Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Friday, March 31, 2017

Unicity


 Image result for unicity
ဒီ group ထဲညီမတစ်ယောက်နဲ့ Unicity နဲ့ပတ်သက်တာ ဆွေးနွေးကြလို့... ကျွန်တော်ကြုံခဲ့တဲ့ဟာတချို့ပြန်လည်၍ လိုရင်းတိုရှင်းပြန်မျှဝေပေးပါမယ်...
(အရင်တစ်ပတ်က Aim Star နဲ့ပတ်သက်တာပဲ ရေးနေပြောနေတာ Aim Star page တစ်ခုက BMW ပို့စ်မှာ ကျွန်တော် mlm victim အကြောင်းသွားဆွေးနွေးတယ်... Aim Star member တချို့ cb ကနေရင့်ရင့်သီးသီးလာဆဲတယ်... page ကနေ BAN သွားတယ်... အဲဒါကြောင့် အားလုံးထဲမှာမှ Aim Star ကိုအရင်ဖိပြောတာပါ..)
Unicity အကြောင်းအတိုချုပ်ပြောရရင် အားမာန်ဦးနဲ့မပေါင်းခင်ကတည်းက ဒီမှာစဆွယ်နေတာ.. မြေနီကုန်းမှာတစ်ဖွဲ့ရှိတယ်... မစိမ်း(အမည်လွှဲ)တို့က တစ်လိုင်း.... dagon centre 2 နားမှာ အမြဲ meeting လုပ်တာတစ်ဖွဲ့.... ဟုမ်းလမ်း Orange နားက meeting ကတစ်ဖွဲ့.... ဟုမ်းလမ်းဘက်ကတော့ ဒေါက်တာနေမင်း-အမည်လွှဲ(စမ်းချေင်းလမ်းနားဆေးခန်းထိုင်တယ်) တို့နဲ့လိုင်းတူတယ်... သူတို့ကတစ်ပါတီ... dagon centre ဘက်ကအဖွဲ့ကတော့ ယိုးဒယားမှာမန်ဘာဝင်ပြီး ဒီမှာလူလာဆွယ်တာ... ယိုးဒယားလိုရေးထားတဲ့ Lambrogini နဲ့စာအုပ်ပြပြီးလူဆွယ်တာ... သူတို့ up-line က ယိုးဒယားမပဲ... ဖုန်းထဲကပုံလေးပြတယ်.... ဒေါက်တာနေမင်းတို့ mcc ပွဲလုပ်တော့ခေါ်ပြီး ထိုင်းလိုတက်ပြောတဲ့တစ်ယောက်နဲ့တူတူပဲ... ဒေါက်တာနေမင်းတို့နဲ့ dagon centre အဖွဲ့ side line ပေါ့... နောက်တော့ ဦးဘောစိ-အမည်လွှဲ ရယ် အားမာန်ဦးရယ် ဇာတ်လမ်းထဲပါလာတယ်... ခရိုနီတစ်ယောက်က ငွေမဲခဝါချချင်လို့ ပွဲလာတက်သေးတယ်... ပရိဘောဂလုပ်ငန်းပိုင်ရှင် သူဌေးတစ်ဦးကလည်း ဘာလို့လဲမသိဘူး သူ့တပည့်တွေနဲ့အဆင့်ဆင့်ပိုက်ဆံစိုက်ပေးပြီး ရာထူးတစ်ခုကောက်ဝယ်လိုက်တယ်... အရမ်းဇာတ်ရှုပ်ကြီးဖြစ်နေတာ... Unicity ဆိုင်းဘုတ်လိုင်စင်မကျသေးဘူး... အားမာန်ဦးနာမည်တပ်ပြီးရုံးခန်းဖွင့်တယ်...