Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, May 9, 2017

Multi-level Marketing နဲ႔ ပက္သက္လုိ႔ ရိုးရာေလး အျမင္


 Image may contain: 1 person
Multi-level Marketing နဲ႔ ပက္သက္လုိ႔ ရိုးရာေလး အျမင္

ရိုးရာေလးကို စာပုိ႔ျပီးေတာ့ ေမးလာသူမ်ား ရွိပါတယ္။ ဒီေတာ့ ရိုးရာေလးမွ ေအာင္ခမ္းရဲ႕ ထင္ျမင္ခ်က္ကို ေျပာပါရေစ…
Multi-level marketing ဟာ ကုန္ပစၥည္း တစ္ခုေရာင္းထြက္ရန္ အဆင့္ဆင့္ တြန္းအားေပးျပီး ေရာင္းခ်တဲ့ စနစ္ တစ္ခုလို႔သာ ျမင္မိပါတယ္။ ယင္း အလုပ္ကို မလုပ္ခင္ အရင္ဆံုး စဥ္းစား စရာ အခ်က္ သံုးခ်က္ ရွိပါတယ္။
၁) ေစ်းႏွုန္း သက္သာမွု ရွိမရွိ
ေစ်းႏွုန္းအားျဖင့္ သိန္းဂဏန္းနဲ႔ ေခါင္ခိုက္ေနေအာင္ ၾကီးေနတဲ့ ေဆးမ်ားကို ထိုးေရာင္းသူမ်ား ရွိပါတယ္။ ဒါဟာ ျမန္မာျပည္ ေစ်းကြက္နဲ႔ အဆင္ကို မေျပပါဘူး။ တစ္ရက္ ဝင္ေငြ ျမန္မာက်ပ္ေငြ တစ္ေထာင္ေတာင္ မနညး္ၾကိဳးစားယူေနၾကရတဲ့ ပတ္ဝန္းက်င္မွာ သိန္းဂဏန္း၊ ေသာင္းဂဏန္း ေဆးမ်ားဟာ မသင့္ေလ်ာ္ပါ။
၂) အရည္အေသြး ေကာင္းမြန္ စိတ္ခ်ရမွု ရွိမရွိ
စားသံုးသူအတြက္ ဒီ ေဆးဟာ ကုန္ပစၥည္းဟာ တကယ္ ေကာင္းက်ိဳးေပးမေပး သက္ေရာက္္မွု ရွိမရွိဆုိတဲ့အခ်က္လည္း ရွိပါေသးတယ္။ အသက္ ၅၀ အရြယ္ကို ၂၀ အရြယ္လို လွေစရမယ္ဆုိရင္ ပလက္စတစ္ ဆာဂ်ရီနဲ႔ေတာ့ ျဖစ္ႏုိင္ပါတယ္။ ကင္ဆာကို အျမစ္ပ်က္ေအာင္ ျဖတ္ႏိုင္တယ္လို႔၊ ဘာေရာဂါကို အျမစ္ေပ်ာက္ေစႏိုင္တယ္တုိ႔ဆုိတာ အခ်ိဳ႕ဟာ မွန္ေကာင္းမွန္ေပမယ့္ အခ်ိ႕ဟာ မွန္ခ်င္မွ မွန္ပါလိမ့္မယ္။ ေဆးနဲ႔ ပက္သက္ျပီးေတာ့ မိမိအတြက္ စိတ္ခ်ရတဲ့ ဆရာဝန္၊ ေဆးရံုညြန္ၾကားခ်က္ျဖင့္သာ ေသာက္သံုးသင့္ပါတယ္။
၃) ေစ်းကြက္တြင္ အသံုးျပဳခ်င္စိတ္ ရွိမရွိ
