Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, May 9, 2017

ဘယ်လို MLM Companies ကို ဝင်လုပ်သင့်လဲ ?


 Zin Zae Lwin's Profile Photo, No automatic alt text available.
ဘယ်လို MLM Companies ကို ဝင်လုပ်သင့်လဲ ?
========================
MLM စနစ်မှာကိုက နဂို အားနည်းချက်ရှိနေတော့
ဝင်လုပ်တဲ့လူ အနည်းဆုံး ၇၀% - ၉၀ % က အရှုံးပြနေမှာပဲ ။
ဒီတော့ ကိုယ့်ကြောင့် သူတပါး မနစ်နာစေချင်တဲ့ လူတွေအနေနဲ့
MLM ကို လုပ်ကို မလုပ်သင့်ဘူး ။ ရှင်းလား ?
နိုင်ငံတကာမှာ MLM လုပ်နေတယ်ဆိုတာ အင်အားကောင်းကောင်းနဲ့ လော်ဘီ လုပ်သွားလို့
လွှတ်ပေးထားရတာ ။ ဒါပေမယ့် စည်းကမ်းတွေ ထုတ်ပေးထားတယ် ။
ခက်တာက အဲ့ဒီ စည်းကမ်းတွေကို တကယ်တမ်း ဘယ် MLM Company မှ
သေချာ လိုက်နာ ကျင့်သုံးတာလည်း မဟုတ်ဘူး ။
( စည်းကမ်းတွေကို လက်တစ်လုံးခြား ကစားနေကြတာ များတယ် ။ )
ဒီ တော့ ဘယ်လို MLM Companies မှာ ဝင်လုပ်သင့်လဲ ...
လူများစုကို မနစ်နာစေချင်တဲ့ MLM Company ဟာ ဘယ်လို လည်ပတ်သင့်လဲ ဆိုတာကို
( စိတ်ကူးယဉ်ပြီး ) ပြောကြည့်ရမယ် ဆိုရင် ...
၁။ အသင်းဝင်ကြေး / စာအုပ်စာတမ်း ကြေး / Website အသုံးပြုခ ဘာမှ မကောက်ခံရဘူး ။
၂။ ငွေရေးကြေးရေး နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုပါလာမယ်ဆိုရင်
ထုတ်ကုန် ရောင်းချတာနဲ့ ဆွဲဆောင်တာမဟုတ်ပဲ
ငွေရေးကြေးရေး နဲ့ ပတ်သက်ပြီး ဆွဲဆောင်ဈေးကွက်ဖောက်တာမျိုး လုပ်မယ်ဆိုရင်
တစ်ခုခု အမှားအယွင်းတွေ ဖြစ်လာရင် လျော်ပေးနိုင်ဖို့
Company ဘက်က အနည်းဆုံး သိန်း ၂ သောင်း
အစိုးရကို တင်ပေးထားရမယ် ။
အသင်းဝင် အရေအတွက် တိုးလာရင် တိုးလာသလို /
ငွေလည်ပတ်မှု များလာရင် များလာသလို
အဲ့ဒီ စဘော်ငွေကို တိုးပြီး ပေးထားရမယ် ။
၃။ ပစ္စည်း နဲ့ ပတ်သက်လို့ရော / အကျိုးခံစားခွင့် နဲ့ ပတ်သက်လို့ရော
မဖြစ်နိုင်တာတွေ မက်လုံးပေးပြီး မပြောရဘူး ။
Company က တရားဝင် ထုတ်ပြန်ထားတာကိုပဲ ပြောရမယ် ။
လူဟောင်းက လူသစ်တစ်ယောက်ကို အဲ့လို မှန်မှန်ကန်ကန် ပြောပြီး ခေါ်လာတာ ဟုတ်မဟုတ်
Company က အရင် လူတွေ့စစ်ဆေးပြီးမှ
အသင်းဝင်ခွင့်ကို လက်ခံရမယ် ။