ရှင်စောပုလမ်းထဲမှာ.... ဖောင်ဖြည့်တော့ထိုင်းလိုရေးတဲ့စာရွက်ဖြည့်ရတယ်... မှတ်ပုံတင်နဲ့ဖြည့်ရင်ဈေးပိုပေးရတယ်... ဗီဇာရှိတဲ့သူကစရိတ်နည်းနည်းသက်သာတယ်.. သဘောက ထိုင်းနိုင်ငံအောက်ထဲတရားမဝင်လူစုနေသလိုကြီးဖြစ်နေတာ... ကုတ်နံပါတ်ထွက်ဖို့အကြာကြီးစောင့်ရတယ်... ကုတ်မထွက်ခင် စာရင်းစာအုပ်လေးနဲ့ ပစ္စည်းဝယ်... ကိုယ့်ဟာကိုယ်ခွဲတမ်းပြန်ချ.. ရှုပ်နေတာပဲ... သူ့ website မှာ မြန်မာအလံမပါသေးဘူး.... ထိုင်းသွားလည်လို့ဝင်လုပ်သလိုကြီးဖြစ်နေတာ... meeting တွေ opp, camp အကုန် မန်ဘာစီကပိုက်ဆံကောက်တယ်.... ထိပ်ကလူ organizer ပေါ့... တစ်ပွဲတစ်ပွဲကိုပိုက်ဆံအများကြီးကျန်တယ်... မူရင်းကုမ္ပဏီမသိဘဲအရင်လှုပ်ရှားနေတာတွေအဲဒါတွေက.... နောက်တော့ တဖြည်းဖြည်းကြမ်းလာတယ်... ရုပ်ရှင်ဥက္ကဌကြီးကိုခေါ်ပြီး ကြော်ငြာခေါ်ရိုက်လို့.... ဥက္ကဌကြီးမျက်နှာပြတော့အဆွယ်ကောင်းတာပေါ့.... စဉ်းစားစရာက ပြိုင်ဘက်ကုမ္ပဏီတွေ opp ပွဲကိုပိုက်ဆံမကောက်တာကို ဒီ unicity က ၅ ထောင်၊ ၃ သောင်းကောက်နေတယ်... ပစ္စည်းဆိုလည်း ထိုင်းမှာရောင်းဈေးကို မြန်မာငွေ ၁ သောင်းနီးပါးပိုပေးရတယ်...
(ကုမ္ပဏီဇာတ်ရှုပ်တာတော့အများကြီးပဲနောက်မှ သေချာထပ်ရေးပေးမယ်...)
Unicity လုပ်နေတဲ့ ညီမကိုစေတနာနဲ့ပြောချင်တာက ဖြစ်နိုင်ရင်တော့ အဲဒီအလုပ်ကို ဆေးလိပ်အရက်ဖြတ်သလိုဖြတ်စေချင်တယ်.... မဖြတ်နိုင်လို့လုပ်မယ်ဆိုရင်လည်းဒါလေးတွေနည်းနည်းသိထားစေချင်တယ်....
Unicity နဲ့အလားတူ ကုမ္ပဏီတွေ မြန်မာမှအများကြီးပါ... အကုန်သူ့ဟာကိုသူကောင်းတယ်လုပ်တာပဲ... လစဉ်ဝင်ငွေ သိန်း ၁၀၀၊ ၁၀၀၀ ကမချဘူး.... ကားဆုကြေးဆို Lambrogini, Marcedes, BMW ကမချဘူး... အဲဒီမှာမန်ဘာကြေးနဲ့ အမှတ်ထိန်းရတဲ့ကြေးတွေတော့ကွာတယ်... ဥပမာ unicity က ၁၀ သိန်း၊Aim Star က ၁ သိန်း ရတဲ့ဆုတွေလစဉ်ဝင်ငွေတူရင် ဘာလို့ ဝင်ကြေးကွာနေတာလဲ.... အဲဒါတွေနှိုင်းယှဉ်လေ့လာစေချင်တယ်....
