှင်းလင်းပွဲ လုပ်ရင် MLM မှာ အောင်မြင်ခဲ့ပြီးမှ
ရပ်လိုက်တဲ့ Leaders ကြီးတွေကို ပွဲထုတ်ပါဦးမယ် ။
အခုကတော့ ချန်ထားသေးတဲ့ သဘောပါ ။ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2-အောင်မြင်မှုကို ဖြတ်လမ်းကလိုချင်ကြတယ်။
( ဖြေရှင်းချက် ။
Anti MLM လုပ်လို့ အောင်မြင်မှု ရတယ် ဆိုတာ ဘာကို ပြောချင်တာလဲ မသိဘူး ။
ကျွန်တော့် အမြင်တော့ MLM သမားတွေကသာ ပိုပြီး ဖြတ်လမ်း ကြိုက်တာပါ ။
ကိုယ်တိုင် Business/System တစ်ခု တည်ဆောက်ယူရမယ့် အစား
သူများ Business/System ကို ကိုယ်က အရောင်းကိုယ်စားလှယ်နေရာကနေ ဝင်လုပ်ရတာလေးနဲ့ပဲ
ကိုယ့်ကိုယ်ကို Business Owner နာမည်ခံနေကြတာလေ ။
သူများတွေ ( ကိုယ့်အောက်လူတွေ ) ရဲ့ အချိန် တွေကို
နှုတ်ဖျားက စကားလေးတွေနဲ့တင် ကိုယ့်အတွက် ယူသုံးနေကြတာလေ ။
ကျွန်တော် တစ်ဦးတည်း အနေနဲ့ ပြောရရင် Anti-MLM လုပ်နေလို့
ကျွန်တော့် ရဲ့ စာသင်ခြင်း နဲ့ မပတ်သက်တဲ့
တခြား လုပ်ငန်း ဆောင်ရွက်မှုတွေကို တွေကို ကျွန်တော် လျှော့လိုက်ရပါတယ် ။
ကျွန်တော့်ရဲ့ တခြား Pages တွေ Engagement ကျသွားတယ် ။
MLM သမားတွေက ကျွန်တော့်ရဲ့ သင်တန်း Page မှာ
နှောက်ယှက်တဲ့ ကွန်းမန့်တွေ ပေးကြတာကိုသတိထားရတယ် ။
ဖုန်းဆက်ပြီး ခြိမ်းခြောက်ချင်တဲ့လူတွေ ရှိလာလို့
ဖုန်းမှန်သမျှ အမြဲ အသံသွင်းထားရတယ် ။
Anti-MLM Campaign လုပ်နေလို့ ဆိုပြီး ကျွန်တော့် သင်တန်းမှာ
လူ ပိုဝင်လာတာမျိုးလည်း လုံးဝမရှိပါ ။
ဒီတော့ ဒီ စကားက ကျွန်တော်တို့လို
မြန်မာနိုင်ငံက Anti-MLM သမားတွေ အတွက်တော့ လုံးဝ မမှန်ပါ ။
တခြား Anti-MLM သမားတွေလည်း ကျွန်တော့် လို ပဲ ဖြစ်မှာပါ ။
( သူပြောသလို စာအုပ်ထုတ်ရောင်းဖို့ ၊
Stock Market မှာ MLM Companies တွေကို
Short-Selling ဝင်လုပ်ဖို့ဆိုတာလည်း ဝေလာဝေးပေါ့ဗျာ ။
ဒီက MLM Companies တွေက Stock Market ကို
အနားတောင် ကပ်နိုင်သေးတာမှမဟုတ်တာ ။ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
3-နာမည်ကြီး (Brand)တစ်ခုလိုချင်ကြတယ်။
( ဖြေရှင်းချက် ။
ကျွန်တော် အရင်ကလည်း ပြောဖူးပြီးသားပါ ။
ဒီခေတ်မှာ Marketing/Branding Technique တစ်ချို့ သိရင်
နာမည်ကြီးဖို့ သိပ်မခက်လှပါ ။
Facebook + Online Media ရှိတယ် ။ Media ပွဲစားတွေ ရှိတယ် ။
