Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, March 22, 2017

ဒါတွေက လက်ရှိ MLM လုပ်နေသူ တစ်ယောက်ရဲ့ ရင်ဖွင့်သံတွေပဲ


ဒါတွေက လက်ရှိ MLM လုပ်နေသူ
တစ်ယောက်ရဲ့ ရင်ဖွင့်သံတွေပဲ
သူတို့ AimStar Page အောက်မှာကို
ဝင်ပြီး Comment ပေးထားတာ
AimStar က Reply တွေကတော့ ထုံးစံအတိုင်းပေါ့
MLM ကို စလုပ်တော့မယ်လို့ စဉ်းစားတဲ့သူတွေ
(ဘာအလုပ်ဖြစ်ဖြစ်ပါ) အရင်ဆုံး လေ့လာကြပါ
ကောင်းကျိုးများလား ဆိုးကျိုးများလား
ဒါဟာ သမရိုးကျ စီးပွားရေးမဟုတ်ဘူး
ပွင့်ပွင့်လင်းလင်းပြောရရင်
သမာအာဇီဝစီးပွားရေးကို မဟုတ်တာဗျာ
ကိုယ်ဝင်ငွေရဖို့အတွက် ကိုယ်ကိုယ်တိုင်တောင်
ရေရေရာရာမသိတဲ့ ပစ္စည်းတစ်ခုကို
ကင်ဆာပျောက်ပါတယ် ဆီးချိုပျောက်ပါတယ်ဆိုတော့
MLM တွေက ဘယ်ဆေးတက္ကသိုလ်က ဘွဲ့ရတွေလဲ
ဘယ်ဆေးရုံက ပါရဂူတွေလဲ
ဘယ်ဆေးဝါးဌာနက ဒီရောဂါတွေပျောက်ကြောင်းကို
ထောက်ခံချက်ရယူထားပါသလဲ မေးပါရစေ
ဒီဆေးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့
ဆိုကျိုးတွေကိုရော ဘယ်သူကတာဝန်ခံပြီး
တာဝန်ယူပေးမှာပါလဲ
ကိုယ့်ဝင်ငွေလေးမြဲဖို့
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုရင်
အဲ့ဒါ လူဟုတ်ပါဦးမလား ခင်ဗျားတို့ပြောသလို
ဒီစီးပွားရေးဟာ အားလုံးအကျိုးရှိနေရင်
စီးပွားရေးအကြံပေးပညာရှင်
ဒေါက်တာအောင်ထွန်းသက်က ဘာလို့
ဒီစီးပွားရေးကို တားမြစ်ထားတာလဲ
ခင်ဗျားတို့ကပဲ BMW ပေါ်ရောက်နေလို့
ဒေါက်တာအောင်ထွန်းသက်ကို မမြင်ရတာလား
ပိုက်ဆံရဖို့ ပစ္စည်းကို မတန်တဆဈေးနဲ့ရောင်း
မန်ဘာအတင်းဆွယ် / ပစ္စည်းက ဈေးကြီး
FDA ထောက်ခံချက်တွေမရှိတဲ့အခါ ဘယ်သူမှ
ဝယ်မသုံးတော့ လစဉ်လတိုင်း ကိုယ့်ဟာကိုယ်စား
ကိုယ်ဝယ်ထားတာကိုယ်ပြန်သုံး အမျိုးတွေ
မိတ်ဆွေတွေကို အတင်းထိုးရောင်း / မရရင်
စိတ်ကောင်းရှိသလိုနဲ့ အလကားပေး ပြီးတဲ့အခါ
မဝယ်မဖြစ် ပစ္စည်းတွေထပ်ဝယ်ရ စဉ်းစားပါဦး
ဘယ်သမာအာဇီဝစီးပွားရေးမှ မဝယ်မဖြစ်ဆိုတာ
မရှိပါဘူး / မဝယ်လည်းရတယ်လို့တော့
ဖင်ပိတ်မငြင်းနဲ့ မဝယ်ရင် ဝင်ထားတဲ့မန်ဘာက
ထိခိုက်သွားမှာတွေနဲ့ ချုပ်ထားပြီးသားဆိုတော့
မဝယ်လို့ကို မရတာ
ဒီလိုနဲ့ပဲ ဝယ်လိုက် ရောင်းလိုက် မရလိုက် သုံးလိုက်
အဲ့လို အဲ့လိုနဲ့ပဲ တစ်ချို့ဆို မိတ်ဆွေတွေကပါ
အရောမဝင်ချင်ကြတဲ့ ဘဝရောက်သွားကြရော
ကိုယ့်အသိတွေထဲမှာလည်း လုပ်နေသူ
၁ ယောက်စ ၂ ယောက်စ ရှိပါတယ်
အဲ့ဒီလူတွေလာပြီဆို
ဘယ်ဘီပမ်ဒဗလျူပေါ်ကပဲ ဆင်းလာဆင်းလာ
ချီးပေနေတဲ့ ခွေးဝဲစားလိုပဲ သဘောထားပြီး
အကုန်ဝေးဝေးက ရှောင်တယ် ရွံလို့ပါ
အဲ့ဒါကြောင့်မို့ ခုမှစမယ်ဆိုရင် လေ့လာ
စနေပြီဆိုရင် စဉ်းစား / နောက်ကြောင်းပြန်လှည့်ပြီး
ပုံမှန်လခစား သမာအာဇီဝအလုပ်နဲ့ပဲ
မိမိဘဝ မိသားစုဘဝကို ပျော်ရွှင်စွာ
ဖြတ်သန်းကြပါခင်ဗျာ
ရိုးသားစွာရှာဖွေလို့ရလာတဲ့ ပိုက်ဆံကို
ငစိန်ဆန်ဝယ်ချက်ပြီး ဆားနဲ့စားရင်တောင်
သိပ်အရသာရှိပါတယ်ဗျာ
ရိုးသားတဲ့အရသာကို ခံစားကြည့်ကြစမ်းပါ
Image may contain: text
Image may contain: text
Image may contain: text
Image may contain: text