Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

Anti MLM များသို့ကျေးဇူးတင်လွှာ


 https://1.bp.blogspot.com/-iUtolpwpJC4/V85uVx-kE8I/AAAAAAAABcM/iWyTt_iafuI6PqTP3O54fvsec8fExeaSgCLcB/s1600/no-mlm-300x300.png

MLM Companies တွေကြောင့်
အများပြည်သူ နစ်နာနေရတာတွေကို
လျှော့ချ ပပျောက်ဖို့
အခု အချိန်ထိ
မမောနိုင် မပန်းနိုင်
လူမုန်းခံ အလုပ်ရှုပ်ခံ အချိန်ကုန်ခံပြီး
AntiMLM Campaign မှာ
ပူးပေါင်း ပါဝင်နေကြတဲ့
ညီ အကို မောင်နှမ ဆရာသမားများကို
အားလုံး ကိုယ်စား
ကျေးဇူး အမြဲ တင်နေမိပါတယ် ။

ဆက် တောင့်ခံပေးထားပါ ။
ကျွန်တော်တို့ Campaign က
အတော်လေး ထိရောက်ခဲ့ပါတယ် ။
- မီဒီယာ သတိထားမှု ကြီးကြီးမားမား
တစ်ပြိုင်တည်း ရခဲ့တာ
- လွှတ်တော် ရောက်သွားတာ
- ပြည်ထဲရေးက ခေါ်ယူစစ်ဆေးနေတာ
- ပြည်သူက MLM ဆိုရင်ကို
ရှောင်လာတာ / သတိ အတော်ထားလာကြတာတွေဟာ
ကျွန်တော်တို့ ပဲ လုပ်ခဲ့တာ မဟုတ်ပေမယ့်
ကျွန်တော်တို့ အားတွေ အများကြီး ပါခဲ့မှာပါ ။
( သာမန် MLM တွေ အပြင်
Investment Scams တွေ
Trading Scams တွေကိုပါ
တတ်နိုင်သလောက် ထောက်ပြနိုင်ခဲ့တာ
အပို ဆုတွေပါ ပဲဗျာ )
နောက်ထပ်လည်း ထိထိရောက်ရောက်
ထပ်လုပ်နိုင်တာလေးတွေ စဉ်းစားစီစဉ်နေပါတယ် ။
နွေဘက်မှာ သင်တန်းကိစ္စတွေနဲ့
ကျွန်တော် အလုပ် တအားပိနေလို့
ကြန့်ကြာနေရတာပါ ။
အင်တာနက် သိပ်မသုံးတဲ့ နယ်တွေကို
လက်ကမ်း စာစောင် နဲ့ ခွေတွေ ဝေနိုင်ဖို့
ကိစ္စကို သေချာပေါက် လုပ်မှာပါ ။
လောလောဆယ်တော့ အချက်အလက်တွေကို
လွယ်လွယ်ကူကူ ရှာဖွေ ကိုးကားလို့ရအောင်
Blog မှာ စီစဉ်ပေးထားပါတယ် ။
လိုတာရှိရင် ယူသုံးကြပါဗျာ
🙂
http://www.myanmar-mlmtruth.com
အကြံပေးချင်တာလေး တစ်ခုက
>>>
***Group တွေမှာ MLM လုပ်ဖို့ ဆွယ်တဲ့
posts တွေ တွေ့တဲ့ အခါ
ဖြစ်နိုင်ရင် Group ရဲ့ Admin ကို
အရင် အသိ/သတိပေးတာမျိုးလည်း
လုပ်သင့်ပါတယ် ။
သူတို့ ကသာ Delete/Block လုပ်ပေးမယ်ဆိုရင်
ကျွန်တော်တို့ အချိန်သိပ်မကုန်တော့ဘူးပေါ့ ။
( အခုလည်း အဲ့လို ဖျက်ချပေးနေတဲ့
Group Admins တွေ အများကြီး ရှိပါတယ် ။
သူတို့ကိုလည်း ကျေးဇူး တင်မိပါတယ် ) ***
စေတနာဖြင့်
#ကိုဇင်ဇေ

https://www.facebook.com/groups/myanmarmlmtruth/permalink/652872481572574/
zin zae