၎။ လုပ်သက်အလိုက် ရာထူးအလိုက် လူအင်အားအလိုက်
ဘယ်သူတွေက ဘယ်လောက်လောက် ရနေပါတယ် ဆိုတာ တရားဝင် ထုတ်ပြန်ပေးရမယ် ။
( ကိုယ် စားလှယ် နာမည် မပါလည်း ရတယ် ။ ပါရင်တော့ ပိုကောင်းတာပေါ့ ။
အခွန်ကိစ္စပါ ပိုအဆင်ပြေသွားမယ် ။)
၅။ လက်ရှိ မှာ အသင်းဝင် အင်အား ဘယ်လောက်ရှိနေပြီ ဆိုတာ
အချိန်နဲ့ တပြေးညီ အမြဲ တရားဝင် ထုတ်ပြန်ပေးရမယ် ။
( ဒါမှ နောက်ဝင်မယ့်လူတွေက ကိုယ့် အတွက်
ဈေးကွက် ဘယ်လောက်ပဲ ကျန်နိုင်တယ် ဆိုတာမှန်းဆလို့ရမယ် )
၆။ ကုန် ပစ္စည်း တွေကို ပြင်ပဈေးကွက်သို့ အမှန်တကယ် ရောင်းချခြင်းကနေပဲ ဆုကြေးပေးရမယ် ။
လူဆွယ်လို့ / အောက်လူ ကို မလှိမ့်တပတ်နဲ့ မှိုင်းသွင်းပြီး ဝယ်သုံးခိုင်းလို့ရတဲ့ ဆုကြေးမျိုးတွေ မပေးရဘူး ။
( ဒီ အချက်ကို ပါးစပ်ဖျားကနေပဲ လိုက်နာချင်ယောင်ဆောင်နေတာ /
မလှိမ့်တပတ်လုပ်နေတာကို ကာကွယ်နိုင်ဖို့အတွက်
ကိုယ်စားလှယ်တိုင်းဟာ ကုန် ပစ္စည်း တွေကို ပြင်ပဈေးကွက်ကို
အနည်းဆုံး ၇၀% ရောင်းချထားပါတယ် ဆိုတဲ့ သက်သေ ရှိရမယ် ။
ရောင်းချတိုင်း ဘောင်ချာ သေချာဖြတ်ပေါ့ ။ အဲ့လို သက်သေ သေချာမပြနိုင်ရင်
ဘာ ဆုကြေးမှ Company က မထုတ်ပေးရဘူး ။ )
၇။ အစိုးရဘက်ကလည်း MLM Company တစ်ခုဟာ
ပြင်ပဈေးကွက်ကို အမှန်တကယ်ရောင်းချဝန်ဆောင်မှုမပေးပဲ
အသင်းဝင် အချင်းချင်း အောက်လူတွေရဲ့ ဝယ်အားအပေါ်ကနေ
အပေါ်လူတွေကို အကျိုးခံစားခွင့်ပေးနေတဲ့ Pyramid Scheme ပုံစံ ဖြစ်မဖြစ်ကို စောင့်ကြည့်ရမယ် ။
ပြင်ပဈေးကွက်ကို မဖြစ်မနေ ရောင်းချရမယ့် ရာခိုင်နှုန်း တစ်ခု
( အနည်းဆုံး ၅၀ - ၇၀% ) သတ်မှတ်ပေးရမယ် ။
မလိုက်နာတဲ့ Company ကို အရေးယူရမယ် ။
၈။ Company ဘက်က ပေးတဲ့ အကျိုး ခံစားခွင့်ဟာ
တကယ် စားသုံးသူနဲ့ တိုက်ရိုက်ထိတွေ့ရောင်းချပေးရတဲ့ ကိုယ်စားလှယ်တွေကို အများဆုံးပေးရမယ် ။
အပေါ်ကနေ လူခေါ် ပြီး / လေ့ကျင့်ပေးပြီး ထိုင်စားမယ့် ကိုယ်စားလှယ်တွေကို
အကျိုးခံစားခွင့် ရာခိုင်နှုန်း လျှော့ပေးထားရမယ် ။
ဥပမာ - ကိုယ်စားလှယ်အားလုံးကို ၆၀% ပေးမယ်ဆိုရင်
တကယ် ရောင်းချသူ ကို အနည်းဆုံး ၄၀% ပေးရမယ် ။
သူ့ အပေါ် အဆင့်ဆင့် ကို ၂၀% ထက် ပို မပေးရဘူး ။
ဒါမှ အောက်လူက လုပ်ရတာ အဆင်ပြေမှာ ။
