Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, May 9, 2017

Lucky time MLM company က က ဓာတ်စာတွေကို လေဖြတ်တာပျောက်တယ်လို့ပြောပြီးဆေး လိမ်ရောင်း



ကျနော် က မကွေးတိုင်း တောင်တွင်းကြီးမြို့ ရဲ့ ရွာလေးတရွာကပါ MLM ရဲ့ ဒါဏ်ကို ကျနော့ ရွာသားတွေ ခံလိုက်ရပါတယ် လေဖြတ်တဲ့ ရောဂါပျောက်တယ်လို့ LUCKY ဒိုင်း ( ဒိုင်းတော့ ဘိုဒိုင်းလဲ မသိဘူး ) နဲ့ ချိတ် ဆေးတွေ လက်ငင်းဝယ် လူနာကို မပျောက်ရင် မပေးနဲ့လို့ ပြောပြီးကုတယ် တကယ်လဲ မပျောက်ရော လူနာက မပေးဘူး တာဝန်ရှိတဲ့ လူတွေက လေတလုံးမိုးတလုံးပြောတော့ ဘုမသိ ဘမသိ တောသူတောင်သားတွေက ယုံတာပေါ့ တလ လစာ ၇ သိန်းပေးမယ် ဘာညာဆိုပြီး စည်းရုံးတာ အ့ သူဒေါင်းစားတွေ တကယ်လဲ သူတို့ပြောတဲ့ အတိုင်း မပျောက်ရော ဟိုလိုလိုဒီလိုလိုလှည့်ပတ်ပြောတာ ရှိသေးတယ် ဇူလီယံ ဆိုလားဘဲ ငယ်သူငယ်ချင်းတယောက်အ့မှ ရှိနေတယ် ဒီကောင်က သူ့အလုပ်က ဘာညာပေါ့ ဂျပန်ဒေ ကိုရီးယားတွေတော့ လွှတ်တယ် ဗျ အ့ကောင် ကို မကောင်းတတ်လွန်းလို့ ဘာမှ မပြောခဲ့ပါဘူး ဟူး ဒီ company တွေကို လူစုပြီး ဝိုင်းရိုက် ဒါမှ မဟုတ် တရားစွဲ တခုခုတော့ လုပ်သင့်တယ် ဗျို့  MlM တွေကို တခုခုလုပ်မယ်ဆို လက်တို့ပါ ခင်ဗျာ မသိနားမလည်တဲ့ ဆင်ရဲသား တောသူတောင်သူတောင်သားတွေကို လုပ်ရက်လွန်းတဲ့ အ့ ဒဒေါင်းစား တွေကို ဗျင်းချင်နေတာ ကြာနေပြီ ထိုင်းနိုင်ငံမှာလဲ ရှိတယ် ဗျ သွားကြည့်လိုက်ရင် ဗမာတွေ တိုင်းရင်းသားတွေ မသိနားမလည်တဲ့ သူတွေဘဲ ရှိတယ် တကယ် တချို့က တကယ် နားမလည်လို့ တချို့က ဘယ်လိုရှင်းပြရှင်းပြ လက်ကို မခံတာ တချို့က ခံနေရမှန်း သိပေမဲ့ ကိုယ် ကုန်ထားတာလေး ပြန်ရလိုရညား ဆက်လုပ်နေတာ ဟူး ဒါနဲ့ စကားမစပ် ကျနော့ ရွာက လူတွေ လစာရတယ်ဗျ တလ 3000 ( သုံးထောင်ကျပ် ) လေတယ် တကယ် အ့ ပိုက်ဆံလဲ မယူတော့ဘူး တဲ့ ရွာလာရင်လဲ အ့ကောင်တွေ အသတ်ဘဲ လို့ ကြိမ်းထားတယ်တဲ့ ခိုင်းနွားလေး ရောင်းပြီး အ့ဒိ အကြွေးတွေ ဆပ်လိုက်ရတယ်တဲ့ ဟူး ကျနော်လဲ တကယ် မသိခဲ့ဘူး အ့ MlM တွေရွာထဲ ဝင်လာတာ ဒီတခါလာခဲ့ရင် ဝိုင်းရိုက်မယ် အ့ ခွေးဒဒေါင်းစားတွေ ကို