Event Management Services တွေ ရှိတယ် ။
ငွေ နည်းနည်း သုံးလိုက်ရင် နာမည်ကြီးဖို့ သိပ်မခက်လှပါ ။
နာမည်ကောင်း ရဖို့နဲ့ ရလာတဲ့ နာမည်ကောင်းကို ထိန်းထားနိုင်ဖို့သာ ခက်တာပါ ။
Anti-MLM လုပ်မယ့် အချိန်နဲ့ လူအင်အားကို
တခြားမှာ သုံးလိုက်ရင် နာမည်ကြီးဖို့ လွယ်သလို
Anti-MLM လုပ်သလို အတိုက်အခိုက် များမှာလည်း မဟုတ်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
4-သူတစ်ပါးအကျိုးစီးပွားအတွက်လို့ပြောနေပေမယ့်
သူတို့ကိုယ်တိုင်သူတပါးအကျိုးစီးပွားအရင်ဖျက်ဆီးတယ်။
( ဖြေရှင်းချက် ။
သူတစ်ပါးအကျိုးစီးပွားအတွက် ဆိုရာမှာ ရာခိုင်နှုန်း အနည်းအများကို ကြည့်ရမှာပါ ။
ချဲတို့ နှစ်လုံးတို့လို လောင်းကစားလုပ်တာမျိုးမှာလည်း ဝင်ငွေရနေသူတွေ ရှိပါတယ် ။
ဒါပေမယ့် အများစုက ဆုံးရှုံးရလို့ ဒီ လောင်းကစားနဲ့ ပတ်သက်ရင်
ဥပဒေထုတ် တားမြစ်တာ ၊ အသိပေးတားမြစ်တာ တွေ လုပ်ရတာပါ ။
MLM လည်း ဒီသဘောပါပဲ ။
MLM ကြောင့် အကျိုးစီးပွါးရတဲ့ လူ အရေအတွက်နဲ့
MLM ကြောင့် နစ်နာသူ အရေအတွက်ကို အချိုးချကြည့်လိုက်ပါ ။
ဒီ အချက်အလက်တွေ ကို အတိအကျ အများက အတိအကျ သိရဖို့
Public Debate ဖိတ်ခေါ်ခဲ့တာပါ ။
- MLM မှာ ဝင်ငွေ ကောင်းသူ
- MLM မှာ အရင်း ပြန်ရသူ
- MLM မှာ ငွေကြေး ဆုံးရှုံးနေသူ
- MLM မှာ ငွေကြေး ၊ အချိန် ဆုံးရှုံးပြီး စိတ်ပျက်ထွက်ခွါသွားသူ အချိုးအစားကို သိရဖို့ လိုပါတယ် ။
နိုင်ငံတကာ MLM Companies ကြီးတွေမှာ ( အမေရိကန် FTC က စစ်ပြီဆိုရင် )
ဒါတွေကို ထုတ်ပြန်ပေးရပါတယ် ။
Stock Market မှာ ဝင်ထားတဲ့ MLM Companies ကြီးတွေကလည်း
Financial Statement ပုံမှန်ထုတ်ပေးရပါတယ် ။
ဒီမှာ Herbalife က သူတို့ကိုယ်တိုင် ထုတ်ပြန်ပေးထားတဲ့
ဝင်ငွေဖော်ပြချက် ကို ဥပမာ သွားကြည့်နိုင်ပါတယ် ။
http://www.herbalife.com/…/statement-of-average-gross-compe….
MLM မှာ ၉၉% သော လူတွေ ငွေ ဆုံးရှုံးရတယ်ဆိုတာ
ဒီလို ဒေတာတွေကနေ တွက်ကြတာပါ ။
ဒီတော့ လူနည်းစုရဲ့ အကျိုးစီးပွါး အတွက်ပဲ ကောင်းပြီး
လူများစု ကို နစ်နာစေလို့ လုပ်ကြရတာပါ ။
ဖြစ်နိုင်ရင်တော့ ဘယ်သူ့ကိုမှ မနစ်နာပဲ ပြီးသွားစေချင်တာပေါ့ဗျာ ။
ဒါပေမယ့် MLM ကြောင့် နစ်နာလာခဲ့တာတွေ က ဆယ်စုနှစ်ကျော်နေပြီ မလား ?
