Developed by Aye Chan Aung & Zin Zae Developed by Aye Chan Aung & Zin Zae

Monday, September 25, 2017

သေခါနီးလူတွေနဲ့ ဈေးကွက်ရှာ



သူများတွေလိုတော့MLM ကိုကျကျနန ထောက်မပြနိုင်ပေမယ့် လက်ရှိမြင်တွေ့နေရတာကတော့ MLM တွေဟာ သေခါနီးလူတွေနဲ့ ဈေးကွက်ရှာနေတယ်လို့မြင်ပါတယ်
ကင်ဆာရောဂါသည်တစ်ယောက် ရောဂါကရင့်နေပီ ဆေးကုသမှူ့ကလည်း မထိရောက်လို့ လက်လျော့ပီး အိမ်မှာပဲထားတဲ့အချိန် သူတို့အတွက်နဲ့ သူတို့မိသားစုအတွက်ကတော့ ကောက်ရိုးလေးတစ်မြှင်ဟာလည်း အားကိုးရာပါပဲ
ကင်ဆာပျောက်တယ်ဆိုလို့ အိုးမီးဖုတ်ဆရာတွေ ပျောက်စေဆရာတွေ ခေါ်ကုတဲ့အပြင် မြွေပွေးသားဆိုလည်း စားကြတာပါပဲ ဆရာခိုဆိုလည်း မြိုချလိုက်ကြရတာပါပဲ မြွေပွေးသည်းခြေဆိုလည်း မြိုကြတာပါပဲ ( အိမ်ကအမေလည်း ရင်သားကင်ဆာလို့ထင်ပီး ရင်သားဖြတ်ပီးတာတောင်မှ မြွေပွေးသားနဲ့သည်းခြေ စားလိုက်ပါသေးတယ်)
ဒီတော့ အပြောကောင်းတဲ့ MLM တွေနဲ့တွေ့တဲ့အခါ သူတို့မှာ ဖြစ်နိုင် မဖြစ်နိုင်စဉ်းစားမနေတော့ပဲ ဝယ်ကြတော့တာပေါ့
မပျောက်လည်း ငါတို့ကုတာပဲ လုပ်ပေးကြတာပဲ သူကံပါသလောက်ပေါ့ဆိုတဲ့ ကျွန်တော်တို့လူမျိုးရဲ့စိတ်နဲ့ သေမယ်ဆိုရင်တောင် တက်စွမ်းသမျှတော့ ကုမယ်ဆိုတဲ့စိတ်ဟာ အသုံးချခံဖြစ်သွားတာပါ
ဒါမို့ MLM ဟာ သေခါနီးလူတစ်ယောက်ရဲ့ မိသားစုတွေကိုအသုံးချပီး အပူစာတွေစားနေတယ်လို့ပဲ မြင်မိပါတယ်
ကင်ဆာတစ်ခုထဲနဲ့ပဲ ဥပမာပေးထားတာပါ အခြားရောဂါတွေလည်း ရှိပါတယ်