ေစ်းကြက္မွာ အသံုးျပဳခ်င္စိတ္ မရွိတဲ့ ကုန္ပစၥည္းကို ထုိးေရာင္းေနရင္ အလကားပါပဲ။ အခ်ို႕က ေစ်းၾကီးတယ္။ အရည္အေသြးကလည္း အဲ့ေလာက္ မဟုတ္ဘူး။ ဒါေပမယ့္ ေစ်းကြက္မွာ စြဲေဆာင္မွု ရွိလို႔ သံုးၾက ပါတယ္။ အသံုးျပဳခ်င္စိတ္ မရွိတဲ့ ပစၥည္းကို မထိုးေရာင္းသင့္ပါဘူး။
Strategy First Institute မွ ေက်ာင္းအုပ္ၾကီး ဆရာ ဦးေအာင္ခ်စ္ခင္၏ မွတ္ခ်က္ -
"ပိရမစ္ပံုစံ လူစုတဲ့ MLM စနစ္က ေရရွည္ရပ္တည္လုိ႔ မရတဲ့ စီးပြားေရးပံုစံျဖစ္ပါတယ္။
သာမန္ ေစ်းကြက္စီးပြားေရးစနစ္မွာလည္း ပိရမစ္ပုံစံ လက္လီလက္ကားသမား အဆင့္ဆင့္၀ယ္ၿပီး ျပန္ေရာင္းၾကပါတယ္။ ဒါေပမယ့္ အားလံုးက ေနာက္ဆံုးစားသံုးသူေတြရဲ႕ ႏွစ္သက္စြာ သံုးစြဲမႈကုိ ဦးတည္ၿပီး ေဆာင္ရြက္ၾကတာျဖစ္ပါတယ္။ ထုတ္လုပ္သူ၊ ျပန္လည္ေရာင္းခ်သူ အဆင့္ဆင့္ တာ၀န္ယူၾကရၿပီး - ေနာက္ဆံုး စားသံုးသူေတြကုိပါ တာ၀န္ယူရပါတယ္။ ထုတ္လုပ္မႈေတြ၊ ေရာင္းခ်မႈေတြရဲ႕ အဆံုးသတ္မွာ စားသံုးျခင္း၊ အသံုးျပဳျခင္းနဲ႔ အဆံုးသတ္ပါတယ္။ ဒါဟာ ဟန္ခ်က္ညီၿပီး ေရရွည္အဆင္ေျပတဲ့ စီးပြားေရးပံုစံပါ။
MLM မွာ အားလံုးရဲ႕ ရည္ရြယ္ခ်က္က Member ရရွိေရးျဖစ္ပါတယ္။ MLM ဟာ တာ၀န္မယူ၊ အေျခမျငိမ္၊ အဆံုးမရွိတဲ့ ပိရမစ္ျဖစ္ပါတယ္။ စားသံုးသူ စိတ္ေက်နပ္ေရးကုိ ဦးတည္သြားတာမဟုတ္ပါဘူး။
Parcel Game ကစားၾကသလုိ ငါ့လက္ကလြတ္ ျဗြတ္ ဆုိၿပီး ေနာက္တစ္ဆင့္ကုိ တြန္းထိုးေရာင္းၾကပါတယ္။ ကုိယ့္ေပၚပိလာတဲ့ ဝန္ကုိ ေနာက္ခံေပးမယ့္ တရားခံ ရွာရသလုိျဖစ္ပါတယ္။ ပိရမစ္ကုိ စတဲ့ အေပၚကလူေတြက အဆင္ေျပခ်မ္းသာေပမယ့္ ေအာက္ေရာက္ေလ Member ရွာမရလုိ႔ ၀န္ပိေလ၊ ဒုကၡေရာက္ေလပါပဲ။ တျခားေရာင္းမရေတာ့ ကိုယ့္ကုိ ယံုၾကည္တဲ့ ကုိယ့္မိတ္ေဆြ၊ ေဆြမ်ဳိးအသိုင္းအပိုင္းေတြကုိ ဆြဲထည့္မိ၊ ဒုကၡေတြေပးမိတတ္ပါတယ္။ မ၀ယ္ဝယ္ေအာင္ခ်ဲ႕ကားၿပီး ဆပ္ျပာတစ္ေတာင့္က အရြယ္တင္တာကေန... ကင္ဆာပါေပ်ာက္တယ္ေတြျဖစ္ကုန္ေရာ...
အဲဒါမွ မေရာင္းရရင္ မႀကိဳးစားလုိ႔၊ မေရာင္းတတ္လုိ႔ ဆုိၿပီးပဲ ပိုက္မိတဲ့ လူအျပစ္ျဖစ္လာျပန္ပါေရာ...
