Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

ခွင့်ပြုချက်မရှိဘဲ စတော့ရှယ်ယာ ရောင်းဝယ်နေမှုများကို ဥပဒေအရ အရေးယူမည်


 No automatic alt text available.
နောက် တစ်ခါ
ရှယ်ယာ ရောင်းတယ်ဆိုတဲ့ Company တွေ
ပွဲစားတွေက ကိုယ့်ကိုလာဆွယ်တဲ့ အခါ ...
အဲ့လို Company တွေက
အလုပ်ခေါ်စာ ဟန်ပြတင်ပြီး
လူဆွယ်တဲ့ အခါ ...
ဒီ သတင်းလေး ပြလိုက်ပါ
🙂🙂🙂
>>>
ကော်မရှင်၏ ခွင့်ပြု ချက်မရဘဲ အများပြည်သူသို့ စတော့ရှယ်ယာရောင်းချနေသည့် ကုမ္ပဏီများနှင့် ပြည်ပနိုင်ငံများ တွင် စတော့ရှယ်ယာဝယ်ရောင်း လုပ်နေသူများကို မည်သူမဆို တည်ဆဲဥပဒေနှင့်အညီ အရေးယူ မည်ဟု ငွေချေးသက်သေခံလက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင်(SECM) က ဇွန်လ ၁ ရက်၌ ထုတ်ပြန်ကြေညာသည်။
SECM သည် ရန်ကုန်စတော့ အိတ်ချိန်းအပါအ၀င် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းနှင့် အရင်းအနှီးဈေးကွက်တစ်ခုလုံး ကိုကြီးကြပ်ရန် အစိုးရက ဦး ဆောင်ဖွဲ့စည်းထားသည့် အဖွဲ့ အစည်းဖြစ်၍ အများပြည်သူသို့ ရှယ်ယာရောင်းချသည့် မည်သည့် ကုမ္ပဏီများကို မဆို ကြီးကြပ်ရန် တာဝန်နှင့် အခွင့်အာဏာရှိသည်။ SECM သည် ပြည်ပနိုင်ငံများမှ Securities (ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း) ကုမ္ပဏီများ ကို ပြည်တွင်း၌ စတော့ရှယ်ယာ အရောင်းအ၀ယ်ပြုလုပ်ရန် ခွင့်ပြု ထားခြင်းမရှိကြောင်းနှင့် အများ ပြည်သူသို့ ရှယ်ယာရောင်းချမည့် သူများသည်လည်း ကော်မရှင်၏ ခွင့် ပြုချက်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ သည် အဆိုပါအချက်ကို သတိပြု ရန် လိုအပ်ကြောင်း SECM က ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ထိုင်းစတော့ရှယ်ယာကို မြန် မာနိုင်ငံက ၀ယ်ယူနိုင်မည်ဟူ၍ အဖွဲ့တစ်ခုက ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် စတင်ကြေညာခဲ့ပြီး စိတ်ဝင်စားသူများက ဖုန်းဆက် သွယ်မေးမြန်းသည့်အခါ ထိုင်း Securities ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် ဆောင်ရွက်သည်ဟု ဖြေဆိုခဲ့သည်။
စိတ်ဝင်စားသူများကို စု ဆောင်းပြီး ထိုင်းမှ စတော့ရှယ် ယာပညာရှင်က လာရောက်ဟော ပြောမည်ဟုပြောကြားပြီး အဆိုပါ ပုဂ္ဂိုလ်သည် ရန်ကုန်စတော့အိတ် ချိန်းတွင် သင်တန်းပို့ချနေသူဟု ဖုန်းလက်ခံဖြေကြားသူများက ပြောသည်။
အလားတူ ပြည်ပနိုင်ငံများ တွင် စတော့ရှယ်ယာဝယ်ယူနိုင် ရန် ဖုန်းဖြင့် ဆက်သွယ်မှုများရှိ နေသည်။
‘‘ကျွန်တော့်ဆီကို စင်ကာပူ စတော့အိတ်ချိန်းမှာ ရှယ်ယာဝယ် လို့ရတယ်ဆိုပြီး ဖုန်းဆက်တယ်။ ငွေငါးသိန်းရင်းရင် ရမယ်ဆိုပြီး ဆက်လာတယ်။ ကျွန်တော်ပြန် မေးတော့ စင်ကာပူကလို့ ပြော တယ်။ ဖုန်းဆက်မယ်လို့ ပြော တယ်။ အခုထိတော့ ပြန်မဆက် သေးဘူး’’ ဟု တောင်ဥက္ကလာပနေ ဦးအောင်ကျော်မင်းက ပြောကြား သည်။
ဗဟန်းမြို့နယ်နေ အမျိုး သမီးတစ်ဦးက ဟောင်ကောင် စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ် နှံရန် ၎င်းကို ဖုန်းဆက်ပြီး ကမ်း လှမ်းခံရကြောင်း ပြောသည်။ အ ဆိုပါ ကမ်းလှမ်းခဲ့သည့် ဖုန်းနံ ပါတ်များကို ပြန်လည်ဆက်သွယ် သည့်အ ခါ စက်ပိတ်ထားသည်ဟု ပြောကြားခဲ့သည်။
မူရင်း Link >>>
http://www.7daydaily.com/story/98054
https://www.facebook.com/groups/myanmarmlmtruth/permalink/652985978227891/
zin zae