Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Tuesday, June 6, 2017

CoinSpace နဲ့ ပတ်သက်လို့ သတိထားစရာတွေ သိချင်ရင် ဒီ စာတွေ သေချာဖတ်ကြည့်ပါဗျာ ။ >>>


CoinSpace နဲ့ ပတ်သက်လို့ သတိထားစရာတွေ သိချင်ရင်
ဒီ စာတွေ သေချာဖတ်ကြည့်ပါဗျာ ။
>>>
၁။ CoinSpace ဆိုတာ
ဘာမှ ဈေးကွက်မရှိ မခိုင်မာသေးတဲ့
Digital Currency တစ်ခုကို ရင်းနှီးမြှပ်နှံသ လိုလို ဘာလိုလို လုပ်ငန်းပါ ။
အဓိက က MLM လိုပဲ နောက်လူခေါ်ရင်
သူတို့ ဝယ်ရင်းလိုက်တဲ့ ငွေပေါ်ကနေ
ဆုကြေးတွေ အဆင့်ဆင့်ရပါတယ် ။
ဒီကို ဝင်လာတဲ့ အချိန်မှာ ခေါင်းဆောင်တဲ့ Carlos ဆိုတဲ့ လူရော
သူနဲ့တွဲပြီး ထိပ်ပိုင်းက ဝင်လုပ်နေတဲ့ မြန်မာနိုင်ငံကလူတွေရောက
MLM သမားဟောင်းတွေပါ ။
ဝေးဝေးသာ ရှောင်ပါဗျာ ။
နောက်လူတွေကိုလည်း မဝင်ဖြစ်အောင်
အသိပေးပေးသင့်ပါတယ် ။
၂။ MLM နဲ့ Coin Space
===============
သာမန် MLM နဲ့ Coin Space
ကွာတာက သူတို့ coin ဈေးတက်ရင်
( နောက်လူ မခေါ်လည်း )
ကိုယ်က coin ကို ဝယ်ရင်းထားတာမို့ ပြန်ရောင်းရင် အမြတ်ရမယ် ။
( လူ ခေါ်နိုင်ရင် ပိုရမှာပေါ့ )
ခက်တာက သူတို့ coin ဈေးတက်ပါမယ်လို့
ဘယ်သူပြောလဲ ?
ဘယ်လို ယုံရမလဲ ?
ဘာမှ ကျောထောက်နောက်ခံ ကောင်းကောင်း
မရှိဘူးလေ ။
လက်ရှိ အတိုင်းအတာ တစ်ခု အထိ အောင်မြင်နေတဲ့
bitcoin တောင် စိတ်အချရကြီးမဟုတ်တဲ့ဟာ
အခုလို digital currency အသစ်မှာ
ရင်းနှီးမြှုပ်နှံဖို့ကိုတော့ အားမပေးပါဗျာ ။
ကို Thet Paing Tun ရေးတင်ထားတဲ့
ဒီစာကို သေချာသွားဖတ်ရင်လည်း သဘောပေါက်မှာပါ
>>>
Coinspace ဘာလဲ ဘယ်လဲ ။
https://www.facebook.com/thet.p.tun.90/posts/1377699335576909
============
၃။ CoinSpace သမားတွေက သူတို့ Coin ကို
Bitcoin နဲ့ တူသလိုလို ရောချတတ်ပါတယ် ။
ဒီတော့ ဘာတွေ မတူလဲဆိုတာ ဒီ စာစုမှာ
သေချာ သွားလေ့လာကြည့်နိုင်ပါတယ်ဗျာ
>>>
Bitcoin နဲ့ S-coin ( CoinSpace ) ဘာကွာလဲ ?
https://www.facebook.com/groups/myanmarmlmtruth/permalink/596325900560566/
============
၎။ S-Coin အလိမ်အညာလား အစစ်အမှန်လား???
Bitcoin နဲ့ အခြား CryptoCurrency တွေ နာမည်ကြီးလာ၊
တန်ဖိုးတက်လာတာနဲ့ အမျှ အတုအပ လိုက်လံ ပြုလုပ်သူတွေလဲ ပေါ်ပေါက်နေကြပါတယ်။
အများစုဟာ CryptoCurrency အကြောင်း နားမလည်ပဲ
ရင်းနှီးမြှုပ်နှံချင်သူတွေကို သားကောင်ထားတတ်ကြပါတယ်။
သူတို့ကြောင့် လူတွေ Cryptocurrency လောကတစ်ခုလုံးကို
မဝင်ခင်မှာပဲ ကြောက်လန့်သွားစေနိုင်ပါတယ်။
အဲဒီအထဲက အကြီးဆုံး အလိမ်အညာ တစ်ခုကတော့
Ante Keleva တည်ထောင်တဲ့ Coinspace ပါပဲ။
>>> ဆက်လက် ဖတ်ရှုရန် >>>
https://www.facebook.com/MyanmarBitcoin/photos/a.258502007897263.1073741828.258013221279475/258501997897264/?type=3