Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, May 9, 2017

ကျနော် MLM ကုမ္ပဏီတစ်ခုရဲ့ မိတ်ဆက်ပွဲလေး တစ်ခု နှစ်ခါ သုံးခါ လောက်တတ်ဖူးပါတယ်။


 Zin Zae Lwin's Profile Photo, No automatic alt text available.
ကျနော် MLM ကုမ္ပဏီတစ်ခုရဲ့ မိတ်ဆက်ပွဲလေး
တစ်ခု နှစ်ခါ သုံးခါ လောက်တတ်ဖူးပါတယ်။
အမှတ်ရတာလေးတစ်ခုပြောပါရစေ။
နယ် Leader တစ်ယောက်စင်ပေါ်တတ်ပြောတဲ့
ကိုယ့်တွေ့အကြောင်းလေးပါ။
ကျမကတော့ ဘယ်တိုင်းဘယ်ပြည်နယ်က
ဘယ်မြို့ ဘယ်ရွာကပါ။
လွန်ခဲ့သော ငါးနှစ်လောက်က ကျမ စင်ကာပူမှာ
ဘာအလုပ်ညာအလုပ် လုပ်ပါတယ်။
လစာအတော်အသင့်ကောင်းပေမဲ့ ကျမကျန်းမာရေး
အခြေအနေကြောင့် မြန်မာပြည်ပြန်လာခဲ့ရတယ်။
စိတ်ဓာတ်တွေ အကြီးအကျယ်ကျခဲ့ရတယ်။
အဲ့လိုဖြစ်သလိုနေလာရင်း စီးပွားရေးတစ်ခုခုလုပ်မယ်
ဆိုပြီး အတွင်းပစ္စည်းတွေ ရောင်းချပြီး ရပ်ကွက်ထဲ
ဆေးဆိုင်လေး တစ်ဆိုင်ဖွင့်ဖြစ်ခဲ့တယ်။
အစပိုင်းရောင်းကောင်းပေမဲ့ နောက်ပိုင်း ဆိုင်ခန်းခ
မီတာခ စားစရိတ် နေစရိတ် တွေနဲ့ အရှုံးပေါ်ပြီး
ကျမဆိုင်လေး ပိတ်လိုက်ရတယ်။
ဒုတိယအကြိမ် စိတ်ဓာတ်တွေ ကျခဲ့ရပါတယ်။
အဲ့လိုနဲ့ ကျမ မိတ်ဆွေတစ်ယောက်နဲ့ လမ်းမှာတွေ့ရင်
အရင်းအနှီးနည်းနည်းနဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း
လုပ်ကိုင်လို့ရတဲ့အကြောင်း မိတ်ဆက်လာပါတယ်။
အစကတော့ ကျမလဲ မယုံကြည်ခဲ့ပါဘူး။
နောက်ပိုင်း မိတ်ဆက်ပွဲတွေ Meetingတွေ တတ်ပြီး
လေ့လာကြည့်တော့မှ ဒီလုပ်ငန်းရဲ့ကောင်းကွက်တွေ
မြင်လာပါတယ်။အဲ့လိုနဲ့မန်ဘာဝင်ဖြစ်ခဲ့ပြီး အထက်က
ဆရာ ဆရာမတွေ သင်ကြားမှုကြောင့် ကျမဟာ အခုလို
အောင်မြင်တဲ့ကိုယ်ပိုင်စီးပွားရေးသမားတစ်ယောက်
ဖြစ်လာပါတယ်။အမြဲတမ်းချူချာတဲ့ ကျမကျန်းမာရေး
ဟာ ဒီကုမ္ပဏီရဲ့ ဓာတ်စာတွေ စားသုံးပြီးနောက်
အခုလို ဒေါင်းဒေါင်းမြည် ကျန်းမာနေတာပါပဲ။
ကျမ တစ်သက်မျှော်မှန်းမထားတဲ့ ဝင်ငွေနဲ့ အားလပ်ချိန်
တွေကကို ဒီလုပ်ငန်းကနေရရှိအောင် မိတ်ဆက်ပေးတဲ့
ကျမရဲ့Upline မအဟွာကို အထူးပဲကျေးဇူးတင်ပါတယ်
အစစအရာရာ မိသားစုသဖွယ် ကူညီဖေးမ သင်ပြပေး
တဲ့ ကျမ Upline အပေါင်းကိုလဲ ကျေးဇူးတင်ပါတယ်
အခုလို အလွန်ကောင်းမွန်မြင့်မြတ်လှတဲ့ ဒီကုမ္ပဏီကို
မြန်မာပြည်ခေါ်ဆောင်လာပေးတဲ့ ဆရာဟိုဒင်း ကိုလဲ
အထူးပဲကျေးဇူးတင်ပါတယ်။👏👏👏👏👏👏
ကိုယ့်တွေလဲ သူများတီးတော့ လိုက်တီးတာပေါ့။
မတီးရင် ကိုယ်ကို ကွက်ကြည့်ကွက်ကြည့် လုပ်ခံရမှာ။
အဲ့တစ်ယောက်ဆင်းသွားတဲ့အချိန်မှာ စကားသံတွေ
ဝေါဝေါနဲ့ဆူညံသွားရော။စပ်စုကြည့်တော့ အစုအစု
လေးတွေ ကိုယ်စီမှာ ခေါ်လာတဲ့ ခေါင်းဆောင်ငယ်
လေးတွေက သေချာပြန်ရှင်းပြနေကြတယ်။
ကိုယ်တွေလဲ အိမ်သာတတ်မယ်ပြောပြီး လစ်တာပေါ့။အပြင်မှာလဲ အစုအစုလေးတွေ ကိုယ်စီနဲ့။
အိမ်ပြန်ရောက်တော့ စဉ်းစားပြီလေး သူဌေးဖြစ်ပြီး
အောင်မြင်တော့မယ်လေး။ညတောင်အိပ်မပေါ်ဘူး။
😁😁😁အခုပြန်စဉ်းစားတော့မှ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကိုတောင် အောင်မြင်အောင်မစီမံ မခန့်ခွဲနိုင်ပဲ
အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီလား။
အခုကျနော်ကိုလာပြောကြည့် Ha Ha ပဲရမယ်။
😂😂😂
မှတ်ချက်***မှတ်မိသလောက်ကိုကျနော်စာသားထပ်
ဖြည့်ထားပါတယ်။


https://www.facebook.com/groups/myanmarmlmtruth/permalink/634763460050143/
 Thu Ya Aung