MLM ကြောင့် နစ်နာသူများ Facebook Group ဟာ လပိုင်းအတွင်း
လူ ၃ သောင်း ကျော်လာတယ်ဆိုတာ အလကား မဟုတ်ပါဘူး ။
ဒါ ပြည်သူ့ အသံတွေပါ ။
ဒီ အသံတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ ၊ အစိုးရပိုင်း တာဝန်ရှိသူတွေ ကြားသွားဖို့
ကျွန်တော်တို့က Anti-MLM Campaign ဆက်လုပ်နေကြတာပါ ။
ဆေးလိပ်ဘူးမှာ " ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် " ဆိုတဲ့
စာတမ်းလေး ပါလာဖို့ အတော်လေး တိုက်ပွဲ ဝင်ခဲ့ရသလို
MLM ကို နိုင်ငံတော်က တရားဝင် လုပ်ခွင့်ပေးလိုက်ရင်တောင်
" MLM သည် လူ အများစုကို နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေစေပါသဖြင့် အထူးသတိထား လုပ်ဆောင်သင့်ပါသည် "
ဆိုတာမျိုးလေး ဖြစ်လာဖို့ ကျွန်တော်တို့ အချိန် ကုန်ခံ ၊အလုပ်ပျက်ခံ ၊ လူမုန်းခံပြီး ဝိုင်းတွန်းနေကြတာပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
5-လူ အထင်ကြီးခံချင်ကြတယ်။လူ ရိုသေခံချင်ကြတယ်။
( ဖြေရှင်းချက် ။
ဒါကတော့ Anti-MLM သမားမှ မဟုတ်ပါဘူး ။
လူ အတော်များများ ရဲ့ လိုအင် ဆန္ဒ တစ်ခု ဖြစ်မယ်ထင်ပါတယ် ။
ဒီ လိုအင် ဆန္ဒ ရှိတာ ပြဿနာ မဟုတ်ဘူးလို့ ထင်ပါတယ် ။
ဒီ လိုအင် ဆန္ဒ ကို ရယူဖို့ ကြိုးစားရာမှာ
အသုံးပြုတဲ့ နည်းလမ်းကသာ ပြဿနာ ရှိတတ်တာမျိုးပါ ။
ကျွန်တော်တို့ အနေနဲ့တော့ Anti-MLM Campaign လုပ်တဲ့ အပေါ်မှာ လိပ်ပြာသန့်ပါတယ် ။
ကျွန်တော်တို့ဟာ လူများစု နစ်နာနေတာကို မနေနိုင်လို့ အသံထွက်ပေးတဲ့ လူတစ်စု ပါ ။
လူများစုနစ်နာနေတာကို သိလျက်နဲ့ မှိန်းစား ၊ မှေးစားလာခဲ့တဲ့ လူတစ်စု မဟုတ်ပါဘူး ။
ဟုတ်မဟုတ်ကိုတော့ အများပြည်သူက ဆုံးဖြတ်ကြပါလိမ့်မယ် ။
စစ်သူကြီး နပိုလီယံ ပြောခဲ့ဖူးတာလေးပဲ ပြန်ပြောပါရစေ ။
" ကမ္ဘာကြီးဟာ လူဆိုးတွေရဲ့ ကြမ်းတမ်းမှုတွေကြောင့် ဆိုးကျိုးခံစားနေရတာမဟုတ် ၊
လူကောင်းတွေရဲ့ ဆိတ်ဆိတ်နေမှုကြောင့်သာ ဆိုးကျိုးခံစားနေရတာ "
ဒီလောက်ပါပဲဗျာ
:)
လေးစားလျက်
ကိုဇင်ဇေ
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
https://www.facebook.com/groups/myanmarmlmtruth/permalink/615818525277970/