Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, May 9, 2017

S-Coin အလိမ်အညာလား အစစ်အမှန်လား။


 Image result for s coin
S-Coin
အလိမ်အညာလား အစစ်အမှန်လား။
………………………………………………………………။
Bitcoin နဲ့ အခြား CryptoCurrency တွေ နာမည်ကြီးလာ၊ တန်ဖိုးတက်လာတာနဲ့ အမျှ အတုအပ လိုက်လံ ပြုလုပ်သူတွေလဲ ပေါ်ပေါက်နေကြပါတယ်။ အများစုဟာ CryptoCurrency အကြောင်း နားမလည်ပဲ ရင်းနှီးမြှုပ်နှံချင်သူတွေကို သားကောင်ထားတတ်ကြပါတယ်။ သူတို့ကြောင့် လူတွေ Cryptocurrency လောကတစ်ခုလုံးကို မဝင်ခင်မှာပဲ ကြောက်လန့်သွားစေနိုင်ပါတယ်။ အဲဒီအထဲက အကြီးဆုံး အလိမ်အညာ တစ်ခုကတော့ Ante Keleva တည်ထောင်တဲ့ Coinspace ပါပဲ။
Coinspace ဟာ အလိမ်အညာတစ်ခုဆိုတာကို Bitcoin လောကသားတွေ၊ Cryptocurrency နဲ့ ရင်းနှီးကျွမ်းဝင်သူတွေ အလွယ်တကူ သိရှိနိုင်ပေမယ့် သူတို့ရဲ့ အဓိက ပစ်မှတ်တွေကတော့ မသိနားမလည်သူတွေကိုပါ။ CoinSpace ရဲ့ အလုပ်လုပ်ပုံကို ပြောပြပါမယ်။
အရှင်းဆုံးပြောရရင်တော့ သူတို့ဟာ Binary Member System Pyramid တစ်ခုကို တည်ထောင်နေတာပါပဲ။ သင်ဟာ သူတို့ဆီမှာ Member ဝင်ပြီး သူတို့ကို သင့်အစား Mining လုပ်ခိုင်းထားနိုင်ပါတယ်။အဲဒိ Mining လုပ်တာကနေပြီး SCoin ဆိုတဲ့ Currency တစ်ခုထွက်ရှိလာမှာပါ။ အဲဒီ SCoin ကို သူတို့ပဲ Mining လုပ်လို့ ရနိုင်ပါတယ်။ အဲဒီ သူတို့ပဲ Mining လုပ်ထားတဲ့ SCoin ကို စတင်ဖြန့်ချီတဲ့အခါမှာ အဲဒီ SCoin ဟာ 1 Euro တန်ကြေးရှိမယ်၊ နောက်ပိုင်းကျရင် ဒီထက်ပိုပြီး ဈေးတက်မယ်လို့ သူတို့က ပြောကြပါတယ်။
အဲဒီဟာကို အရှင်းဆုံး ဥပမာပေးရရင်တော့ Coinspace ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ဟာ သူ့ဘာသာ သူ့နာမည်နဲ့ သူ့ပုံနဲ့ ငွေစက္ကူတွေ ရိုက်ထုတ်နေပြီး အဲဒီလို ရိုက်ထုတ်တာကို ပရင်တာ ဝယ်ဖို့ Member ဝင်ခိုင်းပါတယ်။ အဲဒီ Member ဝင်တဲ့သူကို သူရိုက်ထုတ်ထားတဲ့ ငွေစက္ကူတွေ ပေးမှာပါ။ ပိုဆိုးတာက အဲဒီငွေစက္ကူတွေ ရိုက်ထုတ်ပြီးစီးတဲ့အခါမှာ အဲဒီ ငွေစက္ကူတစ်ခုချင်းစီဟာ 1 Euro တန်ဖိုးရှိတယ်လို့ CoinSpace ဆိုတဲ့လူက ပြောနေတာပါ။
Cryptocurrency တွေ ခေတ်စားလာလေလေ၊ အတုအယောင် လိမ်ညာပြီး ခေါင်းပုံဖြတ်သူတွေ များလာလေလေပါပဲ။ အများပြည်သူကို ပြောရရင်တော့ ကျွန်တော်တို့ Cryptocurrency Community တစ်ခုလုံးက Coinspace ကိစ္စ တစ်ခုလုံးကို အတုအယောင်၊ အလိမ်အညာအဖြစ် သတ်မှတ်ပါတယ်။
ဟာကွက်နောက်တစ်ခုပြောရရင် သူတို့ဟာ အဲဒီ SCoin တွေကို ထုတ်လုပ် ပြီးစီးတဲ့အခါ ဝယ်ယူသူတွေထံ Email က ပို့မယ်လို့ ပြောထားခြင်းပါပဲ။ Cryptocurrency မှာ Wallet တစ်ခုကနေ တစ်ခုထံကို Blockchain ပေါ်ကနေ ပို့ရပါတယ်။Email ပေါ်က ပို့တယ်ဆိုတာ ယုတ္တိ မရှိပါဘူး။
special credit to
original posted person.
https://www.facebook.com/groups/myanmarmlmtruth/permalink/634917913368031/