( အသင်းဝင်ကြေး နဲ့ လက်လီဈေး အဟ ကို ခွါပေးထားတာဟာ
ပစ္စည်းတွေကို ပြင်ပဈေးကွက်ရောက်တဲ့ အခါ ပိုပြီး မလိုအပ်ပဲ ဈေးထပ်ကြီးစေတယ် ။
ဒါကြောင့် အဲ့ဒီ မလှိမ့်တပတ် စနစ်ကို ဖျောက်ပစ်ရမယ် )
၉။ MLM Company ကို လုပ်ငန်းလုပ်ဖို့လာတဲ့ လူ နဲ့
ပစ္စည်း ဝယ်သုံးဖို့ လာတဲ့လူ သက်သက်စီကို ခွဲထုတ်ရမယ် ။
စာရင်းခွဲသွင်းရမယ် ။
ပစ္စည်း ဝယ်သုံးဖို့ လာတဲ့လူ ကို လျှော့ဈေး များများ တခါတည်း ပေးထားရမယ် ။
( လုပ်ငန်း လုပ်တော့မယ် ဆိုရင် အဲ့ဒီ လျှော့ဈေး များများ ကို ခံစားခွင့် ရပ်ရမယ် )
လုပ်ငန်းလုပ်ဖို့လာတဲ့ လူကို ပေးတဲ့ အကျိုးခံစားခွင့် အတိုင်း ပြန်စရမယ် ။
ဒါမှ ဒီ လုပ်ငန်းမှာ ဝင်လုပ်သူ ဘယ် % လောက်ပဲ
အဆင်ပြေတယ် အောင်မြင်တယ်ဆိုတာ အတိအကျ တွက်လို့ရမယ် ။
( မဟုတ်ရင် မအောင်မြင်တဲ့လူတွေက
ပစ္စည်း ဝယ်သုံးဖို့ သက်သက် လာတဲ့လူတွေပါဆိုပြီး လွှဲချနေကြတာ ။ )
၁၀။ တကယ်ရောင်းအားရှိနေပေမယ့် Compensation/Marketing Plan ရဲ့ လှည့်ကွက်တွေကြောင့်
အကျိုးခံစားခွင့်မရလိုက်တာမျိုး မရှိရအောင် မျှတတဲ့ အကျိုးခံစားခွင့် ပုံစံထားရမယ် ။
( ဘာမှ မလုပ်ပဲ လူဆွယ်ပြီး ထိုင်စားဖို့ အဆင်ပြေအောင် မက်လုံးပေးတဲ့ အကျိုးခံစားခွင့် ပုံစံမျိုးကို ပြောင်းပစ်ရမယ် )
ဥပမာ - Binary Compensation plan စနစ်မှာ သုံးတဲ့
ဘယ်ညာ ညီအောင် လုပ်ပြီးမှ ခံစားခွင့်ပေးတယ်ဆိုတာမျိုး ကို ပြောင်းပစ်ရမယ် ။
Binary စနစ်မှာ သုံးတဲ့ ဘယ်ဘက် အသင်းက သိန်း ၁၀၀ ဖိုး ရောင်းရပြီး
ညာဘက် အသင်းက တစ်ပြားဖိုးမှ မရောင်းရရင်
အကျိုးခံစားခွင့် လုံးဝ မရတာမျိုး ဟာ မဖြစ်သင့်ဘူး ။
( တခြား Matching / Leadership Bonus တွေ ဘာတွေ ခဏထား ။
လက်ရှိ အဲ့လို ဖြစ်နေတာကိုက အဆင်မပြေဘူး ။ မတရားဘူး ။ )
ကဲ ဒါတွေက အမြန် ရေးချလိုက်တာပဲ ။ ( နောက်ထပ် ကျန်သေးတယ် )
အခု ရေးထားသလောက်ကိုပဲ လိုက်နာနိုင်တဲ့ /
လိုက်နာနေတဲ့ MLM Company ရှိရင် ပြောလေ ။
#ကိုဇင်ဇေ
#AntiMLM
#AntiPyramidSchems
Admin @ MLM Companies များကြောင့် နစ်နာခဲ့သူများ နှင့် MLM စနစ်ကို ဆန့်ကျင်သူများ
https://www.facebook.com/groups/myanmarmlmtruth/permalink/635118180014671/