Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Wednesday, March 22, 2017

MLMဆိုတာဘာမှန်းသေချာမသိခင်က...


 Image result for mlm
MLMဆိုတာဘာမှန်းသေချာမသိခင်က...
အဆွယ်ကောင်းတဲ့MLMတစ်ခုမှာပြုစားခံရဖူးတယ်
ဆိတ်ပုံကြည့်ပြီးဝိတ်ချနေတဲ့ဆင်လိုမျိုးပေါ့😂
ဘယ်နားနေမှန်းမသိတဲ့ရပိုင်ခွင့်တွေနဲ့ဖျားယောင်းပြီး ရပိုင်ခွင့်ရဖို့ရာထူးတစ်ခုကိုပိုက်ဆံပေးဝယ်ရတာကြီး😂
အရင်းမစိုက်ရဘူးအလှကုန်တွေကိုယ်တိုင်သုံးရင်းရောင်းရင်းနဲ့ပဲရာထူးကိုရမယ်ဆိုပေမယ့်...
တကယ်ဖြစ်လာတာက ကိုယ်အရင်အိတ်စိုက်ဝယ်ပြီး မကုန်ကုန်အောင်လိုက်ရောင်းရတော့မှာ😖
Memberဝင်ခါစတစ်လမှာ ကျွန်မပေါင်၃၀ကျသွားတယ်😊
Uplineကသင်ပေးတယ် ဒီproductတွေကိုသုံးလို့ တစ်လအတွင်းဒီလိုလှသွားတာပါ လို့ပြောလို့ရတာပေါ့တဲ့😁
ဟင့်အင်း ကျွန်မမပြောခဲ့ဘူး ကျွန်မမှမညာတတ်တာကြီးကို😂😂
ဒီproductကိုသောက်လို့ပိန်တာလား လို့မေးတိုင်းလည်း ကျွန်မဖြေတာရှင်းရှင်းလေး
"ဟုတ်ဘူး ဒီ၅သောင်းလောက်ဟာကိုမသောက်နိုင်ဘူး ရင်းထားတဲ့၅သိန်းဖိုးပစ္စည်းတွေကို ဘယ်လိုရွှီးရောင်းရမလဲတွေးရင်း စိတ်ဓာတ်ကျလို့ ပိန်သွားတာပါ"လို့ 😂😂😂
ဟုတ်ကဲ့ ကျွန်မ တကယ်လည်းမသောက်ခဲ့သလို တကယ်လည်းမရောင်းရခဲ့ပါဘူး😁😁😁
တစ်လအတွင်းမှာ ကျွန်မအသားတွေဖြူပြီးလှလာခဲ့တယ်
"ဒီproductတွေလိမ်းလို့လား" တဲ့
"ဟင့်အင်း တစ်လလုံးအိမ်တွင်းအောင်းပြီး သနပ်ခါးခြေဆုံးခေါင်းဆုံးလူးထားလို့ပါ" လို့😂😂😂
ဟုတ်ကဲ့ ကျွန်မ တကယ်လည်းမသုံးခဲ့သလို တကယ်လည်းမရောင်းရခဲ့ပါဘူး😁😁😁
တကယ်တမ်းမရောင်းရတဲ့အဆုံး ကျွန်မအခန်းထဲပုံနေတဲ့၅သိန်းဖိုးတွေကို အရှုံးမရှိအောင် ကိုယ်တိုင်ဖောက်သုံးပစ်ကြည့်တယ်
အဆီကျကော်ဖီတွေဓာတ်စာတွေ😁😁 တစ်ပေါင်မှကျမသွားသလို တစ်လက်မမှအဆီမကျသွားဘူးရော😳
အသားလှlotionတွေshowerတွေ...
ရှင်းရှင်းပြောရရင် စတိုးဆိုင်က၁၂၀၀တန်တွေလောက်တောင်စိတ်တိုင်းမကျမိဘူး စေးကပ်ကပ်ချွဲပစ်ပစ်တွေနဲ့ရော😳
အယုံသွင်းခံရသူတစ်ယောက်ရဲ့Reviewလေးပါ ပေါ့နော်😂😂
ဒီလောက်ပါပဲ
နိုင်ငံခြားခရီးစဉ်တွေ တစ်လတစ်လအလုပ်မလုပ်ဘဲရတဲ့ငွေတွေဆိုတာ ဘယ်နားနေမှန်း တကယ်ကိုမသိခဲ့တာပါ
ကျွန်မMLMလုပ်လို့သိလိုက်ရတာတစ်ခုတည်းရှိတယ်
စိုက်လိုက်ရတဲ့အရင်း၅သိန်းကို အရှုံးမရှိအောင် မဖြစ်ညစ်ကျယ်ကိုယ့်ဟာကိုသုံးကြည့်ဖူးသွားတာပေါ့😂😂
မုသာဝါဒဝေးဝေးရှောင်သူမို့ ငွေမရပေမယ့် မှန်ရာပြောတဲ့ကျွန်မ အဝီစိမှာ လျှာလှံနဲ့ထိုးခံရခြင်းဒုက္ခတော့ ကင်းဝေးသွားတာအမှန်ပါ😁😁😁
ဟုတ်ကဲ့ ကျွန်မရေရှည်ကိုတွေးပါတယ်
အဝီစိအထိတွေးပြီးတော့ကို တဒင်္ဂမုသာဝါဒကိုလုံးဝရှောင်လိုတဲ့သူတစ်ယောက်မို့ MLMဆိုတာကြီးကမုသာဝါဒကင်းသူတွေနဲ့လုံးဝအဆင်မပြေဘူးဆိုတာ ကျွန်မသေချာပြောနိုင်တယ်
ဟုတ်ပြီ MLMက ရဲတိုင်လို့ရလောက်တဲ့အထိ လိမ်လည်မှုမမြောက်ဘူးလို့ယူဆထားရင်
ယမမင်းကအလိုလိုသိပြီး ငရဲကအဆင်သင့်စောင့်ကြိုနေမယ့် မုသာဝါဒကံတော့ထိုက်နေတယ်ဆိုတာကို ငြင်းနိုင်ရင်လည်း ငြင်းပေါ့
ဘယ်သူ့ကိုလိမ်လိမ် ကိုယ့်ကိုယ်ကိုတော့လိမ်လို့မရပါဘူးရှင်😊
#I_T
ခေး ဆိုး လေး
https://www.facebook.com/groups/myanmarmlmtruth/permalink/612451485614674/