Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, May 9, 2017

လုပ်ငန်း Scam တွေကြောင့် ဒုက္ခရောက်ရသော အလုပ်လိုရှိသူများ



 http://citizensjournal.us/wp-content/uploads/2017/04/Work-at-Home-Scams-e1493353113568.jpg
ကိုဇင်ဇေရေ ကျွန်တော်မသိလို့ မေးပါရစေ။ မနေ့က ကျွန်တော့်အသိညီလေးကို Telecom ကုမ္ပဏီဆိုပြီး သွားလျှောက်ခိုင်းပါတယ်။
သူတို့ပြောတာတွေသည်
၁။ ဖုန်းကုမ္ပဏီမှာ ၁ သိန်းခွဲနဲ့ Member စဝင်ရမယ်။ နောက်ထပ် လူလေးယောက်ရှာရမယ်။ တစ်ယောက်ကို ၁ သိန်းခွဲစီ ထပ်ပြီး Investment လုပ်ရင် မူလလူက တစ်ယောက်ကို ၇ သောင်းခွဲရမယ်။
၂။ နောက်ထပ် အဲ့လေးယောက်က ထပ် Member ရှာရင် ထပ်ပြီးတော့ ပိုက်ဆံရမယ်။
ကျွန်တော်တွေးကြည့်တာ Telecom လို့ပြောရင် ဥပမာ- Huawei, Telenor စသဖြင့် နာမည်ခံထားရမယ်။ အခုဟာက ဘာနာမည်မှ ခံမထားဘူး။
ဒါကိုသံသယဖြစ်မိတယ်။ Product တစ်ခုကိုရောင်းချခိုင်းတော့မယ်ဆိုရင် အဲ့ Product ရဲ့ Specification တွေ၊ Quality တွေ ရှင်းပြရမယ်။ ဘာတစ်ခုမှ ရေရေလည်လည်ရှင်းပြထားတာမတွေ့ဘူး။
ပစ္စည်းတစ်ခုကိုရောင်းချတဲ့အခါ ၅၀% အမြတ်ပေးတယ်ဆိုတာကို ကျွန်တော်မယုံဘူး။ များသောအားဖြင့် ၁% ကနေ ၁၀% လောက်ပဲပေးကြတာ များတယ်။
ဒါ့ကြောင့် ကျွန်တော့်ကို လှမ်းတိုင်ပင်တဲ့ ညီလေးကို ပြန်လာလိုက်တော့လို့ပဲ ပြောလိုက်တော့တယ်။
ထူးခြားချက်တွေက အဲ့မက်လုံးတွေနဲ့ပဲ ဆွယ်သွားပြီး Product ရဲ့ နာမည်၊ Product ထုတ်လုပ်တဲ့နိုင်ငံ ဒါတွေတစ်ခုမှပြောမသွားတာပါပဲ။
ဘယ်လိုမှ မယုံကြည်လို့ မလုပ်ခိုင်းတော့တာ မှန်မယ်လို့ ထင်မိပါတယ်။
ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျာ။

https://www.facebook.com/groups/myanmarmlmtruth/permalink/639978266195329/
 Moe Yan Linn