လူစံုတဲ့ေနရာေတြမွာ မိတ္ရွာတတ္တာေၾကာင့္ ကၽြန္ေတာ္တုိ႔ေက်ာင္းမွာ MLM ေတြ လက္မခံပါဘူးခင္ဗ်ာ။ ေက်ာင္းတက္ရင္းသိတဲ့လူက ေရာင္းလုိက္လုိ႔ ဒုကၡေရာက္ရတယ္ ဆုိတာ အျဖစ္မခံႏုိင္ပါ”
ရိုးရာေလး မွတ္ခ်က္
ဘယ္စီးပြားေရးပဲ လုပ္လုပ္ လူတိုင္း အျမတ္ရခ်င္တာ မွန္ပါတယ္။ ဒါေပမယ့္ လက္ရွိ ျမန္မာျပည္တြင္ MLM လုပ္သူ အမ်ားစုဟာ သာမန္လူတို႔ အျမတ္ရခ်င္စိတ္ထက္ ပိုျပီးေတာ့ Hungry ျဖစ္တာကို ေလ့လာ ေတြ႔ရွိပါတယ္။ အတၱနဲ႔ ပရ ညီမွ စီးပြားေရး တစ္ခုဟာ ေအာင္ျမင္ပါလိမ့္မယ္။ ကိုယ္က်ိဳးအတြက္တစ္ခုတင္ မကပဲ ကိုယ့္ေၾကာင္း သူတစ္ဖက္သာ ေကာင္းက်ိဳး ျဖစ္ထြန္းမွသာ မွန္ကန္ေသာ သမာအာဇီဝ နည္းျဖင့္ စီးပြားေရးရွာျခင္းလုိ႔ ေခၚပါတယ္။
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#article_yyl
www.yoyarlay.com
(Unicode version)
Multi-level Marketing နဲ့ ပက်သက်လို့ အမြင်
ရိုးရာလေးကို စာပို့ပြီးတော့ မေးလာသူများ ရှိပါတယ်။ ဒီတော့ ထင်မြင်ချက်ကို ပြောပါရစေ…
Multi-level marketing ဟာ ကုန်ပစ္စည်း တစ်ခုရောင်းထွက်ရန် အဆင့်ဆင့် တွန်းအားပေးပြီး ရောင်းချတဲ့ စနစ် တစ်ခုလို့သာ မြင်မိပါတယ်။ ယင်း အလုပ်ကို မလုပ်ခင် အရင်ဆုံး စဉ်းစား စရာ အချက် သုံးချက် ရှိပါတယ်။
၁) စျေးနှုန်း သက်သာမှု ရှိမရှိ
စျေးနှုန်းအားဖြင့် သိန်းဂဏန်းနဲ့ ခေါင်ခိုက်နေအောင် ကြီးနေတဲ့ ဆေးများကို ထိုးရောင်းသူများ ရှိပါတယ်။ ဒါဟာ မြန်မာပြည် စျေးကွက်နဲ့ အဆင်ကို မပြေပါဘူး။ တစ်ရက် ဝင်ငွေ မြန်မာကျပ်ငွေ တစ်ထောင်တောင် မနညး်ကြိုးစားယူနေကြရတဲ့ ပတ်ဝန်းကျင်မှာ သိန်းဂဏန်း၊ သောင်းဂဏန်း ဆေးများဟာ မသင့်လျော်ပါ။
၂) အရည်အသွေး ကောင်းမွန် စိတ်ချရမှု ရှိမရှိ
စားသုံးသူအတွက် ဒီ ဆေးဟာ ကုန်ပစ္စည်းဟာ တကယ် ကောင်းကျိုးပေးမပေး သက်ရောက််မှု ရှိမရှိဆိုတဲ့အချက်လည်း ရှိပါသေးတယ်။ အသက် ၅၀ အရွယ်ကို ၂၀ အရွယ်လို လှစေရမယ်ဆိုရင် ပလက်စတစ် ဆာဂျရီနဲ့တော့ ဖြစ်နိုင်ပါဘူး။ ကင်ဆာကို အမြစ်ပျက်အောင် ဖြတ်နိုင်တယ်လို့၊ ဘာရောဂါကို အမြစ်ပျောက်စေနိုင်တယ်တို့ဆိုတာ အချို့ဟာ မှန်ကောင်းမှန်ပေမယ့် အချိ့ဟာ မှန်ချင်မှ မှန်ပါလိမ့်မယ်။ ဆေးနဲ့ ပက်သက်ပြီးတော့ မိမိအတွက် စိတ်ချရတဲ့ ဆရာဝန်၊ ဆေးရုံညွန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်။
၃) စျေးကွက်တွင် အသုံးပြုချင်စိတ် ရှိမရှိ
စျေးကွက်မှာ အသုံးပြုချင်စိတ် မရှိတဲ့ ကုန်ပစ္စည်းကို ထိုးရောင်းနေရင် အလကားပါပဲ။ အချို့က စျေးကြီးတယ်။ အရည်အသွေးကလည်း အဲ့လောက် မဟုတ်ဘူး။ ဒါပေမယ့် စျေးကွက်မှာ စွဲဆောင်မှု ရှိလို့ သုံးကြ ပါတယ်။ အသုံးပြုချင်စိတ် မရှိတဲ့ ပစ္စည်းကို မထိုးရောင်းသင့်ပါဘူး။
Strategy First Institute မှ ကျောင်းအုပ်ကြီး ဆရာ ဦးအောင်ချစ်ခင်၏ မှတ်ချက် -