ကုမ္ပဏီတိုင်းကပြောတယ်... သူတို့ပစ္စည်းရောင်းရအမြတ်ငွေရဲ့ ၄၀% ကိုယူတယ် မန်ဘာက ၆၀% ယူတယ်တဲ့... ကြားတာတော့ကောင်းတယ်... ဒါပေမယ့် အရင်း ၁၀ လောက်ပစ္စည်းကို ၈၀လောက်လိမ်ထားပြီး ကျန်တဲ့ ၂၀ ထဲကမှ ၆၀၊ ၄၀ ခွဲတာများပါတယ်... အစ်ကိုအရင်ကလုပ် ခဲ့လေ့လာခဲ့တဲ့ mlm ၅ ခုအနက် တစ်ခုဆိုရင် upline ကအရမ်းစေတနာကောင်းတယ်... ကုမ္ပဏီကလည်း အထိုက်အလျောက်တော့ကောင်းတယ်... sedona လိုပွဲတွေတောင် ပိုက်ဆံမကောက်ဘူး... upline ထဲက diamond က အလှူလုပ်ရင်မြန်မာပြည်အထက်ပိုင်းခရီးစရိတ် free သွားလို့ရတယ်... ဒါပေမယ့်နောက်မှ ၆၀၊ ၄၀ ခွဲပုံမှာ အမြတ်ကိုထပ်ချန်ထားတာရယ် ၊ side line တွေကအရမ်းအောက်တန်းကျတာရယ်၊ မရှိဆင်းရဲတဲ့လူတစ်ယောက်ကိုဘယ်လိုမှ mlm နဲ့ချမ်းသာအောင်လုပ်ပေးလို့မရတာရယ် သေချာမြင်လို့ဆက်မလုပ်ဖြစ်တာ...
mlm တွေမှာ နှစ်တိုတိုနဲ့ diamond ဖြစ်တာတွေကိုလေ့လာလိုက်ရင်.... ခရိုနီတွေငွေမည်းကိုခဝါချတဲ့သူတွေ၊ ချမ်သာပြီးသားလူတွေလူရာဝင်ချင်လို့(စင်ပေါ်တက်ပြောချင်လို့) ရာထူးဝယ်လိုက်တာတွေ၊ ကြေးစား trainer, recruiter ကြီးတွေ၊ mlm company တိုင်းမှာအဖွဲ့လိုက် (structure စီပြီးသား) ဝင်ထွက်လှုပ်ရှားနေတဲ့ ဂျင်ပေါ်ကထုံးတွေ ကိုတွေ့ရပါတယ်.... ကျန်တဲ့သာမန်လူကတော့ diamond ဖြစ်ဖို့အရမ်းဝေးကွာလွန်းပါတယ်.....
ညီမ mlm လုပ်မယ်ဆိုရင်ကုမ္ပဏီစွဲမထားပဲ ကိုယ့် network ပဲအရေးထားပါ....
"ကုမ္ပဏီကိုတော့အာမမခံဘူး... ကောင်းမယ်ယုံကြည်ရမယ်ထင်လို့ စီးပွားရေးတူတူလက်တွဲတာသာဖြစ်တယ်.... ကုမ္ပဏီမကောင်းရင်အတူတူပြောင်းကြတာပေါ့..... product အားလုံးလည်းအာမမခံဘူး... ငါသုံးဖူးတဲ့ဘယ်ဟာကတော့တကယ်ကောင်းတယ်....(တကယ်ကောင်းရပါမည်).... နင်နဲ့ကိုက်မယ်ထင်ရင်စမ်းသုံးကြည့်လေ...... ကိုယ်တတ်နိုင်တဲ့ပမာဏပဲစမ်းသုံးကြည့်ပါ.... အရမ်းငွေကုန်ကြေးကျမခံနဲ့...." စသည့် မယုတ်မလွန်သဘောဆောင်၍သာ ဖိတ်ခေါ်သင့်ပါသည်..... သို့မှသာ အကယ်၍ကုမ္ပဏီဘတ်ပြီးပြေးပါ ကိုယ်နှင့်မိတ်မပျက်ဘဲဆက်လက်ပေါင်းသင်းနိုင်ပါမည်... mlm ထပ်လုပ်ချင်ပါကလည်းအဖွဲ့လိုက် ကုမ္ပဏီအသစ်ထပ်ဝင်နိုင်ပါမည်...
မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါစေဗျာ.... :-) :-)
#M03H31N
https://www.facebook.com/groups/myanmarmlmtruth/permalink/620234931502996/

Moe Hein