"ပိရမစ်ပုံစံ လူစုတဲ့ MLM စနစ်က ရေရှည်ရပ်တည်လို့ မရတဲ့ စီးပွားရေးပုံစံဖြစ်ပါတယ်။
သာမန် စျေးကွက်စီးပွားရေးစနစ်မှာလည်း ပိရမစ်ပုံစံ လက်လီလက်ကားသမား အဆင့်ဆင့်ဝယ်ပြီး ပြန်ရောင်းကြပါတယ်။ ဒါပေမယ့် အားလုံးက နောက်ဆုံးစားသုံးသူတွေရဲ့ နှစ်သက်စွာ သုံးစွဲမှုကို ဦးတည်ပြီး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ထုတ်လုပ်သူ၊ ပြန်လည်ရောင်းချသူ အဆင့်ဆင့် တာဝန်ယူကြရပြီး - နောက်ဆုံး စားသုံးသူတွေကိုပါ တာဝန်ယူရပါတယ်။ ထုတ်လုပ်မှုတွေ၊ ရောင်းချမှုတွေရဲ့ အဆုံးသတ်မှာ စားသုံးခြင်း၊ အသုံးပြုခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒါဟာ ဟန်ချက်ညီပြီး ရေရှည်အဆင်ပြေတဲ့ စီးပွားရေးပုံစံပါ။
MLM မှာ အားလုံးရဲ့ ရည်ရွယ်ချက်က Member ရရှိရေးဖြစ်ပါတယ်။ MLM ဟာ တာဝန်မယူ၊ အခြေမငြိမ်၊ အဆုံးမရှိတဲ့ ပိရမစ်ဖြစ်ပါတယ်။ စားသုံးသူ စိတ်ကျေနပ်ရေးကို ဦးတည်သွားတာမဟုတ်ပါဘူး။
Parcel Game ကစားကြသလို ငါ့လက်ကလွတ် ဗြွတ် ဆိုပြီး နောက်တစ်ဆင့်ကို တွန်းထိုးရောင်းကြပါတယ်။ ကိုယ့်ပေါ်ပိလာတဲ့ ဝန်ကို နောက်ခံပေးမယ့် တရားခံ ရှာရသလိုဖြစ်ပါတယ်။ ပိရမစ်ကို စတဲ့ အပေါ်ကလူတွေက အဆင်ပြေချမ်းသာပေမယ့် အောက်ရောက်လေ Member ရှာမရလို့ ဝန်ပိလေ၊ ဒုက္ခရောက်လေပါပဲ။ တခြားရောင်းမရတော့ ကိုယ့်ကို ယုံကြည်တဲ့ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးအသိုင်းအပိုင်းတွေကို ဆွဲထည့်မိ၊ ဒုက္ခတွေပေးမိတတ်ပါတယ်။ မဝယ်ဝယ်အောင်ချဲ့ကားပြီး ဆပ်ပြာတစ်တောင့်က အရွယ်တင်တာကနေ... ကင်ဆာပါပျောက်တယ်တွေဖြစ်ကုန်ရော...
အဲဒါမှ မရောင်းရရင် မကြိုးစားလို့၊ မရောင်းတတ်လို့ ဆိုပြီးပဲ ပိုက်မိတဲ့ လူအပြစ်ဖြစ်လာပြန်ပါရော...
လူစုံတဲ့နေရာတွေမှာ မိတ်ရှာတတ်တာကြောင့် ကျွန်တော်တို့ကျောင်းမှာ MLM တွေ လက်မခံပါဘူးခင်ဗျာ။ ကျောင်းတက်ရင်းသိတဲ့လူက ရောင်းလိုက်လို့ ဒုက္ခရောက်ရတယ် ဆိုတာ အဖြစ်မခံနိုင်ပါ”
ရိုးရာလေး မှတ်ချက်
ဘယ်စီးပွားရေးပဲ လုပ်လုပ် လူတိုင်း အမြတ်ရချင်တာ မှန်ပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာပြည်တွင် MLM လုပ်သူ အများစုဟာ သာမန်လူတို့ အမြတ်ရချင်စိတ်ထက် ပိုပြီးတော့ Hungry ဖြစ်တာကို လေ့လာ တွေ့ရှိပါတယ်။ အတ္တနဲ့ ပရ ညီမှ စီးပွားရေး တစ်ခုဟာ အောင်မြင်ပါလိမ့်မယ်။ ကိုယ်ကျိုးအတွက်တစ်ခုတင် မကပဲ ကိုယ့်ကြောင်း သူတစ်ဖက်သာ ကောင်းကျိုး ဖြစ်ထွန်းမှသာ မှန်ကန်သော သမာအာဇီဝ နည်းဖြင့် စီးပွားရေးရှာခြင်းလို့ ခေါ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
#aungkham_yyl
#article_yyl
https://www.facebook.com/YoYarLay/photos/a.247917771918149.56547.171647766211817/885200668189853/?type=3
Yoyarlay